ရာမို့စ်အား ပီအက်စ်ဂျီ ခေါ်ယူလိုက်မှုအပေါ် ဘာကြောင့်စိတ်မကောင်းဖြစ်ရလဲ ဆေးလ်ဗားဖွင့်ဟလာ

တီယာဂိုဆေးလ်ဗားဟာပီအက်စ်ဂျီရဲ့ဆာဂျီယိုရာမို့စ်အားခေါ်ယူလိုက်မှုကြောင့်အမှန်တကယ်စိတ်မကောင်းဖြစ်ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ပီအက်စ်ဂျီဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဆာဂျီယိုရာမို့စ်အား၂နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ပါတယ်။

တီယာဂိုဆေးလ်ဗားဟာရာမို့စ်ရဲ့အသက်အရွယ်မျိုးတွင်၎င်းကဲ့သို့၂နှစ်စာချုပ်ကမ်းလှမ်းမှုမခံရဘဲပီအက်စ်ဂျီမှထွက်ခွာခဲ့ရသူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်နွေမှာပီအက်စ်ဂျီမှထွက်ခွာပြီးချဲလ်ဆီးသို့တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါတစ်နှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။ချဲလ်ဆီးဟာယခုနွေရာသီအစောပိုင်းတုန်းကဆေးလ်ဗားအားတစ်နှစ်သက်တမ်းတိုးခဲ့ပါတယ်။

ဆေးလ်ဗားက “ဆာဂျီယိုရာမို့စ်ကိုခေါ်ယူလိုက်တာနဲ့ပတ်သက်ပြီးကျွန်တော်ကန့်ကွက်စရာမရှိပါဘူး။ဒါပေမယ့်ဆာဂျီယိုကိုသူတို့၂နှစ်စာချုပ်ကမ်းလှမ်းချိန်မှာအသက်အရွယ်နဲ့ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော့်အသက်နဲ့အတူတူပါ။ဒီတော့ကျွန်တော်အမှန်တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ကလပ်အတွက်ကျွန်တော်ကဘာမှလုပ်မပေးနိုင်တဲ့သူလို့ယူဆခြင်းခံရလို့စိတ်မကောင်းဖြစ်ရတာပါ။ကျွန်တော်လည်းအဲဒီလိုစာချုပ်နဲ့ထိုက်တန်တယ်လို့ထင်ပါတယ်။ကျွန်တော်ကပီအက်စ်ဂျီမှာ၈ရက်(သို့မဟုတ်)၈လနေခဲ့တာမဟုတ်ပါဘူး။ရှစ်နှစ်ကစားပြီးအောင်ပွဲတွေလည်းအများကြီးယူခဲ့ပါတယ်။ပီအက်စ်ဂျီကိုကနေ့ ရောက်နေတဲ့အဆင့်မျိုးသို့ရောက်အောင်အများကြီးကြိုးစားအားထုတ်ခဲ့ရတာပါ”လို့ပြောကြားသွားပါတယ်။

တီယာဂိုဆေးလ်ဗားဟာပီအက်စ်ဂျီအသင်းအတွက်၃၁၅ပွဲကစားကာ၁၇ဂိုးသွင်းယူပေးခဲ့ကာလီဂူး၁ဖလား၇ကြိမ်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

ZawGyi

ရာမို႔စ္အား ပီအက္စ္ဂ်ီ ေခၚယူလိုက္မႈအေပၚ ဘာေၾကာင့္စိတ္မေကာင္းျဖစ္ရလဲ ေဆးလ္ဗားဖြင့္ဟလာ

တီယာဂိုေဆးလ္ဗားဟာပီအက္စ္ဂ်ီရဲ႕ဆာဂ်ီယိုရာမို႔စ္အားေခၚယူလိုက္မႈေၾကာင့္အမွန္တကယ္စိတ္မေကာင္းျဖစ္ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ပီအက္စ္ဂ်ီဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဆာဂ်ီယိုရာမို႔စ္အား၂ႏွစ္စာခ်ဳပ္ျဖင့္ေခၚယူခဲ့ပါတယ္။

တီယာဂိုေဆးလ္ဗားဟာရာမို႔စ္ရဲ႕အသက္အ႐ြယ္မ်ိဳးတြင္၎ကဲ့သို႔၂ႏွစ္စာခ်ဳပ္ကမ္းလွမ္းမႈမခံရဘဲပီအက္စ္ဂ်ီမွထြက္ခြာခဲ့ရသူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြမွာပီအက္စ္ဂ်ီမွထြက္ခြာၿပီးခ်ဲလ္ဆီးသို႔တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ပါတစ္ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။ခ်ဲလ္ဆီးဟာယခုေႏြရာသီအေစာပိုင္းတုန္းကေဆးလ္ဗားအားတစ္ႏွစ္သက္တမ္းတိုးခဲ့ပါတယ္။

ေဆးလ္ဗားက “ဆာဂ်ီယိုရာမို႔စ္ကိုေခၚယူလိုက္တာနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ကန႔္ကြက္စရာမရွိပါဘူး။ဒါေပမယ့္ဆာဂ်ီယိုကိုသူတို႔၂ႏွစ္စာခ်ဳပ္ကမ္းလွမ္းခ်ိန္မွာအသက္အ႐ြယ္နဲ႔ၿပီးခဲ့တဲ့ႏွစ္တုန္းကကြၽန္ေတာ့္အသက္နဲ႔အတူတူပါ။ဒီေတာ့ကြၽန္ေတာ္အမွန္တကယ္စိတ္မေကာင္းျဖစ္ရပါတယ္။ကလပ္အတြက္ကြၽန္ေတာ္ကဘာမွလုပ္မေပးႏိုင္တဲ့သူလို႔ယူဆျခင္းခံရလို႔စိတ္မေကာင္းျဖစ္ရတာပါ။ကြၽန္ေတာ္လည္းအဲဒီလိုစာခ်ဳပ္နဲ႔ထိုက္တန္တယ္လို႔ထင္ပါတယ္။ကြၽန္ေတာ္ကပီအက္စ္ဂ်ီမွာ၈ရက္(သို႔မဟုတ္)၈လေနခဲ့တာမဟုတ္ပါဘူး။ရွစ္ႏွစ္ကစားၿပီးေအာင္ပြဲေတြလည္းအမ်ားႀကီးယူခဲ့ပါတယ္။ပီအက္စ္ဂ်ီကိုကေန႔ ေရာက္ေနတဲ့အဆင့္မ်ိဳးသို႔ေရာက္ေအာင္အမ်ားႀကီးႀကိဳးစားအားထုတ္ခဲ့ရတာပါ”လို႔ေျပာၾကားသြားပါတယ္။

တီယာဂိုေဆးလ္ဗားဟာပီအက္စ္ဂ်ီအသင္းအတြက္၃၁၅ပြဲကစားကာ၁၇ဂိုးသြင္းယူေပးခဲ့ကာလီဂူး၁ဖလား၇ႀကိမ္ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။