ရလဒ်ဆိုးရွားနေမှုကြောင့် အဲဗာတန်နည်းပြအဖြစ်မှ ဖရန့်လမ်းပတ်ထုတ်ပယ်ခြင်းခံရ

အဲဗာတန်ဟာအသင်းကိုကိုင်တွယ်လာတာတစ်နှစ်တောင်မကြာသေးတဲ့ ဖရန့်လမ်းပတ်ကိုရာထူးမှထုတ်ပယ်လာပါတယ်။

အဲဗာတန်ဟာစနေနေ့တုန်းကနောက်ဆုံးပရီးမီးယားလိဂ်ပွဲ၁၂ပွဲတွင်၉ပွဲမြောက်အရှုံးအဖြစ်ဝက်စ်ဟမ်းကိုရှုံးနိမ့်ပြီးနောက်လမ်းပတ်ကိုထုတ်ပယ်ရန်ဆုံးဖြတ်လာတာဖြစ်ပါတယ်။

လမ်းပတ်ဦးဆောင်ခဲ့တဲ့အဲဗာတန်ဟာပရီးမီးယားလိဂ်ပွဲ၂၀ကစားပြီးအချိန်တွင်ရမှတ်၁၅မှတ်တည်းသာရရှိထားပြီးဆောက်သမ်တန်ကိုဂိုးကွာခြားချက်ဖြင့်အသာရကာအဆင့်၁၉နေရာမှာရပ်တည်နေပါတယ်။

အသက်၄၄နှစ်ရှိအင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းဟာ၂၀၂၂ခုနှစ်၊ဇန်နဝါရီလတုန်းကရာဖေးလ်ဘင်နီတက်ဇ်နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးအဲဗာတန်ကိုတန်းမဆင်းရအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့အဲဗာတန်ဟာရလဒ်ဆိုးရွားနေမှုနဲ့အတူငါးနှစ်အတွင်းခြောက်ယောက်မြောက်နည်းပြအဖြစ်ဖရန့်လမ်းပတ်ကိုထုတ်ပယ်လာပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အဲဗာတန်နည်းပြရာထူးအတွက်ရေပန်းအစားဆုံးအဖြစ်လိဒ်နည်းပြဟောင်းမာဆယ်လိုဘီရဲလ်ဆာဖြစ်နေပါတယ်။အဲဗာတန်ဘုတ်အဖွဲ့ဟာမာဆယ်လိုဘီရဲလ်ဆာအားခန့်အပ်ရန်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ပါတယ်။

ဒါ့အပြင်အဲဗာတန်ဟာနည်းပြရာထူးအတွက် ဒီစီယူနိုက်တက်နည်းပြဝိန်းရွန်းနီ၊ဘန်လေနည်းပြဟောင်းရှောင်ဒိုက်ချီတို့လည်းလျာထားစာရင်းမှာပါဝင်နေပါတယ်။

လက်ရှိအချိန်တွင်အဲဗာတန်အသင်းကိုယာယီနည်းပြအဖြစ်ပေါလ်တိုင်နှင့်လေတန်ဘိန်းစ်တို့ကတာဝန်ယူလေ့ကျင့်ပေးနေပါတယ်။

ZawGyi

ရလဒ္ဆိုး႐ြားေနမႈေၾကာင့္ အဲဗာတန္နည္းျပအျဖစ္မွ ဖရန႔္လမ္းပတ္ထုတ္ပယ္ျခင္းခံရ

အဲဗာတန္ဟာအသင္းကိုကိုင္တြယ္လာတာတစ္ႏွစ္ေတာင္မၾကာေသးတဲ့ ဖရန႔္လမ္းပတ္ကိုရာထူးမွထုတ္ပယ္လာပါတယ္။

အဲဗာတန္ဟာစေနေန႔တုန္းကေနာက္ဆုံးပရီးမီးယားလိဂ္ပြဲ၁၂ပြဲတြင္၉ပြဲေျမာက္အရႈံးအျဖစ္ဝက္စ္ဟမ္းကိုရႈံးနိမ့္ၿပီးေနာက္လမ္းပတ္ကိုထုတ္ပယ္ရန္ဆုံးျဖတ္လာတာျဖစ္ပါတယ္။

လမ္းပတ္ဦးေဆာင္ခဲ့တဲ့အဲဗာတန္ဟာပရီးမီးယားလိဂ္ပြဲ၂၀ကစားၿပီးအခ်ိန္တြင္ရမွတ္၁၅မွတ္တည္းသာရရွိထားၿပီးေဆာက္သမ္တန္ကိုဂိုးကြာျခားခ်က္ျဖင့္အသာရကာအဆင့္၁၉ေနရာမွာရပ္တည္ေနပါတယ္။

အသက္၄၄ႏွစ္ရွိအဂၤလန္ကြင္းလယ္ကစားသမားေဟာင္းဟာ၂၀၂၂ခုႏွစ္၊ဇန္နဝါရီလတုန္းကရာေဖးလ္ဘင္နီတက္ဇ္ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီးအဲဗာတန္ကိုတန္းမဆင္းရေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့အဲဗာတန္ဟာရလဒ္ဆိုး႐ြားေနမႈနဲ႔အတူငါးႏွစ္အတြင္းေျခာက္ေယာက္ေျမာက္နည္းျပအျဖစ္ဖရန႔္လမ္းပတ္ကိုထုတ္ပယ္လာၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္အဲဗာတန္နည္းျပရာထူးအတြက္ေရပန္းအစားဆုံးအျဖစ္လိဒ္နည္းျပေဟာင္းမာဆယ္လိုဘီရဲလ္ဆာျဖစ္ေနပါတယ္။အဲဗာတန္ဘုတ္အဖြဲ႕ဟာမာဆယ္လိုဘီရဲလ္ဆာအားခန႔္အပ္ရန္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ဒါ့အျပင္အဲဗာတန္ဟာနည္းျပရာထူးအတြက္ ဒီစီယူႏိုက္တက္နည္းျပဝိန္း႐ြန္းနီ၊ဘန္ေလနည္းျပေဟာင္းေရွာင္ဒိုက္ခ်ီတို႔လည္းလ်ာထားစာရင္းမွာပါဝင္ေနပါတယ္။

လက္ရွိအခ်ိန္တြင္အဲဗာတန္အသင္းကိုယာယီနည္းျပအျဖစ္ေပါလ္တိုင္ႏွင့္ေလတန္ဘိန္းစ္တို႔ကတာဝန္ယူေလ့က်င့္ေပးေနပါတယ္။