ရာမို့စ်နောက်ပိုင်း ရလဒ်အဆိုးဆုံးစပါးစ်နည်းပြအဖြစ် မော်ရင်ဟိုရပ်တည်နေ

ဟိုဆေးမော်ရင်ဟိုဟာဟွန်ဒီရာမို့စ်နောက်ပိုင်းတွင်ပရီးမီးယားလိဂ်ရလဒ်အဆိုးရွားဆုံးစပါးစ်နည်းပြအဖြစ် ရပ်တည်နေပါတယ်။ရာမို့စ်နောက်ပိုင်းတွင်စပါးစ်ကိုကိုင်တွယ်ခဲ့တဲ့နည်းပြများထဲမှာရလဒ်အကောင်းဆုံးနည်းပြအဖြစ်တမ်ရှားဝုဒ်ကရပ်တည်နေပါတယ်။

မော်ရင်ဟိုရဲ့စပါးစ်ဟာတနင်္ဂနွေနေ့တုန်းကလန်ဒန်ပြိုင်ဘက်ဝက်စ်ဟမ်းကိုရှုံးနိမ့်ပြီးနောက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ ရေးမျှော်လင့်ချက်ကုန်ဆုံးသလောက်ရှိသွားခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာစပါးစ်သို့ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ပွဲ၅၀ကိုင်တွယ်ထားခဲ့ရာမှာရှုံးပွဲ၁၅ ပွဲကြုံထားရပြီးပျမ်းမျှရမှတ်၁.၆၂မှတ်သာရယူထားနိုင်ပါတယ်။

တမ်ရှားဝုဒ်ဟာ၂၂ပွဲကိုင်တွယ်ခဲ့ရာမှာ၁၃ပွဲနိုင်၊၃ပွဲသရေ၊၆ပွဲရှုံးပြီးပျမ်းမျှ၁.၉၁မှတ်ရယူနိုင်ခဲ့ကာ၅၉ရာခိုင်နှုန်းအနိုင် ရရှိထားပါတယ်။ပိုချက်တီနိုကပျမ်းမျှရမှတ်၁.၈၉မှတ်ဖြင့်ဒုတိယနေရာမှာရပ်တည်နေပြီးဘိုအာ့စ်ကပျမ်းမျှရမှတ် ၁.၈၃မှတ်ဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။ရက်နပ်က၁.၇၄မှတ်ဖြင့်စတုတ္ထနေရာမှာရပ်နေကာမော်ရင်ဟိုကအောက်ဆုံးမှာရပ်တည်နေပါတယ်။

ZawGyi

ရာမို႔စ္ေနာက္ပိုင္း ရလဒ္အဆိုးဆုံးစပါးစ္နည္းျပအျဖစ္ ေမာ္ရင္ဟိုရပ္တည္ေန

ဟိုေဆးေမာ္ရင္ဟိုဟာဟြန္ဒီရာမို႔စ္ေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ရလဒ္အဆိုး႐ြားဆုံးစပါးစ္နည္းျပအျဖစ္ ရပ္တည္ေနပါတယ္။ရာမို႔စ္ေနာက္ပိုင္းတြင္စပါးစ္ကိုကိုင္တြယ္ခဲ့တဲ့နည္းျပမ်ားထဲမွာရလဒ္အေကာင္းဆုံးနည္းျပအျဖစ္တမ္ရွားဝုဒ္ကရပ္တည္ေနပါတယ္။

ေမာ္ရင္ဟိုရဲ႕စပါးစ္ဟာတနဂၤေႏြေန႔တုန္းကလန္ဒန္ၿပိဳင္ဘက္ဝက္စ္ဟမ္းကိုရႈံးနိမ့္ၿပီးေနာက္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိ ေရးေမွ်ာ္လင့္ခ်က္ကုန္ဆုံးသေလာက္ရွိသြားခဲ့ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာစပါးစ္သို႔ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၅၀ကိုင္တြယ္ထားခဲ့ရာမွာရႈံးပြဲ၁၅ ပြဲႀကဳံထားရၿပီးပ်မ္းမွ်ရမွတ္၁.၆၂မွတ္သာရယူထားႏိုင္ပါတယ္။

တမ္ရွားဝုဒ္ဟာ၂၂ပြဲကိုင္တြယ္ခဲ့ရာမွာ၁၃ပြဲႏိုင္၊၃ပြဲသေရ၊၆ပြဲရႈံးၿပီးပ်မ္းမွ်၁.၉၁မွတ္ရယူႏိုင္ခဲ့ကာ၅၉ရာခိုင္ႏႈန္းအႏိုင္ ရရွိထားပါတယ္။ပိုခ်က္တီႏိုကပ်မ္းမွ်ရမွတ္၁.၈၉မွတ္ျဖင့္ဒုတိယေနရာမွာရပ္တည္ေနၿပီးဘိုအာ့စ္ကပ်မ္းမွ်ရမွတ္ ၁.၈၃မွတ္ျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။ရက္နပ္က၁.၇၄မွတ္ျဖင့္စတုတၳေနရာမွာရပ္ေနကာေမာ္ရင္ဟိုကေအာက္ဆုံးမွာရပ္တည္ေနပါတယ္။