ရာဖင်ညာကို တံတောင်စာကျွေးပြီး ဘာမှမလုပ်ခဲ့သလို ချက်ချင်းပွေ့ထူခဲ့တဲ့ အိုတာမန်ဒီ

နီကိုလပ်စ်အိုတာမန်ဒီဟာယနေ့နံနက်ပိုင်းတုန်းကဘရာဇီးနှင့်အာဂျင်တီးနားတို့ရဲ့တောင်အမေရိကဒါဘီပွဲစဉ်မှာရာဖင်ညာကိုအားကုန်သုံးပြီးတံတောင်ဖြင့်တွက်ခဲ့ပါတယ်။ပြီးတော့သူဟာဘာမှမဖြစ်ခဲ့သလိုမျိုးကွင်းထဲမှာလဲကျနေတဲ့ရာဖင်ညာကိုပွေ့ထူဖို့ကြိုးပမ်းခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းကကစားတဲ့ဘရာဇီးနှင့်အာဂျင်တီးနားတို့ရဲ့ပွဲစဉ်ဟာပရိသတ်များဖျော်ဖြေမှုပေးတဲ့ပွဲတစ်ပွဲမဖြစ်ခဲ့ပါဘူး။ဖျော်ဖြေမှုမရှိသလိုဂိုးမရှိသရေကျခဲ့ပါတယ်။ပြစ်ဒဏ်ကျူးလွန်မှု၄၂ကြိမ်အထိဖြစ်ခဲ့ပြီးအဝါကတ်၇ကတ်သုံးခဲ့ရပါတယ်။

အထူးသဖြင့်ဘင်ဖီကာနောက်ခံလူအိုတာမန်ဒီဟာဒီပွဲမှာအနီကတ်ပြသခြင်းမခံခဲ့ရတာတော်တော်ကံကောင်းတယ်ဆိုရပါမယ်။သူဟာပထမပိုင်းမှာလိဒ်ယူနိုက်တက်စတားရာဖင်ညာကိုတံတောင်ဖြင့်တမင်ရည်ရွယ်ချက်ရှိရှိတွက်ခဲ့မှုအတွက်အနီကတ်ပြသခြင်းခံရသင့်ပါတယ်။

အသက်၃၃နှစ်ရှိမန်စီးတီးနောက်ခံလူဟောင်းဟာရာဖင်ညာရဲ့မျက်နှာကိုတံတွက်ဖြင့်တွက်ခဲ့ပါတယ်။သူဟာရာဖင်ညာလဲကျချိန်မှာသူ့လုပ်ရပ်အတွက်တောင်းပန်မှုပြုလုပ်ရမယ့်အစားဘာမှမဖြစ်နေသလိုဟန်ဆောင်မနေနဲ့လို့ပြောသလိုမျိုးပွေ့ထူဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။

ရာဖင်ညာဟာအိုတာမန်ဒီကိုအရေးယူဖို့အတွက်ဒိုင်လူကြီးစောဒကတက်ခဲ့ပါတယ်။ဒါပေမယ့်ဒီပွဲမှာVAR ပါဝင်ပေမယ့်လည်အနီကတ်ပြသခဲ့ခြင်းမရှိပါဘူး။ရာဖင်ညာကတော့နှုတ်ခမ်းကွဲဒဏ်ရာရရှိခဲ့ပြီးဂွမ်းသုံးပြီးသွေးတိတ်အောင်လုပ်ခဲ့ရပါတယ်။

ဒီပွဲစဉ်မှာအိုတာမန်ဒီဟာရီးရဲလ်မက်ဒရစ်စတားဗီနီစီးယပ်စ်ဂျူနီယာကိုလည်းအကြိမ်ကြိမ်လူချကစားခဲ့တာတွေ့ရပါတယ်။

ZawGyi

ရာဖင္ညာကို တံေတာင္စာေကြၽးၿပီး ဘာမွမလုပ္ခဲ့သလို ခ်က္ခ်င္းေပြ႕ထူခဲ့တဲ့ အိုတာမန္ဒီ

နီကိုလပ္စ္အိုတာမန္ဒီဟာယေန႔နံနက္ပိုင္းတုန္းကဘရာဇီးႏွင့္အာဂ်င္တီးနားတို႔ရဲ႕ေတာင္အေမရိကဒါဘီပြဲစဥ္မွာရာဖင္ညာကိုအားကုန္သုံးၿပီးတံေတာင္ျဖင့္တြက္ခဲ့ပါတယ္။ၿပီးေတာ့သူဟာဘာမွမျဖစ္ခဲ့သလိုမ်ိဳးကြင္းထဲမွာလဲက်ေနတဲ့ရာဖင္ညာကိုေပြ႕ထူဖို႔ႀကိဳးပမ္းခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းကကစားတဲ့ဘရာဇီးႏွင့္အာဂ်င္တီးနားတို႔ရဲ႕ပြဲစဥ္ဟာပရိသတ္မ်ားေဖ်ာ္ေျဖမႈေပးတဲ့ပြဲတစ္ပြဲမျဖစ္ခဲ့ပါဘူး။ေဖ်ာ္ေျဖမႈမရွိသလိုဂိုးမရွိသေရက်ခဲ့ပါတယ္။ျပစ္ဒဏ္က်ဴးလြန္မႈ၄၂ႀကိမ္အထိျဖစ္ခဲ့ၿပီးအဝါကတ္၇ကတ္သုံးခဲ့ရပါတယ္။

အထူးသျဖင့္ဘင္ဖီကာေနာက္ခံလူအိုတာမန္ဒီဟာဒီပြဲမွာအနီကတ္ျပသျခင္းမခံခဲ့ရတာေတာ္ေတာ္ကံေကာင္းတယ္ဆိုရပါမယ္။သူဟာပထမပိုင္းမွာလိဒ္ယူႏိုက္တက္စတားရာဖင္ညာကိုတံေတာင္ျဖင့္တမင္ရည္႐ြယ္ခ်က္ရွိရွိတြက္ခဲ့မႈအတြက္အနီကတ္ျပသျခင္းခံရသင့္ပါတယ္။

အသက္၃၃ႏွစ္ရွိမန္စီးတီးေနာက္ခံလူေဟာင္းဟာရာဖင္ညာရဲ႕မ်က္ႏွာကိုတံတြက္ျဖင့္တြက္ခဲ့ပါတယ္။သူဟာရာဖင္ညာလဲက်ခ်ိန္မွာသူ႔လုပ္ရပ္အတြက္ေတာင္းပန္မႈျပဳလုပ္ရမယ့္အစားဘာမွမျဖစ္ေနသလိုဟန္ေဆာင္မေနနဲ႔လို႔ေျပာသလိုမ်ိဳးေပြ႕ထူဖို႔ႀကိဳးစားခဲ့တာေတြ႕ရပါတယ္။

ရာဖင္ညာဟာအိုတာမန္ဒီကိုအေရးယူဖို႔အတြက္ဒိုင္လူႀကီးေစာဒကတက္ခဲ့ပါတယ္။ဒါေပမယ့္ဒီပြဲမွာVAR ပါဝင္ေပမယ့္လည္အနီကတ္ျပသခဲ့ျခင္းမရွိပါဘူး။ရာဖင္ညာကေတာ့ႏႈတ္ခမ္းကြဲဒဏ္ရာရရွိခဲ့ၿပီးဂြမ္းသုံးၿပီးေသြးတိတ္ေအာင္လုပ္ခဲ့ရပါတယ္။

ဒီပြဲစဥ္မွာအိုတာမန္ဒီဟာရီးရဲလ္မက္ဒရစ္စတားဗီနီစီးယပ္စ္ဂ်ဴနီယာကိုလည္းအႀကိမ္ႀကိမ္လူခ်ကစားခဲ့တာေတြ႕ရပါတယ္။