ရာမို့စ်နှင့် ဟာဇက်တို့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ

အေဒင်ဟာဇက်နှင့်ဆာဂျီယိုရာမို့စ်တို့ဟာရီးရဲလ်မက်ဒရစ်ကစားဖော်များနှင့်အတူလေ့ကျင့်ခန်းဆင်းပြန်ဆင်းနိုင်ပြီ ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါကစားသမားနှစ်ဦးလုံးတို့ဟာယခုအပတ်အကုန်တွင်ကစားရမယ့်အယ်လ်ချီနှင့်ပွဲစဉ်မှာပါဝင်လာနိုင်ကြပါတယ်။၎င်းတို့နှစ်ဦးဟာလာမယ့်အပတ်ကြားရက်မှာအတ္တလန္တာနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ရှုံးထွက်ဒုတိယအ ကျော့ပွဲစဉ်တွင်ပါဝင်လာနိုင်ရန်သေချာနေပါတယ်။

ဟာဇက်ဟာပေါင်ကြွက်သားဒဏ်ရာကြောင့်ခြောက်ပတ်ကြာအနားယူလာခဲ့ရသူဖြစ်ပါတယ်။သူဟာ၂၀၁၉ခုနှစ်နွေ ရာသီတွင်ချဲလ်ဆီးမှရောက်လာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာခဲ့ရသူဖြစ်ပြီးပွဲ၂၀တည်းသာပွဲထွက် ကစားထားနိုင်ပါတယ်။

ရာမို့စ်မှာလည်းဇန်နဝါရီလလယ်ပိုင်းတုန်းကဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးအနားယူလာခဲ့ရပါတယ်။

ဇီဒန်းဟာဒဏ်ရာပြဿနာများကြောင့်ပထမအသင်းကစားသမား၁၂ဦးအထိသာရွေးချယ်နိုင်တော့တဲ့အခြေအနေမျိုးနှင့်ကြုံခဲ့ရဖူးပြီးယခုအခါကစားသမားများမှာတဖြည်းဖြည်းနလန်ထူလာကြပြီဖြစ်ပါတယ်။

ZawGyi

ရာမို႔စ္ႏွင့္ ဟာဇက္တို႔ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီ

ေအဒင္ဟာဇက္ႏွင့္ဆာဂ်ီယိုရာမို႔စ္တို႔ဟာရီးရဲလ္မက္ဒရစ္ကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္းဆင္းျပန္ဆင္းႏိုင္ၿပီ ျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါကစားသမားႏွစ္ဦးလုံးတို႔ဟာယခုအပတ္အကုန္တြင္ကစားရမယ့္အယ္လ္ခ်ီႏွင့္ပြဲစဥ္မွာပါဝင္လာႏိုင္ၾကပါတယ္။၎တို႔ႏွစ္ဦးဟာလာမယ့္အပတ္ၾကားရက္မွာအတၱလႏၲာႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ရႈံးထြက္ဒုတိယအ ေက်ာ့ပြဲစဥ္တြင္ပါဝင္လာႏိုင္ရန္ေသခ်ာေနပါတယ္။

ဟာဇက္ဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ေျခာက္ပတ္ၾကာအနားယူလာခဲ့ရသူျဖစ္ပါတယ္။သူဟာ၂၀၁၉ခုႏွစ္ေႏြ ရာသီတြင္ခ်ဲလ္ဆီးမွေရာက္လာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာခဲ့ရသူျဖစ္ၿပီးပြဲ၂၀တည္းသာပြဲထြက္ ကစားထားႏိုင္ပါတယ္။

ရာမို႔စ္မွာလည္းဇန္နဝါရီလလယ္ပိုင္းတုန္းကဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးအနားယူလာခဲ့ရပါတယ္။

ဇီဒန္းဟာဒဏ္ရာျပႆနာမ်ားေၾကာင့္ပထမအသင္းကစားသမား၁၂ဦးအထိသာေ႐ြးခ်ယ္ႏိုင္ေတာ့တဲ့အေျခအေနမ်ိဳးႏွင့္ႀကဳံခဲ့ရဖူးၿပီးယခုအခါကစားသမားမ်ားမွာတျဖည္းျဖည္းနလန္ထူလာၾကၿပီျဖစ္ပါတယ္။