ရာထူးမှထွက်ခွာခွင့်ပေးရန် ပီအက်စ်ဂျီကို ပိုချက်တီနိုတောင်းဆိုထားပြီးပြီ

မော်ရိုစီယိုပိုချက်တီနိုဟာယခုနွေရာသီတွင်ပီအက်စ်ဂျီမှထွက်ခွာလိုကြောင်းအသင်းတာဝန်ရှိသူများကိုအကြောင်းကြားလိုက်ပြီဖြစ်ပါတယ်။

ပိုချက်တီနိုဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကသောမတ်စ်တူချယ်ရဲ့နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးပထမဆုံးရာသီတွင်ပြင်သစ်ဖလားဆွတ်ခူးပေးနိုင်ခဲ့သော်လည်းလီဂူး၁တွင်ဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများဟာပိုချက်တီနိုအပေါ်တွင်ကျေနပ်လျက်ရှိပြီးဆက်လက်လက်တွဲသွားရန်ဆန္ဒရှိနေပါတယ်။

ယခုအခါပိုချက်တီနိုဟာအသင်းဟောင်းစပါးစ်နှင့်ရီးရဲလ်မက်ဒရစ်တို့ရဲ့စိတ်ဝင်စားခြင်းခံနေရမှုနဲ့အတူပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုထံသို့အသင်းပြောင်းလိုကြောင်းအကြောင်းကြားလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့်ပိုချက်တီနိုအနေဖြင့်ပီအက်စ်ဂျီကထွက်ခွာခွင့်မပေးပါကလည်းဆက်လက်ကိုင်တွယ်သွားမည်ဟုလည်းဆိုထားပါတယ်။

အကယ်၍ပီအက်စ်ဂျီကသာထွက်ခွာခွင့်ပေးလာပါကပိုချက်တီနိုဟာအသင်းဟောင်းစပါးစ်သို့ရောက်ဖို့သေချာသလောက်ရှိနေပါတယ်။

ZawGyi






