ရလဒ်ဆိုးရွားမှုကြောင့် နည်းပြနေးလ်လင်နွန်ကို ဆဲလ်တစ်ထုတ်ပယ်

ဆဲလ်တစ်ဟာရလဒ်ဆိုးရွားမှုကြောင့်နည်းပြနေးလ်လင်နွန်ကိုရာထူးမှထုတ်ပယ်လိုက်ပါတယ်။နေးလ်လင်နွန်ဟာ ထိပ်ဆုံးမှမဟာပြိုင်ဘက်ရိန်းဂျားနှင့်ရမှတ်၁၈မှတ်အထိကွာဟနေမှုနဲ့အတူဖိအားများနှင့်ရင်ဆိုင်လာခဲ့ရသူလည်း ဖြစ်ပါတယ်။

ဆဲလ်တစ်ဟာထုတ်ပယ်လိုက်တဲ့နေးလ်လင်နွန်ရဲ့နေရာမှာယာယီနည်းပြအဖြစ်လက်ထောက်နည်းပြဂျွန်ကနေဒီကိုခန့်အပ်လိုက်ပါတယ်။ဂျွန်ကနေဒီဟာရာသီအကုန်အထိဆဲလ်တစ်အားယာယီနည်းပြအဖြစ်ကိုင်တွယ်ကြီးကြပ် သွားပါမယ်။

နေးလ်လင်နွန်က “အခြေအနေအကြောင်းကြောင်းတွေကြောင့်ကျွန်တော်တို့ဟာအလွန်ခက်ခဲတဲ့ရာသီတစ်ခုနဲ့ကြုံ ခဲ့ကြရပါတယ်။အရင်တုန်းကကျွန်တော်တို့လုပ်ပြခဲ့သလိုမျိုးမလုပ်နိုင်ခဲ့လို့အရမ်းစိတ်ပျက်ခဲ့ကြရပါတယ်။အခြေအ နေပြောင်းလဲလာနိုင်ဖို့အတွက်အစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့်ကံဆိုးစွာဘဲကျွန်တော်တို့မလုပ်နိုင်ခဲ့ကြပါဘူး။ဒီကလပ် ကျွန်တော်ကိုယ်စွမ်းရှိသမျှအမြဲလုပ်ပေးခဲ့ပါတယ်။ဆဲလ်တစ်ပရိသတ်များအတွက်ဆုတံဆိပ်တွေရယူပေးခဲ့လို့ ဂုဏ်ယူပါတယ်။ဒီကလပ်ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းအဖြစ်အမြဲရှိနေပါမယ်။ဆဲလ်တစ်ပရိသတ်အဖြစ်လည်း အမြဲရှိနေပါမယ်။ဆဲလ်တစ်ကိုအကောင်းဆုံးတွေချည်းဖြစ်စေချင်ပါတယ်။ကျွန်တော့်ကိုအခွင့်အရေးတွေအများကြီးပေးတဲ့ကလပ်ကလူတွေကိုကျေးဇူးတင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ရလဒ္ဆိုး႐ြားမႈေၾကာင့္ နည္းျပေနးလ္လင္ႏြန္ကို ဆဲလ္တစ္ထုတ္ပယ္

ဆဲလ္တစ္ဟာရလဒ္ဆိုး႐ြားမႈေၾကာင့္နည္းျပေနးလ္လင္ႏြန္ကိုရာထူးမွထုတ္ပယ္လိုက္ပါတယ္။ေနးလ္လင္ႏြန္ဟာ ထိပ္ဆုံးမွမဟာၿပိဳင္ဘက္ရိန္းဂ်ားႏွင့္ရမွတ္၁၈မွတ္အထိကြာဟေနမႈနဲ႔အတူဖိအားမ်ားႏွင့္ရင္ဆိုင္လာခဲ့ရသူလည္း ျဖစ္ပါတယ္။

ဆဲလ္တစ္ဟာထုတ္ပယ္လိုက္တဲ့ေနးလ္လင္ႏြန္ရဲ႕ေနရာမွာယာယီနည္းျပအျဖစ္လက္ေထာက္နည္းျပဂြၽန္ကေနဒီကိုခန႔္အပ္လိုက္ပါတယ္။ဂြၽန္ကေနဒီဟာရာသီအကုန္အထိဆဲလ္တစ္အားယာယီနည္းျပအျဖစ္ကိုင္တြယ္ႀကီးၾကပ္ သြားပါမယ္။

ေနးလ္လင္ႏြန္က “အေျခအေနအေၾကာင္းေၾကာင္းေတြေၾကာင့္ကြၽန္ေတာ္တို႔ဟာအလြန္ခက္ခဲတဲ့ရာသီတစ္ခုနဲ႔ႀကဳံ ခဲ့ၾကရပါတယ္။အရင္တုန္းကကြၽန္ေတာ္တို႔လုပ္ျပခဲ့သလိုမ်ိဳးမလုပ္ႏိုင္ခဲ့လို႔အရမ္းစိတ္ပ်က္ခဲ့ၾကရပါတယ္။အေျခအ ေနေျပာင္းလဲလာႏိုင္ဖို႔အတြက္အစြမ္းကုန္ႀကိဳးပမ္းခဲ့ေပမယ့္ကံဆိုးစြာဘဲကြၽန္ေတာ္တို႔မလုပ္ႏိုင္ခဲ့ၾကပါဘူး။ဒီကလပ္ ကြၽန္ေတာ္ကိုယ္စြမ္းရွိသမွ်အၿမဲလုပ္ေပးခဲ့ပါတယ္။ဆဲလ္တစ္ပရိသတ္မ်ားအတြက္ဆုတံဆိပ္ေတြရယူေပးခဲ့လို႔ ဂုဏ္ယူပါတယ္။ဒီကလပ္ကြၽန္ေတာ့္ဘဝရဲ႕အစိတ္အပိုင္းအျဖစ္အၿမဲရွိေနပါမယ္။ဆဲလ္တစ္ပရိသတ္အျဖစ္လည္း အၿမဲရွိေနပါမယ္။ဆဲလ္တစ္ကိုအေကာင္းဆုံးေတြခ်ည္းျဖစ္ေစခ်င္ပါတယ္။ကြၽန္ေတာ့္ကိုအခြင့္အေရးေတြအမ်ားႀကီးေပးတဲ့ကလပ္ကလူေတြကိုေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။