
စီးရီးအေဟာကလပ်များကိုအဝတ်အစားစည်းမျဉ်းစည်းကမ်းသစ်များအသုံးပြုကာဝတ်စုံနှင့်ပတ်သက်ပြီးကန့်သတ်မှုသစ်ပြုလုပ်လာတော့မှာဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းသစ်အရစီးရီးအေကလပ်များဟာအဝေးကွင်းအစိမ်းရောင်ဝတ်စုံအသုံးပြုလာနိုင်တော့မှာမဟုတ်တော့သလို အသင်းများကိုလည်းအစင်းလိုင်းပါဝတ်စုံတစ်စုံတည်းသာအသုံးပြုလာနိုင်ပါတော့မယ်။
အီတလီလိဂ်အဖွဲ့ချုပ်ဟာကြော်ငြာပိုင်းဆိုင်ရာဆွဲဆောင်မှုပိုမိုရှိလာစေရန်အတွက်စည်းမျဉ်းသစ်ရေးဆွဲလာတာလည်းဖြစ်ပါတယ်။
ဘောလုံးပွဲများကိုရုပ်သံမှထုတ်လွှင့်ပြသချိန်တွင်အစိမ်းရောင်ဝတ်စုံကမြက်ခင်းနှင့်ရောယှက်ကာပျောက်ဆုံးနေမှုနဲ့အတူ အစိမ်းရောင်အဝေးကွင်းဝတ်စုံကိုကန့်သတ်လာတာပါ။
ဒါ့အပြင်ကလပ်များဟာအိမ်ကွင်းဝတ်စုံကိုအစင်းပါဝတ်စုံသုံးနိုင်ဦးမှာဖြစ်ပေမဲ့လည်းအဝေးကွင်းဝတ်စုံတွင်မူအစင်းလိုင်းသုံးနိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်လည်းကလပ်အများစုတို့ဟာအဝေးကွင်းဝတ်စုံဒီဇိုင်းသစ်အသုံးပြုလာရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင်အိမ်ကွင်းဝတ်စုံမှာအနက်ရောင်ဖြစ်ပါကလည်းအဝေးကွင်းဝတ်စုံအရောင်မှာဆန့်ကျင်ဘက်အဖြစ် မျက်စိအမြင်ဖြစ်စေမဲ့တောက်ပတဲ့အရောင်အသုံးပြုလာပါမယ်။
စီးရီးအေဟာအထက်ပါစည်းမျဉ်းစည်းကမ်းသစ်ကို၂၀၂၃-၂၄ရာသီမှစတင်အသုံးပြုလာမှာလည်းဖြစ်ပါတယ်။
စီးရီးအေမှမီလန်၊အင်တာနှင့်ဂျူဗင်တပ်အပါအဝင်ကလပ်အများစုဟာသူတို့ရဲ့ဝတ်စုံတွင်အစင်းလိုင်းသုံးနေတာဖြစ်ပြီး ယခုအခါအိမ်ကွင်းဝတ်စုံအဖြစ်သာသုံးနိုင်တော့မှာဖြစ်ပါတယ်။
ZawGyi
ရယ်စရာကောင်းတဲ့ အဝတ်အစားစည်းမျဉ်းစည်းကမ်းသစ် အသုံးပြုလာတော့မဲ့ စီးရီးအေ