ရာမို့စ်မှာအနားယူရန်အစီအစဉ်မရှိသလို ပီအက်စ်ဂျီနှင့်စာချုပ်ဖျက်သိမ်းရန်လည်း အစီအစဉ်မရှိ

ဆာဂျီယိုရာမို့စ်ရဲ့အေးဂျင့်နှင့်အစ်ကိုဖြစ်သူရီနီရာမို့စ်ကစပိန်နောက်ခံလူမှာ ပီအက်စ်ဂျီနှင့်စာချုပ်ဖျက်သိမ်းပြီးထွက်ခွာရန်အစီအစဉ်မရှိသလိုကစားသမားဘဝမှအနားယူရန်လည်းအစီအစဉ်မရှိကြောင်းပြောကြားလာပါတယ်။

အသက်၃၅နှစ်ရှိဆာဂျီယိုရာမို့စ်ဟာနွေရာသီတွင်ရီးရဲလ်မက်ဒရစ်မှထွက်ခွာကာ ပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့ပြီးနောက်ဒဏ်ရာကြောင့်တစ်ပွဲမျှမကစားနိုင်သေးပါဘူး။

ဒါကြောင့်လည်းပီအက်စ်ဂျီဟာအသက်၃၅နှစ်ရှိရာမို့စ်ရဲ့အပေါ်တွင်စိတ်ရှည်မှုမရှိတော့ဘဲလာမယ့်ဇန်နဝါရီတွင်စာချုပ်ဖျက်သိမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီအနေဖြင့်ရာမို့စ်ရဲ့စာချုပ်ကိုဖျက်သိမ်းမယ်ဆိုပါကကစားသမားဘက်ကလျှော့မပေးလျှင်ပေါင်သန်း၂၀အထိလျော်ကြေးပေးရမယ့်ကိန်းရှိပါတယ်။

ယခုအခါအစ်ကိုဖြစ်သူရီနီရာမို့စ်က “‘ဆာဂျီယိုရာမို့စ်ဟာအနားယူဖို့သော်လည်းကောင်း၊စာချုပ်ဖျက်သိမ်းဖို့သော်လည်းကောင်းအစီအစဉ်မရှိပါဘူး။ဒါနဲ့ပတ်သက်ပြီးဆာဂျီယိုအပေါ်သံသယဝင်စရာမရှိပါဘူး။ဒါကကြံ့ခိုင်မှုပိုင်းပြဿနာပါ။သူကစားနိုင်တဲ့အချိန်ကျရင်ကစားပါမယ်”လို့ပြောကြားလာပါတယ်။

ZawGyi

ရာမို႔စ္မွာအနားယူရန္အစီအစဥ္မရွိသလို ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္ဖ်က္သိမ္းရန္လည္း အစီအစဥ္မရွိ

ဆာဂ်ီယိုရာမို႔စ္ရဲ႕ေအးဂ်င့္ႏွင့္အစ္ကိုျဖစ္သူရီနီရာမို႔စ္ကစပိန္ေနာက္ခံလူမွာ ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးထြက္ခြာရန္အစီအစဥ္မရွိသလိုကစားသမားဘဝမွအနားယူရန္လည္းအစီအစဥ္မရွိေၾကာင္းေျပာၾကားလာပါတယ္။

အသက္၃၅ႏွစ္ရွိဆာဂ်ီယိုရာမို႔စ္ဟာေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္မွထြက္ခြာကာ ပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ဒဏ္ရာေၾကာင့္တစ္ပြဲမွ်မကစားႏိုင္ေသးပါဘူး။

ဒါေၾကာင့္လည္းပီအက္စ္ဂ်ီဟာအသက္၃၅ႏွစ္ရွိရာမို႔စ္ရဲ႕အေပၚတြင္စိတ္ရွည္မႈမရွိေတာ့ဘဲလာမယ့္ဇန္နဝါရီတြင္စာခ်ဳပ္ဖ်က္သိမ္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီအေနျဖင့္ရာမို႔စ္ရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းမယ္ဆိုပါကကစားသမားဘက္ကေလွ်ာ့မေပးလွ်င္ေပါင္သန္း၂၀အထိေလ်ာ္ေၾကးေပးရမယ့္ကိန္းရွိပါတယ္။

ယခုအခါအစ္ကိုျဖစ္သူရီနီရာမို႔စ္က “‘ဆာဂ်ီယိုရာမို႔စ္ဟာအနားယူဖို႔ေသာ္လည္းေကာင္း၊စာခ်ဳပ္ဖ်က္သိမ္းဖို႔ေသာ္လည္းေကာင္းအစီအစဥ္မရွိပါဘူး။ဒါနဲ႔ပတ္သက္ၿပီးဆာဂ်ီယိုအေပၚသံသယဝင္စရာမရွိပါဘူး။ဒါကႀကံ့ခိုင္မႈပိုင္းျပႆနာပါ။သူကစားႏိုင္တဲ့အခ်ိန္က်ရင္ကစားပါမယ္”လို႔ေျပာၾကားလာပါတယ္။