ရာထူးမှအထုတ်ခံရရန် ရေပန်းစားနေတဲ့ စတိဗ်ကိုးပါးကို နော်တင်ဟမ်ဖောရက်စ် အံ့ဩသင့်ဖွယ် စာချုပ်သစ်ချုပ်ဆို

နော်တင်ဟမ်ဖောရက်စ်ဟာနည်းပြစတိဗ်ကိုးပါးကို၂၀၂၅ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

အသက်၄၂နှစ်ရှိစတိဗ်ကိုးပါးဟာနော်တင်ဟမ်ဖောရက်စ်ကိုကိုင်တွယ်တဲ့ပထမဆုံးရာသီမှာပင်ပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့စတိဗ်ကိုးပါးဟာတနင်္လာနေ့တုန်းကလက်စတာကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ကာပရီးမီးယားလိဂ်ငါးပွဲဆက်တိုက်ရှုံးနိမ့်ပြီးနောက်ရာထူးမှအထုတ်ခံရရန်ထိပ်ဆုံးမှရေပန်းစားလာခဲ့ပါတယ်။

ဒါပေမဲ့နော်တင်ဟမ်ဖောရက်စ်တာဝန်ရှိသူများဟာနွေရာသီတုန်းကစီစဉ်ထားတဲ့အတိုင်းစတိဗ်ကိုးပါးကိုစာချုပ်သစ်ချုပ်ဆိုရေးဆက်လက်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးသုံးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

စတိဗ်ကိုးပါးက “ဒါကကောလာဟလတွေကိုရှင်းလင်းလိုက်ပြီဖြစ်ပါတယ်။ဒီမှာရှိနေရတာဘယ်လောက်သဘောကျတယ်ဆိုတာဘယ်သူမှမေးခွန်းမထုတ်နိုင်ပါဘူး။ဒီနေရာမှာပဲဆက်နေချင်ပါတယ်။တကယ်လို့ပြောဆိုမှုရှိနေရင်တောင်ရပ်တန့်သွားပါလိမ့်မယ်။ဒီလိုပြောလိုက်လို့လာမယ့်ပွဲအနိုင်ရမယ်လို့ဆိုလာတာမဟုတ်ပါဘူး။ဒါပေမဲ့အားလုံးအဆင်ပြေလာမှာပါ”လို့ပြောကြားသွားပါတယ်။

စတိဗ်ကိုးပါးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက ကစားသမား၂၃ဦးအားပေါင်၁၄၅သန်းသုံးစွဲကာခေါ်ယူအားဖြည့်ခဲ့မှုနှင့်အတူ ယခုရာသီတွင်ရုန်းကန်နေရပါတယ်။

နော်တင်ဟမ်ဖောရက်စ်ဟာယခုရာသီတွင်ဝက်စ်ဟမ်းနှင့်ပွဲတစ်ပွဲသာအနိုင်ရရှိထားပြီးအမှတ်ပေးဇယားကြမ်းခင်းမှာရပ်တည်နေပါတယ်။

ZawGyi

ရာထူးမွအထုတ္ခံရရန္ ေရပန္းစားေနတဲ့ စတိဗ္ကိုးပါးကို ေနာ္တင္ဟမ္ေဖာရက္စ္ အံ့ဩသင့္ဖြယ္ စာခ်ဳပ္သစ္ခ်ဳပ္ဆို

ေနာ္တင္ဟမ္ေဖာရက္စ္ဟာနည္းျပစတိဗ္ကိုးပါးကို၂၀၂၅ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။

အသက္၄၂ႏွစ္ရွိစတိဗ္ကိုးပါးဟာေနာ္တင္ဟမ္ေဖာရက္စ္ကိုကိုင္တြယ္တဲ့ပထမဆုံးရာသီမွာပင္ပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့စတိဗ္ကိုးပါးဟာတနလၤာေန႔တုန္းကလက္စတာကို၄-၀ဂိုးျဖင့္ရႈံးနိမ့္ကာပရီးမီးယားလိဂ္ငါးပြဲဆက္တိုက္ရႈံးနိမ့္ၿပီးေနာက္ရာထူးမွအထုတ္ခံရရန္ထိပ္ဆုံးမွေရပန္းစားလာခဲ့ပါတယ္။

ဒါေပမဲ့ေနာ္တင္ဟမ္ေဖာရက္စ္တာဝန္ရွိသူမ်ားဟာေႏြရာသီတုန္းကစီစဥ္ထားတဲ့အတိုင္းစတိဗ္ကိုးပါးကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးဆက္လက္ေဆြးေႏြးမႈ ျပဳလုပ္ခဲ့ၿပီးသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

စတိဗ္ကိုးပါးက “ဒါကေကာလာဟလေတြကိုရွင္းလင္းလိုက္ၿပီျဖစ္ပါတယ္။ဒီမွာရွိေနရတာဘယ္ေလာက္သေဘာက်တယ္ဆိုတာဘယ္သူမွေမးခြန္းမထုတ္ႏိုင္ပါဘူး။ဒီေနရာမွာပဲဆက္ေနခ်င္ပါတယ္။တကယ္လို႔ေျပာဆိုမႈရွိေနရင္ေတာင္ရပ္တန႔္သြားပါလိမ့္မယ္။ဒီလိုေျပာလိုက္လို႔လာမယ့္ပြဲအႏိုင္ရမယ္လို႔ဆိုလာတာမဟုတ္ပါဘူး။ဒါေပမဲ့အားလုံးအဆင္ေျပလာမွာပါ”လို႔ေျပာၾကားသြားပါတယ္။

စတိဗ္ကိုးပါးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းက ကစားသမား၂၃ဦးအားေပါင္၁၄၅သန္းသုံးစြဲကာေခၚယူအားျဖည့္ခဲ့မႈႏွင့္အတူ ယခုရာသီတြင္႐ုန္းကန္ေနရပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္ဟာယခုရာသီတြင္ဝက္စ္ဟမ္းႏွင့္ပြဲတစ္ပြဲသာအႏိုင္ရရွိထားၿပီးအမွတ္ေပးဇယားၾကမ္းခင္းမွာရပ္တည္ေနပါတယ္။