ရာမို့စ်ရဲ့စာချုပ်ကို ဖျက်သိမ်းမယ်ဆိုရင် လျော်ကြေး တနင့်တပိုး ပေးရမယ့် ကိန်းဆိုက်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာအသင်းအတွက်တစ်ပွဲမျှမကစားပေးနိုင်ခြင်းမရှိသေးတဲ့ရီးရဲလ်မက်ဒရစ်ဂန္ထဝင်နောက်ခံလူဆာဂျီယိုရာမို့စ်ရဲ့စာချုပ်ကိုဖျက်သိမ်းဖို့လုပ်နေကြောင်းသတင်းထွက်ပေါ်ခဲ့ပါတယ်။

ရာမို့စ်ဟာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်မှထွက်ခွာလာပြီးနောက်ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ပါတယ်။ဒါပေမယ့်စပိန်နောက်ခံလူဟာပီအက်စ်ဂျီအတွက်တစ်ပွဲမျှကစားပေးနိုင်ခြင်းမရှိသေးပါဘူး။

အက်၃၅နှစ်ရှိရာမို့စ်ဟာမေလတုန်းကရရှိတဲ့ခြေသလုံးဒဏ်ရာကြောင့်အနားယူလာခဲ့ရတာဖြစ်ပြီးစပိန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲကိုလည်းလွဲချော်ခဲ့သူဖြစ်ပါတယ်။

ရာမို့စ်ရဲ့ဒဏ်ရာပြဿနာအခြေအနေအပေါ်တွင်ပီအက်စ်ဂျီဟာစိတ်မရှည်နိုင်အောင်ဖြစ်နေပြီးစာချုပ်ဖျက်သိမ်းရန်စဉ်းစားနေကြောင်း Le Parisien ကဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရပီအက်စ်ဂျီအတွက်ဆာဂျီယိုရာမို့စ်စာချုပ်ဖျက်သိမ်းရေးကဆုပ်လည်းစူး၊စားလည်းရူးရကိန်းဆိုက်နေပါတယ်။ပီအက်စ်ဂျီဟာဆာဂျီယိုရာမို့စ်ရဲ့စာချုပ်ကိုဖျက်သိမ်းမယ်ဆိုတာကနစ်နာကြေးတနင့်တပိုးရမယ့်ကိန်းဆိုက်နေပါတယ်။

ရာမို့စ်ရဲ့ပီအက်စ်ဂျီနှင့်ချုပ်ဆိုထားတဲ့စာချုပ်က၂၀၂၃ခုနှစ်၊ဇွန်လအထိချုပ်ဆိုထားဖြစ်ပါတယ်။ပီအက်စ်ဂျီအနေဖြင့်စာချုပ်ဖျက်သိမ်းဖို့အတွက်ပေါင်သန်း၂၀(ယူရို၂၄သန်း)အထိသုံးရပါမယ်။ပီအက်စ်ဂျီအနေဖြင့်ယင်းထက်နည်းပါးတဲ့လျော်ကြေးဖြင့်စာချုပ်ဖျက်သိမ်းလိုပါကကစားသမားဘက်ကသဘောတူညီမှုရဖို့လိုပါသေးတယ်။

သေချာတာကတော့ပီအက်စ်ဂျီဟာရာမို့စ်ရဲ့စာချုပ်ကိုဖျက်သိမ်းလိုပါကနစ်နာကြေးများစွာပေးရဖို့သေချာနေပါတယ်။ရာမို့စ်ကတော့ပီအက်စ်ဂျီထံမှလျော်ကြေးတနင့်တပိုးရယူပြီးထွက်ခွာကာကလပ်သစ်ရှာဖွေသွားပါလိမ့်မယ်။

ZawGyi

ရာမို႔စ္ရဲ႕စာခ်ဳပ္ကို ဖ်က္သိမ္းမယ္ဆိုရင္ ေလ်ာ္ေၾကး တနင့္တပိုး ေပးရမယ့္ ကိန္းဆိုက္ေနတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာအသင္းအတြက္တစ္ပြဲမွ်မကစားေပးႏိုင္ျခင္းမရွိေသးတဲ့ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ေနာက္ခံလူဆာဂ်ီယိုရာမို႔စ္ရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းဖို႔လုပ္ေနေၾကာင္းသတင္းထြက္ေပၚခဲ့ပါတယ္။

ရာမို႔စ္ဟာေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္မွထြက္ခြာလာၿပီးေနာက္ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့ပါတယ္။ဒါေပမယ့္စပိန္ေနာက္ခံလူဟာပီအက္စ္ဂ်ီအတြက္တစ္ပြဲမွ်ကစားေပးႏိုင္ျခင္းမရွိေသးပါဘူး။

အက္၃၅ႏွစ္ရွိရာမို႔စ္ဟာေမလတုန္းကရရွိတဲ့ေျခသလုံးဒဏ္ရာေၾကာင့္အနားယူလာခဲ့ရတာျဖစ္ၿပီးစပိန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလည္းလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

ရာမို႔စ္ရဲ႕ဒဏ္ရာျပႆနာအေျခအေနအေပၚတြင္ပီအက္စ္ဂ်ီဟာစိတ္မရွည္ႏိုင္ေအာင္ျဖစ္ေနၿပီးစာခ်ဳပ္ဖ်က္သိမ္းရန္စဥ္းစားေနေၾကာင္း Le Parisien ကေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ယေန႔ထြက္ေပၚလာတဲ့သတင္းအရပီအက္စ္ဂ်ီအတြက္ဆာဂ်ီယိုရာမို႔စ္စာခ်ဳပ္ဖ်က္သိမ္းေရးကဆုပ္လည္းစူး၊စားလည္း႐ူးရကိန္းဆိုက္ေနပါတယ္။ပီအက္စ္ဂ်ီဟာဆာဂ်ီယိုရာမို႔စ္ရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းမယ္ဆိုတာကနစ္နာေၾကးတနင့္တပိုးရမယ့္ကိန္းဆိုက္ေနပါတယ္။

ရာမို႔စ္ရဲ႕ပီအက္စ္ဂ်ီႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္က၂၀၂၃ခုႏွစ္၊ဇြန္လအထိခ်ဳပ္ဆိုထားျဖစ္ပါတယ္။ပီအက္စ္ဂ်ီအေနျဖင့္စာခ်ဳပ္ဖ်က္သိမ္းဖို႔အတြက္ေပါင္သန္း၂၀(ယူ႐ို၂၄သန္း)အထိသုံးရပါမယ္။ပီအက္စ္ဂ်ီအေနျဖင့္ယင္းထက္နည္းပါးတဲ့ေလ်ာ္ေၾကးျဖင့္စာခ်ဳပ္ဖ်က္သိမ္းလိုပါကကစားသမားဘက္ကသေဘာတူညီမႈရဖို႔လိုပါေသးတယ္။

ေသခ်ာတာကေတာ့ပီအက္စ္ဂ်ီဟာရာမို႔စ္ရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းလိုပါကနစ္နာေၾကးမ်ားစြာေပးရဖို႔ေသခ်ာေနပါတယ္။ရာမို႔စ္ကေတာ့ပီအက္စ္ဂ်ီထံမွေလ်ာ္ေၾကးတနင့္တပိုးရယူၿပီးထြက္ခြာကာကလပ္သစ္ရွာေဖြသြားပါလိမ့္မယ္။