ရာဖင်ညာကို ခေါ်ယူရန် လီဗာပူးစိတ်ဝင်စားခဲ့ကြောင်း အေးဂျင့်အတည်ပြု

ဘရာဇီးလက်ရွေးစင်တောင်ပံကစားသမားရာဖင်ညာဟာလိဒ်ယူနိုက်တက်နှင့်အတူခြေစွမ်းပြကစားနိုင်မှုနဲ့အတူနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကလီဗာပူးရဲ့စိတ်ဝင်စားခြင်းခံခဲ့ရကြောင်းအေးဂျင့်ဒေကိုကဖွင့်ဟလာပါတယ်။

ရာဖင်ညာဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာလတုန်းကရန်းနက်စ်မှလိဒ်သို့ပြောင်းရွှေ့ကြေး ပေါင်၁၇သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာလိဒ်သို့ရောက်လာပြီးနောက်နည်ပြမာဆယ်လိုဘီရဲလ်ဆာရဲ့ပွဲထွက်လူစာရင်းတွင်ပုံမှန်ကစားခွင့်ရလာခဲ့ပါတယ်။

သူဟာလိဒ်တွင်ကစားတဲ့ပထမဆုံးရာသီတွင်ပင်အသင်းကိုပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၉နေရာမှာရပ်တည်နိုင်အောင်အဓိကနေရာမှကူညီပြီးနောက်ထိပ်သီးကလပ်များရဲ့စိတ်ဝင်စားခြင်းခံလာရပါတယ်။

ဒေကိုက “ရာဖင်ညာကပရီးမီးယားလိဂ်မှာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာပါတယ်။ကလပ်ကလည်းသူ့ရဲ့တိုးတက်မှုကိုသိနေပါတယ်။ဘာဖြစ်လာမလဲဆိုတာကိုလည်းသိထားပြီးသားပါ။သူကငယ်ရွယ်ပါတယ်။ရှေ့မှာစိန်ခေါ်မှုတွေအများကြီးကြုံရပါဦးမယ်။သူ့ကိုခေါ်ချင်တဲ့ကလပ်တွေရှိတယ်။လီဗာပူးကသူ့ကိုကြိုက်ပါတယ်။ချဉ်ကပ်မှုလည်းရှိပါတယ်။တရားကမ်းလှမ်းတာမျိုးတော့မလုပ်ခဲ့ပါဘူး။လိဒ်ကလည်းသူ့ကိုနောက်ထပ်တစ်ရာသီထိန်းထားချင်ခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ဒေကိုကဘရာဇီးလက်ရွေးစင်ကစားသမားဟာလာမယ့်နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကောင်းမွန်တဲ့ကမ်းလှမ်းမှုရရှိလာပါကလက်ခံရန်အသင့်ရှိနေကြောင်းလည်းဆိုသွားပါတယ်။ရာဖင်ညာဟာလိဒ်နှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။

ZawGyi

ရာဖင္ညာကို ေခၚယူရန္ လီဗာပူးစိတ္ဝင္စားခဲ့ေၾကာင္း ေအးဂ်င့္အတည္ျပဳ

ဘရာဇီးလက္ေ႐ြးစင္ေတာင္ပံကစားသမားရာဖင္ညာဟာလိဒ္ယူႏိုက္တက္ႏွင့္အတူေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကလီဗာပူးရဲ႕စိတ္ဝင္စားျခင္းခံခဲ့ရေၾကာင္းေအးဂ်င့္ေဒကိုကဖြင့္ဟလာပါတယ္။

ရာဖင္ညာဟာ၂၀၂၀ခုႏွစ္၊ေအာက္တိုဘာလတုန္းကရန္းနက္စ္မွလိဒ္သို႔ေျပာင္းေ႐ႊ႕ေၾကး ေပါင္၁၇သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။သူဟာလိဒ္သို႔ေရာက္လာၿပီးေနာက္နည္ျပမာဆယ္လိုဘီရဲလ္ဆာရဲ႕ပြဲထြက္လူစာရင္းတြင္ပုံမွန္ကစားခြင့္ရလာခဲ့ပါတယ္။

သူဟာလိဒ္တြင္ကစားတဲ့ပထမဆုံးရာသီတြင္ပင္အသင္းကိုပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၉ေနရာမွာရပ္တည္ႏိုင္ေအာင္အဓိကေနရာမွကူညီၿပီးေနာက္ထိပ္သီးကလပ္မ်ားရဲ႕စိတ္ဝင္စားျခင္းခံလာရပါတယ္။

ေဒကိုက “ရာဖင္ညာကပရီးမီးယားလိဂ္မွာအေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္လာပါတယ္။ကလပ္ကလည္းသူ႔ရဲ႕တိုးတက္မႈကိုသိေနပါတယ္။ဘာျဖစ္လာမလဲဆိုတာကိုလည္းသိထားၿပီးသားပါ။သူကငယ္႐ြယ္ပါတယ္။ေရွ႕မွာစိန္ေခၚမႈေတြအမ်ားႀကီးႀကဳံရပါဦးမယ္။သူ႔ကိုေခၚခ်င္တဲ့ကလပ္ေတြရွိတယ္။လီဗာပူးကသူ႔ကိုႀကိဳက္ပါတယ္။ခ်ဥ္ကပ္မႈလည္းရွိပါတယ္။တရားကမ္းလွမ္းတာမ်ိဳးေတာ့မလုပ္ခဲ့ပါဘူး။လိဒ္ကလည္းသူ႔ကိုေနာက္ထပ္တစ္ရာသီထိန္းထားခ်င္ခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ေဒကိုကဘရာဇီးလက္ေ႐ြးစင္ကစားသမားဟာလာမယ့္ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေကာင္းမြန္တဲ့ကမ္းလွမ္းမႈရရွိလာပါကလက္ခံရန္အသင့္ရွိေနေၾကာင္းလည္းဆိုသြားပါတယ္။ရာဖင္ညာဟာလိဒ္ႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။