ရမှတ် ၂၁ မှတ်အလျှော့ခံရပေမယ့် ဒါဘီကို ဝိန်းရွန်းနီ စွန့်ခွာသွားမည်မဟုတ်

ဒါဘီကောင်တီအသင်းဟာတန်းဆင်းရဖို့သေချာသလောက်အနေအထားမျိုးသို့ရောက်ရှိသွားပေမယ့်ဝိန်းရွန်းနီဟာအသင်းကိုစွန့်ခွာသွားမှာမဟုတ်ပါဘူး။

ဒါဘီကောင်တီဟာ Financial Fair Play စည်းမျဉ်းကိုချိုးဖောက်မှုကြောင့်ရမှတ်၉မှတ်အဖြတ်ခံရန်သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ယင်းသို့အမှတ်လျှော့ခံရန်သဘောတူလိုက်မှုနဲ့အတူဒါဘီဟာချန်ပီယံရှစ်မှာ အနှုတ်၃မှတ်ဖြင့်ရပ်တည်လာရပါတယ်။

ဒါဘီဟာအစောပိုင်းတုန်းကလည်းအသင်းကိုအစိုးရစီမံခန့်ခွဲမှုခံယူမှုကြောင့်ရမှတ်၁၂မှတ်အလျှော့ခံရပြီးဖြစ်ပါတယ်။ဒါကြောင့်၎င်းတို့ဟာစုစုပေါင်းရမှတ်၂၁မှတ်ဖြတ်ခံထားရပြီးလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဒါဘီကောင်တီဟာနောက်ထပ်ရမှတ်၃မှတ်စီအဖြတ်ခံရနိုင်တဲ့အဖြစ်အပျက်နှစ်မျိုးထပ်ကြုံရဦးမယ့်အနေအထားမျိုးမှာလည်းရှိနေပါသေးတယ်။၎င်းတို့ဟာလုပ်ခပေးရန်နောက်ကျမှုနှင့်အခြား Financial Fair Play စည်းမျဉ်းချိုးဖောက်မှုတို့အတွက်အမှတ်လျှော့ခံရနိုင်တာပါ။

ဝိန်းရွန်းနီဟာယခုရာသီတွင်ချန်ပီယံရှစ်ပွဲ၁၇ပွဲတွင်၁၈မှတ်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့်လည်းစုစုပေါင်းရမှတ်၂၁မှတ်အဖြတ်ခံရမှုနဲ့အတူ တန်းဆင်းဇုန်အပြင်မှအသင်းနှင့်ရမှတ်၁၈မှတ်အထိကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိဝိန်းရွန်းနီဟာဒါဘီကောင်တီမှာတန်းဆင်းရဖို့သေချာသလောက်အနေအထားမျိုးတွင်ရှိနေပေမယ့်လည်းအသင်းကိုစွန့်ခွာသွားဦးမှာမဟုတ်သေးဘဲအစွမ်းကုန်ကြိုးစားရန်ဆုံးဖြတ်ထားပါတယ်။

လက်ရှိအချိန်တွင်ဒါဘီကောင်တီကိုခရစ်ကတ်ရှ်နာကဝယ်ယူရန်ကြိုးပမ်းနေသလိုအခြားရင်းနှီးမြှပ်နှံသူများကလည်းဝယ်ယူရန်စိတ်ဝင်စားနေကြပါတယ်။

ZawGyi

ရမွတ္ ၂၁ မွတ္အေလွ်ာ့ခံရေပမယ့္ ဒါဘီကို ဝိန္း႐ြန္းနီ စြန႔္ခြာသြားမည္မဟုတ္

ဒါဘီေကာင္တီအသင္းဟာတန္းဆင္းရဖို႔ေသခ်ာသေလာက္အေနအထားမ်ိဳးသို႔ေရာက္ရွိသြားေပမယ့္ဝိန္း႐ြန္းနီဟာအသင္းကိုစြန႔္ခြာသြားမွာမဟုတ္ပါဘူး။

ဒါဘီေကာင္တီဟာ Financial Fair Play စည္းမ်ဥ္းကိုခ်ိဳးေဖာက္မႈေၾကာင့္ရမွတ္၉မွတ္အျဖတ္ခံရန္သေဘာတူညီလိုက္ၿပီျဖစ္ပါတယ္။ယင္းသို႔အမွတ္ေလွ်ာ့ခံရန္သေဘာတူလိုက္မႈနဲ႔အတူဒါဘီဟာခ်န္ပီယံရွစ္မွာ အႏႈတ္၃မွတ္ျဖင့္ရပ္တည္လာရပါတယ္။

ဒါဘီဟာအေစာပိုင္းတုန္းကလည္းအသင္းကိုအစိုးရစီမံခန႔္ခြဲမႈခံယူမႈေၾကာင့္ရမွတ္၁၂မွတ္အေလွ်ာ့ခံရၿပီးျဖစ္ပါတယ္။ဒါေၾကာင့္၎တို႔ဟာစုစုေပါင္းရမွတ္၂၁မွတ္ျဖတ္ခံထားရၿပီးလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဒါဘီေကာင္တီဟာေနာက္ထပ္ရမွတ္၃မွတ္စီအျဖတ္ခံရႏိုင္တဲ့အျဖစ္အပ်က္ႏွစ္မ်ိဳးထပ္ႀကဳံရဦးမယ့္အေနအထားမ်ိဳးမွာလည္းရွိေနပါေသးတယ္။၎တို႔ဟာလုပ္ခေပးရန္ေနာက္က်မႈႏွင့္အျခား Financial Fair Play စည္းမ်ဥ္းခ်ိဳးေဖာက္မႈတို႔အတြက္အမွတ္ေလွ်ာ့ခံရႏိုင္တာပါ။

ဝိန္း႐ြန္းနီဟာယခုရာသီတြင္ခ်န္ပီယံရွစ္ပြဲ၁၇ပြဲတြင္၁၈မွတ္ရရွိေအာင္စြမ္းေဆာင္ထားႏိုင္ခဲ့ေပမယ့္လည္းစုစုေပါင္းရမွတ္၂၁မွတ္အျဖတ္ခံရမႈနဲ႔အတူ တန္းဆင္းဇုန္အျပင္မွအသင္းႏွင့္ရမွတ္၁၈မွတ္အထိကြာဟသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိဝိန္း႐ြန္းနီဟာဒါဘီေကာင္တီမွာတန္းဆင္းရဖို႔ေသခ်ာသေလာက္အေနအထားမ်ိဳးတြင္ရွိေနေပမယ့္လည္းအသင္းကိုစြန႔္ခြာသြားဦးမွာမဟုတ္ေသးဘဲအစြမ္းကုန္ႀကိဳးစားရန္ဆုံးျဖတ္ထားပါတယ္။

လက္ရွိအခ်ိန္တြင္ဒါဘီေကာင္တီကိုခရစ္ကတ္ရွ္နာကဝယ္ယူရန္ႀကိဳးပမ္းေနသလိုအျခားရင္းႏွီးျမႇပ္ႏွံသူမ်ားကလည္းဝယ္ယူရန္စိတ္ဝင္စားေနၾကပါတယ္။