ရလဒ်ဆိုးရွားနေပေမယ့် သူ့လက်ထက်တွင် သရဲနီ တိုးတက်နေကြောင်း ဆိုးလ်ရှားပြောကြားလာ

နည်းပြအပြောင်းအလဲပြုလုပ်ရန်တောင်းဆိုခြင်းခံနေရတဲ့မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကသူ့လက်ထက်တွင်မန်ယူအသင်းမှာတိုးတက်နေကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာစနေနေ့တုန်းကလက်စတာကို၄-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ထိပ်ဆုံးမှအသင်းနဲ့ရမှတ်၅မှတ်ကွာဟသွားခဲ့ပြီး နောက်ဆုံး၅ပွဲတွင်၁ပွဲတည်းသာနိုင်ပွဲရရှိထားပါတယ်။

မန်ယူဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းမှာအတ္တလန္တာကိုဧည့်ခံကစားရမှာဖြစ်ပြီးယင်းပွဲမှာအနိုင်မရလျှင်ချန်ပီယံလိဂ်မှထွက်ခွာရနိုင်တဲ့အခြေအနေသို့ရောက်သွားနိုင်ပါတယ်။

၎င်းတို့ဟာယခုအပတ်အကုန်မှာလည်းလီဗာပူးကိုဧည့်ခံကစားရမှာဖြစ်ပြီးယင်းပွဲရှုံးနိမ့်လျှင်ပရီးမီးယားလိဂ်ဖလားနဲ့ဝေးရမယ့်အခြေအနေသို့ရောက်လာပါမယ်။

ဒါပေမယ့်ဆိုးလ်ရှားကတော့မန်ယူအသင်းဟာလမ်းကြောင်းမှန်ပေါ်တွင်လျှောက်လှမ်းနေဆဲဖြစ်တယ်လို့ယုံကြည်နေတုန်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “ပြီးခဲ့တဲ့နှစ်တွေမှာကျွန်တော်တို့တိုးတက်လာခဲ့ပါတယ်။ဒီကိုကျွန်တော်ရောက်တဲ့ရာသီဝက်တုန်းကအသင်းကအဆင့်၆သို့ရောက်နေခဲ့တာပါ။နောက်တော့အဆင့်၃၊အဆင့်၂ ဖြစ်လာခဲ့တယ်။ဒါကိုကြည့်ရင်တိုးတက်နေတာမြင်နိုင်ပါတယ်။ဒီရာသီမှာလည်းကျွန်တော်တို့တိုးတက်စေချင်ပါတယ်။မျှော်လင့်ချက်မြင့်မားတဲ့ကစားသမားတွေကိုခေါ်ယူခဲ့တယ်။အခြားအသင်းတွေလည်းခေါ်ကြတာပဲ။ကျွန်တော်တို့လိုဘဲအခြားထိပ်သီးတွေလည်းပိုကောင်းအောင်လုပ်နေကြပါတယ်”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားဟာရလဒ်ဆိုးရွားမှုများနှင့်အတူမန်ယူပရိသတ်များရဲ့ရာထူးမှထုတ်ပယ်ရန်တောင်းဆိုခြင်းခံနေရပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားက “ဖိအားကတော့အမြဲတမ်းရှိနေတာပါ။ဖိအားတွေရှိပေမယ့်ကျွန်တော်တို့ဖြတ်ကျော်ပြခဲ့ပြီးပါပြီ။အသင်းလိုက်အနေနဲ့ရောတစ်ဦးအနေနဲ့ရောသန်သန်မာမာနဲ့ကျော်ဖြတ်ခဲ့ကြပါတယ်။အခုလည်းရှေ့ကိုဘဲကြည့်နေပါတယ်။ကလပ်နဲ့အချိန်နဲ့စကားပြောဖြစ်ပါတယ်။အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးသားသားပြောကြပါတယ်။အခုအခြားပြိုင်ဘက်တစ်ခုနဲ့ရင်ဆိုင်ရပါမယ်။အတ္တလန္တာကကွဲပြားတဲ့ပြိုင်ဘက်၊ကွဲပြားတဲ့လိဂ်ကအသင်းတစ်သင်းဖြစ်ပါတယ်။ဒီပွဲမှာရလဒ်ကောင်းရဖို့ဘဲအာရုံစိုက်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ရလဒ္ဆိုး႐ြားေနေပမယ့္ သူ႔လက္ထက္တြင္ သရဲနီ တိုးတက္ေနေၾကာင္း ဆိုးလ္ရွားေျပာၾကားလာ

နည္းျပအေျပာင္းအလဲျပဳလုပ္ရန္ေတာင္းဆိုျခင္းခံေနရတဲ့မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကသူ႔လက္ထက္တြင္မန္ယူအသင္းမွာတိုးတက္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာစေနေန႔တုန္းကလက္စတာကို၄-၂ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ထိပ္ဆုံးမွအသင္းနဲ႔ရမွတ္၅မွတ္ကြာဟသြားခဲ့ၿပီး ေနာက္ဆုံး၅ပြဲတြင္၁ပြဲတည္းသာႏိုင္ပြဲရရွိထားပါတယ္။

မန္ယူဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္ကြင္းမွာအတၱလႏၲာကိုဧည့္ခံကစားရမွာျဖစ္ၿပီးယင္းပြဲမွာအႏိုင္မရလွ်င္ခ်န္ပီယံလိဂ္မွထြက္ခြာရႏိုင္တဲ့အေျခအေနသို႔ေရာက္သြားႏိုင္ပါတယ္။

၎တို႔ဟာယခုအပတ္အကုန္မွာလည္းလီဗာပူးကိုဧည့္ခံကစားရမွာျဖစ္ၿပီးယင္းပြဲရႈံးနိမ့္လွ်င္ပရီးမီးယားလိဂ္ဖလားနဲ႔ေဝးရမယ့္အေျခအေနသို႔ေရာက္လာပါမယ္။

ဒါေပမယ့္ဆိုးလ္ရွားကေတာ့မန္ယူအသင္းဟာလမ္းေၾကာင္းမွန္ေပၚတြင္ေလွ်ာက္လွမ္းေနဆဲျဖစ္တယ္လို႔ယုံၾကည္ေနတုန္းျဖစ္ပါတယ္။

ဆိုးလ္ရွားက “ၿပီးခဲ့တဲ့ႏွစ္ေတြမွာကြၽန္ေတာ္တို႔တိုးတက္လာခဲ့ပါတယ္။ဒီကိုကြၽန္ေတာ္ေရာက္တဲ့ရာသီဝက္တုန္းကအသင္းကအဆင့္၆သို႔ေရာက္ေနခဲ့တာပါ။ေနာက္ေတာ့အဆင့္၃၊အဆင့္၂ ျဖစ္လာခဲ့တယ္။ဒါကိုၾကည့္ရင္တိုးတက္ေနတာျမင္ႏိုင္ပါတယ္။ဒီရာသီမွာလည္းကြၽန္ေတာ္တို႔တိုးတက္ေစခ်င္ပါတယ္။ေမွ်ာ္လင့္ခ်က္ျမင့္မားတဲ့ကစားသမားေတြကိုေခၚယူခဲ့တယ္။အျခားအသင္းေတြလည္းေခၚၾကတာပဲ။ကြၽန္ေတာ္တို႔လိုဘဲအျခားထိပ္သီးေတြလည္းပိုေကာင္းေအာင္လုပ္ေနၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားဟာရလဒ္ဆိုး႐ြားမႈမ်ားႏွင့္အတူမန္ယူပရိသတ္မ်ားရဲ႕ရာထူးမွထုတ္ပယ္ရန္ေတာင္းဆိုျခင္းခံေနရပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားက “ဖိအားကေတာ့အၿမဲတမ္းရွိေနတာပါ။ဖိအားေတြရွိေပမယ့္ကြၽန္ေတာ္တို႔ျဖတ္ေက်ာ္ျပခဲ့ၿပီးပါၿပီ။အသင္းလိုက္အေနနဲ႔ေရာတစ္ဦးအေနနဲ႔ေရာသန္သန္မာမာနဲ႔ေက်ာ္ျဖတ္ခဲ့ၾကပါတယ္။အခုလည္းေရွ႕ကိုဘဲၾကည့္ေနပါတယ္။ကလပ္နဲ႔အခ်ိန္နဲ႔စကားေျပာျဖစ္ပါတယ္။အၿမဲတမ္းပြင့္ပြင့္လင္းလင္းနဲ႔႐ိုး႐ိုးသားသားေျပာၾကပါတယ္။အခုအျခားၿပိဳင္ဘက္တစ္ခုနဲ႔ရင္ဆိုင္ရပါမယ္။အတၱလႏၲာကကြဲျပားတဲ့ၿပိဳင္ဘက္၊ကြဲျပားတဲ့လိဂ္ကအသင္းတစ္သင္းျဖစ္ပါတယ္။ဒီပြဲမွာရလဒ္ေကာင္းရဖို႔ဘဲအာ႐ုံစိုက္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။