ရာဖေးလ်ဗာရိန်းအပြောင်းအရွှေ့အား အပြီးသတ်လုပ်ဆောင်လိုက်ပြီဖြစ်တဲ့ သရဲနီ

မန်ယူဟာရီးရဲလ်မက်ဒရစ်နောက်ခံလူရာဖေးလ်ဗာရိန်းအားပြောင်းရွှေ့ကြေးပေါင်၄၂သန်းဖြင့်ခေါ်ယူရေးကိုအပြီးသတ်လုပ်ဆောင်လိုက်နိုင်ပြီဖြစ်ပါတယ်။မန်ယူဟာအိုးထရက်ဖို့ဒ်တွင်လိဒ်နှင့်ရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်မီအနည်းငယ်အလိုတွင်ဗာရိန်းအပြောင်းအရွှေ့ကိုမန်ယူပရိသတ်ရှေ့မှောက်မှာကြေညာလိုက်တာလည်းဖြစ်ပါတယ်။

မန်ယူဟာပြီးခဲ့တဲ့လကတည်းကဗာရိန်းအားခေါ်ယူရန်သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။မန်ယူဟာအသက်၂၈နှစ်ရှိပြင်သစ်လက်ရွေးစင်ဗဟိုနောက်ခံလူအတွက်ပြောင်းရွှေ့ကြေးပေါင်၃၄သန်းအပြင်အောင်မြင်မှုအပေါ်မူတည်ပြီးနောက်ထပ်ပေါင်၈သန်းထပ်မံပေးရပါမယ်။

ဗာရိန်းဟာပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းကမန်ယူရဲ့ Aon Traning Complex သို့ရောက်လာကာအပြီးသတ်ဆေးစစ်မှုယူခဲ့သူလည်းဖြစ်ပါတယ်။

ယခုအခါဗာရိန်းဟာမန်ယူအသင်းနှင့်လေးနှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီးယင်းစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်းပါဝင်ပါတယ်။

ရာဖေးလ်ဗာရိန်းဟာမန်ယူတွင်ကျောနံပါတ်၁၉ကိုဝတ်ဆင်ကစားသွားပါမယ်။

ZawGyi

ရာေဖးလ္ဗာရိန္းအေျပာင္းအေ႐ႊ႕အား အၿပီးသတ္လုပ္ေဆာင္လိုက္ၿပီျဖစ္တဲ့ သရဲနီ

မန္ယူဟာရီးရဲလ္မက္ဒရစ္ေနာက္ခံလူရာေဖးလ္ဗာရိန္းအားေျပာင္းေ႐ႊ႕ေၾကးေပါင္၄၂သန္းျဖင့္ေခၚယူေရးကိုအၿပီးသတ္လုပ္ေဆာင္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။မန္ယူဟာအိုးထရက္ဖို႔ဒ္တြင္လိဒ္ႏွင့္ရင္ဆိုင္ရမယ့္ပရီးမီးယားလိဂ္အဖြင့္ပြဲမတိုင္မီအနည္းငယ္အလိုတြင္ဗာရိန္းအေျပာင္းအေ႐ႊ႕ကိုမန္ယူပရိသတ္ေရွ႕ေမွာက္မွာေၾကညာလိုက္တာလည္းျဖစ္ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့လကတည္းကဗာရိန္းအားေခၚယူရန္သေဘာတူညီမႈရရွိထားတာျဖစ္ပါတယ္။မန္ယူဟာအသက္၂၈ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ဗဟိုေနာက္ခံလူအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းအျပင္ေအာင္ျမင္မႈအေပၚမူတည္ၿပီးေနာက္ထပ္ေပါင္၈သန္းထပ္မံေပးရပါမယ္။

ဗာရိန္းဟာၿပီးခဲ့တဲ့အဂၤါေန႔ကတည္းကမန္ယူရဲ႕ Aon Traning Complex သို႔ေရာက္လာကာအၿပီးသတ္ေဆးစစ္မႈယူခဲ့သူလည္းျဖစ္ပါတယ္။

ယခုအခါဗာရိန္းဟာမန္ယူအသင္းႏွင့္ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီးယင္းစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္လည္းပါဝင္ပါတယ္။

ရာေဖးလ္ဗာရိန္းဟာမန္ယူတြင္ေက်ာနံပါတ္၁၉ကိုဝတ္ဆင္ကစားသြားပါမယ္။