ရာဘာစူး ၂၈၈ ချောင်းပါဝင်တဲ့ ပေါင်၁၀၀တန် လက်အိတ်ကို အီတလီဂိုးသမားဒွန်နာရမ်မာအသုံးပြုနေ

အီတလီဂိုးသမားဂျီယန်လူကာဒွန်နာရမ်မာဟာဘယ်လ်ဂျီယံအားအနိုင်ရရှိတဲ့ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်တုန်းက အက်ဒီးဒက်စ်ကထုတ်လုပ်ထားတဲ့ Predators လက်အိတ်ကိုဝတ်ဆင်အသုံးပြုသွားခဲ့ပါတယ်။

အသက်၂၂နှစ်ရှိအီတလီဂိုးသမားဟာဖိနပ်နဲ့လိုက်ဖက်ညီတဲ့ Predators Pro လက်အိတ်အသုံးပြုနေတာလည်းဖြစ်ပါတယ်။

ဒွန်နာရာမန်ရဲ့Predators Pro လက်အိတ်ဟာဘယ်လ်ဂျီယံကို၂-၁ဂိုးဖြင့်အနိုင်ရရှိအောင်အီတလီကိုအကူအညီပေးနိုင်ခဲ့ပါတယ်။အီတလီဟာဘယ်လ်ဂျီယံကိုအနိုင်ရရှိကာယူရို၂၀၂၀ဆီမီးသို့တက်နိုင်ခဲ့ပါတယ်။

သူဟာကမ္ဘာ့အဆင့်နံပါတ်တစ်နေရာမှာကာလရှည်ကြာရပ်တည်နေတဲ့ဘယ်လ်ဂျီယံနှင့်ပွဲမှာအထူးလက်စွမ်းပြကာကာကွယ်မှုအချို့ပြုလုပ်နိုင်ခဲ့ပါတယ်။

Predator စီးရီးက အက်ဒီးဒက်စ်ရဲ့နာမည်ကျော်စီးရီးများထဲမှတစ်ခုဖြစ်ပြီးအင်္ဂလန်ဂန္ထဝင်များဖြစ်ကြတဲ့စတီဗင်ဂျရတ်၊ဒေးဗစ်ဘက်ဟမ်းတို့ကစားသမားဘဝတုန်းကဝတ်ဆင်ခဲ့ကြပါတယ်။

တစ်ဖက်တွင်ထိပ်တန်းဂိုးသမားစာရင်းမှာပါဝင်တဲ့ဒွန်နာရမ်မာဟာလည်း Predator ကိုအသုံးပြုနေပါတယ်။

ဒွန်နာရမ်မာဝတ်ဆင်ခဲ့တဲ့ Predator Pro လက်အိတ်တန်ဖိုးကပေါင်၁၀၀ဖြစ်ပြီးဖြတ်တင်ဘောများကိုလက်သီးထိုးပုတ်ထုတ်ရာမှာအထောက်အကူဖြစ်စေဖို့ရာဘာစူး၂၈၈ ချောင်းပါဝင်ပါတယ်။

လက်ရှိအချိန်တွင်ယင်းလက်အိတ်ကိုမန်ယူဂိုးသမားဒီဂီယာ၊အင်္ဂလန်လူငယ်ဂိုးသမားရမ်ဒဲလ်တို့လည်းအသုံးပြုနေပါတယ်။

ဒွန်နာရမ်မာဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာအေစီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ထွက်ခွာလာခဲ့သူဖြစ်ပြီးကလပ်သစ်ကိုမကြေညာသေးပါဘူး။

ဒါပေမယ့်သူဟာပီအက်စ်ဂျီသို့ပေါင်၂၀၀၀၀၀တန်ငါးနှစ်စာချုပ်ဖြင့်ပြောင်းဖို့သဘောတူညီမှုရရှိထားကြောင်းသတင်းထွက်နေပါတယ်။

ZawGyi

ရာဘာစူး ၂၈၈ ေခ်ာင္းပါဝင္တဲ့ ေပါင္၁၀၀တန္ လက္အိတ္ကို အီတလီဂိုးသမားဒြန္နာရမ္မာအသုံးျပဳေန

အီတလီဂိုးသမားဂ်ီယန္လူကာဒြန္နာရမ္မာဟာဘယ္လ္ဂ်ီယံအားအႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္ပြဲစဥ္တုန္းက အက္ဒီးဒက္စ္ကထုတ္လုပ္ထားတဲ့ Predators လက္အိတ္ကိုဝတ္ဆင္အသုံးျပဳသြားခဲ့ပါတယ္။

အသက္၂၂ႏွစ္ရွိအီတလီဂိုးသမားဟာဖိနပ္နဲ႔လိုက္ဖက္ညီတဲ့ Predators Pro လက္အိတ္အသုံးျပဳေနတာလည္းျဖစ္ပါတယ္။

ဒြန္နာရာမန္ရဲ႕Predators Pro လက္အိတ္ဟာဘယ္လ္ဂ်ီယံကို၂-၁ဂိုးျဖင့္အႏိုင္ရရွိေအာင္အီတလီကိုအကူအညီေပးႏိုင္ခဲ့ပါတယ္။အီတလီဟာဘယ္လ္ဂ်ီယံကိုအႏိုင္ရရွိကာယူ႐ို၂၀၂၀ဆီမီးသို႔တက္ႏိုင္ခဲ့ပါတယ္။

သူဟာကမာၻ႔အဆင့္နံပါတ္တစ္ေနရာမွာကာလရွည္ၾကာရပ္တည္ေနတဲ့ဘယ္လ္ဂ်ီယံႏွင့္ပြဲမွာအထူးလက္စြမ္းျပကာကာကြယ္မႈအခ်ိဳ႕ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

Predator စီးရီးက အက္ဒီးဒက္စ္ရဲ႕နာမည္ေက်ာ္စီးရီးမ်ားထဲမွတစ္ခုျဖစ္ၿပီးအဂၤလန္ဂႏၴဝင္မ်ားျဖစ္ၾကတဲ့စတီဗင္ဂ်ရတ္၊ေဒးဗစ္ဘက္ဟမ္းတို႔ကစားသမားဘဝတုန္းကဝတ္ဆင္ခဲ့ၾကပါတယ္။

တစ္ဖက္တြင္ထိပ္တန္းဂိုးသမားစာရင္းမွာပါဝင္တဲ့ဒြန္နာရမ္မာဟာလည္း Predator ကိုအသုံးျပဳေနပါတယ္။

ဒြန္နာရမ္မာဝတ္ဆင္ခဲ့တဲ့ Predator Pro လက္အိတ္တန္ဖိုးကေပါင္၁၀၀ျဖစ္ၿပီးျဖတ္တင္ေဘာမ်ားကိုလက္သီးထိုးပုတ္ထုတ္ရာမွာအေထာက္အကူျဖစ္ေစဖို႔ရာဘာစူး၂၈၈ ေခ်ာင္းပါဝင္ပါတယ္။

လက္ရွိအခ်ိန္တြင္ယင္းလက္အိတ္ကိုမန္ယူဂိုးသမားဒီဂီယာ၊အဂၤလန္လူငယ္ဂိုးသမားရမ္ဒဲလ္တို႔လည္းအသုံးျပဳေနပါတယ္။

ဒြန္နာရမ္မာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာေအစီလန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ထြက္ခြာလာခဲ့သူျဖစ္ၿပီးကလပ္သစ္ကိုမေၾကညာေသးပါဘူး။

ဒါေပမယ့္သူဟာပီအက္စ္ဂ်ီသို႔ေပါင္၂၀၀၀၀၀တန္ငါးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းဖို႔သေဘာတူညီမႈရရွိထားေၾကာင္းသတင္းထြက္ေနပါတယ္။