ရာမို့စ်ထက် လုပ်ခမြင့်မားစွာ တောင်းနေ၍ အလာဘာအား ခေါ်ယူရေး ဆွေးနွေးမှုကို ရီးရဲလ် ရပ်ဆိုင်းထား

ဒေးဗစ်အလာဘာရဲ့လုပ်ခမြင့်မားစွာ တောင်းဆိုမှုကသူ့ရဲ့ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့ဖြစ်ပေါ်လာရန်ခက်ခဲနေ ကြောင်းသိရပါတယ်။

အလာဘာဟာယခုရာသီအကုန်မှာဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးယခုဇန်နဝါရီလကတည်းကနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိနေသူလည်းဖြစ်ပါတယ်။

သူ့ကိုခေါ်ယူရန်မန်ယူ၊ဘာစီလိုနာတို့ကလည်းစိတ်ဝင်စားခဲ့ကြပေမယ့်သူ့ရဲ့လုပ်ခတောင်းဆိုမှုမြင့်မားလွန်းမှုကြောင့်နောက်ဆုတ်သွားခဲ့ကြပြီးလည်းဖြစ်ပါတယ်။

ဩစတြီးယားလက်ရွေးစင်နောက်ခံလူဟာသူ့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ်ဆိုတဲ့အချက်ကိုအခွင့် ကောင်းယူကာမြင့်မားတဲ့လုပ်ခတောင်းဆိုနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကအလာဘာကိုခေါ်ယူလိုနေသော်လည်းကစားသမားဘက်ကအခွန်ဆောင်ပြီးတစ်နှစ်လုပ်ခ ယူရို၁၃သန်း(ဒေါ်လာ၁၆သန်း/ပေါင်၁၂သန်း)ရရှိလိုနေ၍အခက်တွေ့နေပါတယ်။

အလာဘာတောင်းဆိုတဲ့လုပ်ခမှာရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ရာမို့စ်ရဲ့လုပ်ခထက်တောင်မြင့်မားနေပါတယ်။ရာမို့စ်ဟာရီးရဲလ်မက်ဒရစ်အသင်းတွင်သက်တမ်းအရှည်ဆုံးကစားသမားဖြစ်တဲ့အပြင်အသင်းခေါင်းဆောင် ဖြစ်သော်လည်းတစ်နှစ်လုပ်ခယူရို၁၂သန်းသာရရှိနေပါတယ်။

လက်ရှိအချိန်မှာအလာဘာဟာဘယ်ကလပ်နှင့်မျှသဘောတူညီမှုမရသေးပါဘူး။ဘိုင်ယန်မြူးနစ်ကလည်းသူ့ကို စာချုပ်သစ်ချုပ်ဆိုရေးအတွက်ထပ်မံကြိုးပမ်းသွားဖို့စီစဉ်နေပါတယ်။

ZawGyi

ရာမို႔စ္ထက္ လုပ္ချမင့္မားစြာ ေတာင္းေန၍ အလာဘာအား ေခၚယူေရး ေဆြးေႏြးမႈကို ရီးရဲလ္ ရပ္ဆိုင္းထား

ေဒးဗစ္အလာဘာရဲ႕လုပ္ချမင့္မားစြာ ေတာင္းဆိုမႈကသူ႔ရဲ႕ရီးရဲလ္မက္ဒရစ္အေျပာင္းအေ႐ႊ႕ျဖစ္ေပၚလာရန္ခက္ခဲေန ေၾကာင္းသိရပါတယ္။

အလာဘာဟာယခုရာသီအကုန္မွာဘိုင္ယန္ျမဴးနစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးယခုဇန္နဝါရီလကတည္းကႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာ ေဆြးေႏြးခြင့္ရွိေနသူလည္းျဖစ္ပါတယ္။

သူ႔ကိုေခၚယူရန္မန္ယူ၊ဘာစီလိုနာတို႔ကလည္းစိတ္ဝင္စားခဲ့ၾကေပမယ့္သူ႔ရဲ႕လုပ္ခေတာင္းဆိုမႈျမင့္မားလြန္းမႈေၾကာင့္ေနာက္ဆုတ္သြားခဲ့ၾကၿပီးလည္းျဖစ္ပါတယ္။

ဩစႀတီးယားလက္ေ႐ြးစင္ေနာက္ခံလူဟာသူ႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မယ္ဆိုတဲ့အခ်က္ကိုအခြင့္ ေကာင္းယူကာျမင့္မားတဲ့လုပ္ခေတာင္းဆိုေနတာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကအလာဘာကိုေခၚယူလိုေနေသာ္လည္းကစားသမားဘက္ကအခြန္ေဆာင္ၿပီးတစ္ႏွစ္လုပ္ခ ယူ႐ို၁၃သန္း(ေဒၚလာ၁၆သန္း/ေပါင္၁၂သန္း)ရရွိလိုေန၍အခက္ေတြ႕ေနပါတယ္။

အလာဘာေတာင္းဆိုတဲ့လုပ္ခမွာရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ရာမို႔စ္ရဲ႕လုပ္ခထက္ေတာင္ျမင့္မားေနပါတယ္။ရာမို႔စ္ဟာရီးရဲလ္မက္ဒရစ္အသင္းတြင္သက္တမ္းအရွည္ဆုံးကစားသမားျဖစ္တဲ့အျပင္အသင္းေခါင္းေဆာင္ ျဖစ္ေသာ္လည္းတစ္ႏွစ္လုပ္ခယူ႐ို၁၂သန္းသာရရွိေနပါတယ္။

လက္ရွိအခ်ိန္မွာအလာဘာဟာဘယ္ကလပ္ႏွင့္မွ်သေဘာတူညီမႈမရေသးပါဘူး။ဘိုင္ယန္ျမဴးနစ္ကလည္းသူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ထပ္မံႀကိဳးပမ္းသြားဖို႔စီစဥ္ေနပါတယ္။