ရာသီကြိုခြေစစ်ပွဲရှုံးနိမ့်ပြီးနောက် အာတီတာကို ထုတ်ပယ်ရန် အာဆင်နယ်ပရိသတ်များ တစခန်းထတောင်းဆို

ဒေါသအကြီးအကျယ်ထွက်နေတဲ့အာဆင်နယ်ပရိသတ်များဟာရာသီကြိုခြေစမ်းပွဲအဖွင့်ပွဲဖြစ်တဲ့ဟီဘာနီယန်နှင့်ပွဲတွင်၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နည်းပြအာတီတာကိုထုတ်ပယ်ရန်တစခန်းထတောင်းဆိုလာကြပြန်ပါတယ်။

အာဆင်နယ်ဟာယနေ့နံနက်ပိုင်းတုန်းကစကော့တလန်တွင်ဟီဘာနီယန်နှင့်ကစားရတဲ့ရာသီကြိုခြေစမ်းပွဲတွင်၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်အာတီတာဟာပွဲထွက်ကစားသမားများစာရင်းမှာပထမအသင်းမှကစားသမားများမဟုတ်တဲ့ဂိုးသမားအာသာအိုကွန်ဝိုနှင့်ဗဟိုနောက်ခံလူဟယ်ရီကလပ်ခ်တို့ကိုအသုံးပြုခဲ့ပါတယ်။

ဂိုးသမားအိုကွန်ဝိုဟာအာဆင်နယ်အတွက်ပထမဆုံးကစားခွင့်ရရှိတဲ့ပွဲမှာအမှားပြုလုပ်ခဲ့ပြီးသူ့အမှားကနေဟီဘာနီယန်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်များဟာအာတီတာလက်ထက်ရလဒ်ဆိုးရွားနေမှုများအပေါ်သည်းမခံနိုင်တော့ဘဲ အွန်လိုင်းတွင် #Artetaout ဆိုပြီး ပို့စ်များတင်ကာတောင်းဆိုခဲ့ကြကာ ဆိုရှယ်မီဒီယာမှာ ထရန်းတစ်ခုဖြစ်နေပါတယ်။

အဆိုပါပွဲစဉ်တွင်အာဆင်နယ်ရဲ့အတွေ့အကြုံရှိကစားသမားများဖြစ်ကြတဲ့အူဘာမီယန်၊လာကာဇက်တီ၊ပီပီ၊ပါတေး၊ဘယ်လီရန်တို့လည်းကစားခဲ့ပါတယ်။

ZawGyi

ရာသီႀကိဳေျခစစ္ပြဲရႈံးနိမ့္ၿပီးေနာက္ အာတီတာကို ထုတ္ပယ္ရန္ အာဆင္နယ္ပရိသတ္မ်ား တစခန္းထေတာင္းဆို

ေဒါသအႀကီးအက်ယ္ထြက္ေနတဲ့အာဆင္နယ္ပရိသတ္မ်ားဟာရာသီႀကိဳေျခစမ္းပြဲအဖြင့္ပြဲျဖစ္တဲ့ဟီဘာနီယန္ႏွင့္ပြဲတြင္၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္နည္းျပအာတီတာကိုထုတ္ပယ္ရန္တစခန္းထေတာင္းဆိုလာၾကျပန္ပါတယ္။

အာဆင္နယ္ဟာယေန႔နံနက္ပိုင္းတုန္းကစေကာ့တလန္တြင္ဟီဘာနီယန္ႏွင့္ကစားရတဲ့ရာသီႀကိဳေျခစမ္းပြဲတြင္၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္အာတီတာဟာပြဲထြက္ကစားသမားမ်ားစာရင္းမွာပထမအသင္းမွကစားသမားမ်ားမဟုတ္တဲ့ဂိုးသမားအာသာအိုကြန္ဝိုႏွင့္ဗဟိုေနာက္ခံလူဟယ္ရီကလပ္ခ္တို႔ကိုအသုံးျပဳခဲ့ပါတယ္။

ဂိုးသမားအိုကြန္ဝိုဟာအာဆင္နယ္အတြက္ပထမဆုံးကစားခြင့္ရရွိတဲ့ပြဲမွာအမွားျပဳလုပ္ခဲ့ၿပီးသူ႔အမွားကေနဟီဘာနီယန္အသင္း ဦးေဆာင္ဂိုးရခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္မ်ားဟာအာတီတာလက္ထက္ရလဒ္ဆိုး႐ြားေနမႈမ်ားအေပၚသည္းမခံႏိုင္ေတာ့ဘဲ အြန္လိုင္းတြင္ #Artetaout ဆိုၿပီး ပို႔စ္မ်ားတင္ကာေတာင္းဆိုခဲ့ၾကကာ ဆိုရွယ္မီဒီယာမွာ ထရန္းတစ္ခုျဖစ္ေနပါတယ္။

အဆိုပါပြဲစဥ္တြင္အာဆင္နယ္ရဲ႕အေတြ႕အႀကဳံရွိကစားသမားမ်ားျဖစ္ၾကတဲ့အူဘာမီယန္၊လာကာဇက္တီ၊ပီပီ၊ပါေတး၊ဘယ္လီရန္တို႔လည္းကစားခဲ့ပါတယ္။