ရာထူးမှနုတ်ထွက်မည်ဆိုသည့်သတင်းကို လီဗာပူးနည်းပြကလော့ပ်ငြင်းဆို

ဂျာဂင်ကလော့ပ်ကလီဗာပူးနည်းပြရာထူးမှနုတ်ထွက်သွားမှာမဟုတ်ကြောင်းပြောကြားလာပါတယ်။ဂျာမန်လူမျိုးနည်းပြဟာလက်စတာကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်လီဗာပူးနည်းပြရာထူးမှနုတ်ထွက်မယ်လို့သတင်းများထွက် ပေါ်လာခဲ့ပါတယ်။

လီဗာပူးဟာသုံးပွဲဆက်အရှုံးနှင့်ရင်ဆိုင်ထားရပြီဖြစ်ပြီးကလော့ပ်ကပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တော့မှာမဟုတ်ကြောင်းဝန်ခံပြောကြားထားပါတယ်။

အသက်၅၃နှစ်ရှိကလော့ပ်ဟာလီဗာပူးကရလဒ်ဆိုးရွားနေခြင်း၊မိခင်ဖြစ်သူရဲ့နာရေးကိုတက်ရောက်ခွင့်မရရှိခြင်းတို့ကြောင့်အခက်အခဲများနှင့်ကြုံနေရသူလည်းဖြစ်ပါတယ်။

လီဗာပူးပရိသတ်များဟာမကြာသေးမီတုန်းကကလော့ပ်အားထောက်ခံအားပေးကြောင်းရေးသားထားတဲ့နဖူးစည်းကိုအန်ဖီးလ်ကွင်းအပြင်ဘက်တွင်ချိတ်ခဲ့ကြပါတယ်။

ယခုအခါကလော့ပ်က “အထုတ်ခံရမလား၊နုတ်ထွက်မလားဆိုတော့ ကျွန်တော်ခေတ္တတဖြုတ်အနားယူဖို့မလိုအပ် သေးပါဘူး။ကျွန်တော်တို့ခက်ခဲကာလနဲ့ကြုံခဲ့ရပါတယ်။အခက်တွေရှိလာတာလည်းကြာပါပြီ။ကျွန်တော်တို့ကလည်း မိသားစုအနေနဲ့၁၀၀ရာခိုင်နှုန်းတုံ့ပြန်ပါတယ်။ဒါတွေ(နုတ်ထွက်မယ့်သတင်းနဲ့နဖူးစည်းချိတ်မှု)ကိုကြားပါ တယ်။နဖူးစည်းကလှပါတယ်။အခုအချိန်မှာအထူးတလည်းထောက်ခံအားပေးမှုလိုအပ်နေတယ်လို့တော့မထင်ပါဘူး။ဒါပေမယ့်ကြိုက်ပါတယ်။အနားယူဖို့လည်းမလိုပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ရာထူးမွႏုတ္ထြက္မည္ဆိုသည့္သတင္းကို လီဗာပူးနည္းျပကေလာ့ပ္ျငင္းဆို

ဂ်ာဂင္ကေလာ့ပ္ကလီဗာပူးနည္းျပရာထူးမွႏုတ္ထြက္သြားမွာမဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။ဂ်ာမန္လူမ်ိဳးနည္းျပဟာလက္စတာကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္လီဗာပူးနည္းျပရာထူးမွႏုတ္ထြက္မယ္လို႔သတင္းမ်ားထြက္ ေပၚလာခဲ့ပါတယ္။

လီဗာပူးဟာသုံးပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ထားရၿပီျဖစ္ၿပီးကေလာ့ပ္ကပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုကာကြယ္ႏိုင္ေတာ့မွာမဟုတ္ေၾကာင္းဝန္ခံေျပာၾကားထားပါတယ္။

အသက္၅၃ႏွစ္ရွိကေလာ့ပ္ဟာလီဗာပူးကရလဒ္ဆိုး႐ြားေနျခင္း၊မိခင္ျဖစ္သူရဲ႕နာေရးကိုတက္ေရာက္ခြင့္မရရွိျခင္းတို႔ေၾကာင့္အခက္အခဲမ်ားႏွင့္ႀကဳံေနရသူလည္းျဖစ္ပါတယ္။

လီဗာပူးပရိသတ္မ်ားဟာမၾကာေသးမီတုန္းကကေလာ့ပ္အားေထာက္ခံအားေပးေၾကာင္းေရးသားထားတဲ့နဖူးစည္းကိုအန္ဖီးလ္ကြင္းအျပင္ဘက္တြင္ခ်ိတ္ခဲ့ၾကပါတယ္။

ယခုအခါကေလာ့ပ္က “အထုတ္ခံရမလား၊ႏုတ္ထြက္မလားဆိုေတာ့ ကြၽန္ေတာ္ေခတၱတျဖဳတ္အနားယူဖို႔မလိုအပ္ ေသးပါဘူး။ကြၽန္ေတာ္တို႔ခက္ခဲကာလနဲ႔ႀကဳံခဲ့ရပါတယ္။အခက္ေတြရွိလာတာလည္းၾကာပါၿပီ။ကြၽန္ေတာ္တို႔ကလည္း မိသားစုအေနနဲ႔၁၀၀ရာခိုင္ႏႈန္းတုံ႔ျပန္ပါတယ္။ဒါေတြ(ႏုတ္ထြက္မယ့္သတင္းနဲ႔နဖူးစည္းခ်ိတ္မႈ)ကိုၾကားပါ တယ္။နဖူးစည္းကလွပါတယ္။အခုအခ်ိန္မွာအထူးတလည္းေထာက္ခံအားေပးမႈလိုအပ္ေနတယ္လို႔ေတာ့မထင္ပါဘူး။ဒါေပမယ့္ႀကိဳက္ပါတယ္။အနားယူဖို႔လည္းမလိုပါဘူး”လို႔ေျပာၾကားသြားပါတယ္။