ရလဒ်တိုးတက်မလာပါကမော်ရင်ဟိုကိုထုတ်ပြီးနီဂယ်မန်းနှင့်အစားထိုးရန် စပါးစ်ပစ်မှတ်ထား

စပါးစ်ဟာရလဒ်ပိုင်းတိုးတက်လာအောင်လုပ်ဆောင်နိုင်ခြင်းမရှိပါကနည်းပြမော်ရင်ဟိုကိုထုတ်ပယ်ရန် စီစဉ်နေပြီး၎င်းနေရာတွင်လိုက်ဇစ်နည်းပြဂျူလီယန်နီဂယ်မန်းအားနံပါတ်တစ်ဦးစားပေးအဖြစ်ခန့်အပ်ရန် စီစဉ်ထားကြောင်းသိရပါတယ်။

ယခုရာသီအစတုန်းကအမှတ်ပေးဇယားထိပ်ဆုံးသို့အထိရောက်ရှိခဲ့ဖူးတဲ့စပါးစ်ဟာနောက်ဆုံးပရီးမီးယားလိဂ်၆ပွဲမှာ၅ပွဲအထိရှုံးပွဲကြုံတွေ့ထားရပါတယ်။အခြားတစ်ဖက်တွင်စပါးစ်ဟာအက်ဖ်အေဖလားပြိုင်ပွဲမှလည်းထွက်ခွာထားရပါတယ်၊

စပါးစ်ဟာမော်ရင်ဟိုရဲ့အနာဂတ်ကိုလာမယ့်ပွဲ၄ပွဲရလဒ်အပေါ်မူတည်ပြီးရာထူးမှထုတ်ပယ်သွားရန်စီစဉ်ထား ကြောင်းသိရပါတယ်။စပါးစ်ဟာလာမယ့်ပွဲလေးပွဲအဖြစ်ဝုဖ်ဘာဂါ၊ဘန်လေ၊ဖူလ်ဟမ်၊ခရစ္စတယ်ပဲလေ့စ်တို့နှင့် ရင်ဆိုင်ကစားရပါမယ်။

စပါးစ်ဟာလာမယ့်၁၂ရက်အတွင်းကစားရမယ့်ယင်းပွဲလေးပွဲရလဒ်အပေါ်မူတည်ပြီးမော်ရင်ဟိုကိုလာမယ့်ရာသီအထိ ဆက်ထိန်းထားရန်စီစဉ်နေပါတယ်။အကယ်၍ယင်းလေးပွဲတွင်ရလဒ်မကောင်းလျှင်စပါးစ်ဟာလိုက်ဇစ်နည်းပြ နီဂယ်မန်းကိုချဉ်းကပ်သွားပါမယ်။

အသက်၃၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာရာသီတစ်ဝက်တွင်လိုက်ဇစ်မှထွက်ခွာရန်အစီအစဉ်မရှိသော်လည်းနွေရာသီတွင်ပရီးမီးယားလိဂ်သို့ပြောင်းရန်စိတ်ဝင်စားနေပါတယ်။

စပါးစ်ဥက္ကဌလိုင်ဗိုင်းဟာမော်ရင်ဟိုအပေါ်တွင်အပြည့်အဝယုံကြည်မှုရှိနေဆဲဖြစ်သော်လည်းနောက်ပိုင်းပွဲစဉ်များ တွင်ရလဒ်ဆိုးရွားလာမှု၊အဝတ်အစားလဲခန်းအတွင်းမငြိမ်မသက်ဖြစ်မှုတို့ကြောင့်အနာဂတ်ကိုစဉ်းစားလာခြင်းလည်းဖြစ်ပါတယ်။

ဟော်ဖန်ဟိမ်းနည်းပြဟောင်းနီဂယ်မန်းဟာတိုက်စစ်အသားပေးကစားတတ်တဲ့နည်းပြအဖြစ်နာမည်ကြီးသူဖြစ်ပြီးစပါးစ်ပရိသတ်များဟာမော်ရင်ဟိုရဲ့ခံစစ်အသားပေးကစားဟန်အပေါ်စိတ်ပျက်လျက်ရှိကြပါတယ်။

ZawGyi

ရလဒ္တိုးတက္မလာပါကေမာ္ရင္ဟိုကိုထုတ္ၿပီးနီဂယ္မန္းႏွင့္အစားထိုးရန္ စပါးစ္ပစ္မွတ္ထား

စပါးစ္ဟာရလဒ္ပိုင္းတိုးတက္လာေအာင္လုပ္ေဆာင္ႏိုင္ျခင္းမရွိပါကနည္းျပေမာ္ရင္ဟိုကိုထုတ္ပယ္ရန္ စီစဥ္ေနၿပီး၎ေနရာတြင္လိုက္ဇစ္နည္းျပဂ်ဴလီယန္နီဂယ္မန္းအားနံပါတ္တစ္ဦးစားေပးအျဖစ္ခန႔္အပ္ရန္ စီစဥ္ထားေၾကာင္းသိရပါတယ္။

ယခုရာသီအစတုန္းကအမွတ္ေပးဇယားထိပ္ဆုံးသို႔အထိေရာက္ရွိခဲ့ဖူးတဲ့စပါးစ္ဟာေနာက္ဆုံးပရီးမီးယားလိဂ္၆ပြဲမွာ၅ပြဲအထိရႈံးပြဲႀကဳံေတြ႕ထားရပါတယ္။အျခားတစ္ဖက္တြင္စပါးစ္ဟာအက္ဖ္ေအဖလားၿပိဳင္ပြဲမွလည္းထြက္ခြာထားရပါတယ္။

စပါးစ္ဟာေမာ္ရင္ဟိုရဲ႕အနာဂတ္ကိုလာမယ့္ပြဲ၄ပြဲရလဒ္အေပၚမူတည္ၿပီးရာထူးမွထုတ္ပယ္သြားရန္စီစဥ္ထား ေၾကာင္းသိရပါတယ္။စပါးစ္ဟာလာမယ့္ပြဲေလးပြဲအျဖစ္ဝုဖ္ဘာဂါ၊ဘန္ေလ၊ဖူလ္ဟမ္၊ခရစၥတယ္ပဲေလ့စ္တို႔ႏွင့္ ရင္ဆိုင္ကစားရပါမယ္။

စပါးစ္ဟာလာမယ့္၁၂ရက္အတြင္းကစားရမယ့္ယင္းပြဲေလးပြဲရလဒ္အေပၚမူတည္ၿပီးေမာ္ရင္ဟိုကိုလာမယ့္ရာသီအထိ ဆက္ထိန္းထားရန္စီစဥ္ေနပါတယ္။အကယ္၍ယင္းေလးပြဲတြင္ရလဒ္မေကာင္းလွ်င္စပါးစ္ဟာလိုက္ဇစ္နည္းျပ နီဂယ္မန္းကိုခ်ဥ္းကပ္သြားပါမယ္။

အသက္၃၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာရာသီတစ္ဝက္တြင္လိုက္ဇစ္မွထြက္ခြာရန္အစီအစဥ္မရွိေသာ္လည္းေႏြရာသီတြင္ပရီးမီးယားလိဂ္သို႔ေျပာင္းရန္စိတ္ဝင္စားေနပါတယ္။

စပါးစ္ဥကၠဌလိုင္ဗိုင္းဟာေမာ္ရင္ဟိုအေပၚတြင္အျပည့္အဝယုံၾကည္မႈရွိေနဆဲျဖစ္ေသာ္လည္းေနာက္ပိုင္းပြဲစဥ္မ်ား တြင္ရလဒ္ဆိုး႐ြားလာမႈ၊အဝတ္အစားလဲခန္းအတြင္းမၿငိမ္မသက္ျဖစ္မႈတို႔ေၾကာင့္အနာဂတ္ကိုစဥ္းစားလာျခင္းလည္းျဖစ္ပါတယ္။
ေဟာ္ဖန္ဟိမ္းနည္းျပေဟာင္းနီဂယ္မန္းဟာတိုက္စစ္အသားေပးကစားတတ္တဲ့နည္းျပအျဖစ္နာမည္ႀကီးသူျဖစ္ၿပီးစပါးစ္ပရိသတ္မ်ားဟာေမာ္ရင္ဟိုရဲ႕ခံစစ္အသားေပးကစားဟန္အေပၚစိတ္ပ်က္လ်က္ရွိၾကပါတယ္။