ရာထူးမှထုတ်ပယ်ခံရမှုအတွက် ဘာစီလိုနာနှင့် ကွီကွီဆီတိန်း တရားရင်ဆိုင်ရမည်

ဘာစီလိုနာနည်းပြဟောင်းကွီကွီဆီတိန်းဟာပြီးခဲ့တဲ့နှစ်တုန်းကသူ့အားရာထူးမှထုတ်ပယ်မှုအတွက်ဘာစီလိုနာကို တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဩဂုတ်လကတည်းကဆီတိန်းနှင့်နည်းပြအဖွဲ့တို့အားထုတ်ပယ်ခဲ့ပေမယ့်စက်တင်ဘာလလလယ်ပိုင်းတွင်မှတရားဝင်ထုတ်ပယ်ခဲ့တာပါ။

ဆီတိန်းနှင့်နည်းပြအဖွဲ့ဝင်များဟာ၎င်းတို့အားနစ်နာကြေးတစ်စုံတစ်ရာပေးခြင်းမရှိဘဲထုတ်ပယ်မှုအတွက်ဘာစီလိုနာကိုတရားစွဲဆိုထားပြီးနစ်နာကြေးယူရို၄သန်းရရှိလိုနေပါတယ်။

ဘာစီလိုနာကဆီတိန်းနှင့်နည်းပြအဖွဲ့ဝင်တို့မှာကလပ်အတွက်တစ်စုံတစ်ရာစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိမှုအတွက် နစ်နာကြေးပေးရန်မထိုက်တန်လို့ယုံကြည်နေကြပါတယ်။ဘာစီလိုနာဥက္ကဌဟောင်းဘာတိုမြူဟာရာထူးမှထုတ် ပယ်လိုက်ကြောင်းကိုဆီတိန်းအားတရားဝင်အကြောင်းကြားစာပေးပို့ခဲ့ခြင်းမရှိကြောင်းလည်းသိရပါတယ်။

ZawGyi




ဆီတိန်းနှင့်နည်းပြအဖွဲ့ဝင်များဟာ၎င်းတို့အားနစ်နာကြေးတစ်စုံတစ်ရာပေးခြင်းမရှိဘဲထုတ်ပယ်မှုအတွက်ဘာစီလိုနာကိုတရားစွဲဆိုထားပြီးနစ်နာကြေးယူရို၎သန်းရရှိလိုနေပါတယ်။
