ရဝန်ဒါသမ္မတက ဝေဖန်ပြီး ရက်အနည်းငယ်အကြာတွင် အာဆင်နယ်နှင့်စပွန်ဆာစာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ Visit Rwanda

Visit Rwanda ဟာအာဆင်နယ်အသင်းကို ရဝန်ဒါသမ္မတကအပြင်းအထန်ဝေဖန်မှုပြုလုပ်ပြီးရက်အနည်းငယ်အကြာမှာဘဲအာဆင်နယ်နှင့်အင်္ကျီလက်မောင်းစပွန်ဆာစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

မကြာသေးမီတုန်းကရဝန်ဒါသမ္မတပေါလ်ကာဂါမာဟာဘရန့်ဖို့ဒ်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးတွင်အာဆင်နယ်ပရိသတ်များမှာမထိုက်တန်တဲ့အရာများရရှိနေကြောင်းအာဆင်နယ်ကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

ယင်းသို့အသက်၆၃နှစ်ရှိရဝန်ဒါသမ္မတကလူသိရှင်ကြားဝေဖန်မှုပြုလုပ်ခဲ့ပေမယ့်လည်းမြောက်လန်ဒန်ကလပ်ဟာ Visit Rwanda နှင့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

Football London ရဲ့ဖော်ပြချက်အရအာဆင်နယ်နှင့် Visit Rwanda တို့ချုပ်ဆိုလိုက်တဲ့လေးနှစ်စာချုပ်သစ်မှာတစ်နှစ်ပေါင်၁၀သန်းတန်ကြေးရှိကြောင်းသိရပါတယ်။

Visit Rwanda ဟာ၂၀၁၈ခုနှစ်တုန်းကအာဆင်နယ်အသင်းရဲ့အင်္ကျီလက်မောင်းစပွန်ဆာအဖြစ်ရပ်တည်ခဲ့ပါတယ်။

ရဝန်ဒါသမ္မတကာဂါမာဟာ Visit Rwanda ရဲ့ဥက္ကဌလည်းဖြစ်ကာအာဆင်နယ်ရဲ့အမာခံပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။

ZawGyi

ရဝန္ဒါသမၼတက ေဝဖန္ၿပီး ရက္အနည္းငယ္အၾကာတြင္ အာဆင္နယ္ႏွင့္စပြန္ဆာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ Visit Rwanda

Visit Rwanda ဟာအာဆင္နယ္အသင္းကို ရဝန္ဒါသမၼတကအျပင္းအထန္ေဝဖန္မႈျပဳလုပ္ၿပီးရက္အနည္းငယ္အၾကာမွာဘဲအာဆင္နယ္ႏွင့္အက်ႌလက္ေမာင္းစပြန္ဆာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။

မၾကာေသးမီတုန္းကရဝန္ဒါသမၼတေပါလ္ကာဂါမာဟာဘရန႔္ဖို႔ဒ္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲအၿပီးတြင္အာဆင္နယ္ပရိသတ္မ်ားမွာမထိုက္တန္တဲ့အရာမ်ားရရွိေနေၾကာင္းအာဆင္နယ္ကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။

ယင္းသို႔အသက္၆၃ႏွစ္ရွိရဝန္ဒါသမၼတကလူသိရွင္ၾကားေဝဖန္မႈျပဳလုပ္ခဲ့ေပမယ့္လည္းေျမာက္လန္ဒန္ကလပ္ဟာ Visit Rwanda ႏွင့္ေလးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။

Football London ရဲ႕ေဖာ္ျပခ်က္အရအာဆင္နယ္ႏွင့္ Visit Rwanda တို႔ခ်ဳပ္ဆိုလိုက္တဲ့ေလးႏွစ္စာခ်ဳပ္သစ္မွာတစ္ႏွစ္ေပါင္၁၀သန္းတန္ေၾကးရွိေၾကာင္းသိရပါတယ္။

Visit Rwanda ဟာ၂၀၁၈ခုႏွစ္တုန္းကအာဆင္နယ္အသင္းရဲ႕အက်ႌလက္ေမာင္းစပြန္ဆာအျဖစ္ရပ္တည္ခဲ့ပါတယ္။

ရဝန္ဒါသမၼတကာဂါမာဟာ Visit Rwanda ရဲ႕ဥကၠဌလည္းျဖစ္ကာအာဆင္နယ္ရဲ႕အမာခံပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။