ရာသီကြိုခြေစမ်းပွဲခြေစွမ်းအား ဝေဖန်နေမှုများအပေါ် လီဗာပူးရဲ့ယူရိုသန်း ၁၀၀ တန်တိုက်စစ်မှူးဒါဝင်နူနက်ဇ်တုံ့ပြန်လာ

လီဗာပူးကစားသမားသစ်ဒါဝင်နူနက်ဇ်ဟာမန်ချက်စတာယူနိုက်တက်၊ခရစ္စတယ်ပဲလေ့စ်တို့နှင့်ရင်ဆိုင်ကစားရတဲ့လီဗာပူးရဲ့ရာသီကြိုခြေစမ်းပွဲခြေစွမ်းနဲ့ပတ်သက်ပြီးဝေဖန်မှုများကိုတုံ့ပြန်လာပါတယ်။

အသက်၂၃နှစ်ရှိတိုက်စစ်မှူးဟာဘန်ကောက်တွင်ယူနိုက်တက်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ယူနိုက်တက်အတွက်ပထမဆုံးပွဲအဖြစ်ပါဝင်ကစားခဲ့ပါတယ်။

ယူနိုက်တက်နှင့်ပွဲတွင်နူနက်ဇ်ဟာဆာလက်ကန်ချက်ထိထွက်လာမှုမှတဆင့်၁၀ကိုက်အကွာမှအပိုင်ကန်ခွင့်ရခဲ့ပေမဲ့လည်းအပေါ်ထောင်သွားခဲ့ပါတယ်။

ပဲလေ့စ်နှင့်ပွဲတွင်လည်းနူနက်ဇ်ဟာဒုတိယပိုင်းတွင်လူစားဝင်ရောက်လာပြီးနောက်နောက်ထပ်အပိုင်အခွင့်အရေးတစ်ကြိမ်ဖြုန်းတီးပစ်ခဲ့ပါတယ်။

ဒါကြောင့်လည်းဒါဝင်နူနက်ဇ်ကိုလီဗာပူးရဲ့ပြိုင်ဘက်ပရိသတ်များကလှောင်ပြောင်မှုများပြုလုပ်နေကြပါတယ်။

ယခုအခါဒါဝင်နူနက်ဇ်ဟာတွစ်တာအကောင့်တွင်သူ့ဓာတ်ပုံများနှင့်အတူ “ခံနိုင်ရည်ရှိခြင်း”ဆိုပြီးရေးသားလာပါတယ်။

ကလော့ပ်ကတော့ဒါဝင်နူနက်ဇ်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတစုံတရာစိုးရိမ်ခြင်းမရှိကြောင်းပြောကြားထားပါတယ်။

နူနက်ဇ်က “ဘာမှမစိုးရိမ်ပါဘူး။အခုပြောနေကြတာတွေကိုလုံးဝစိတ်မဝင်စားပါဘူး။ဒီလိုဖြစ်လာမယ်ဆိုတာသိထားပြီးသားပါ။ကစားသမားတစ်ဦးက ကောင်းကောင်းမလုပ်နိုင်တဲ့အခြေအနေမျိုးမှာတချို့ကအဲဒါကိုဟာသလုပ်ကြတယ်။အခြားကလပ်ကပရိသတ်တွေလုပ်တာပါ။ကျွန်တော်တို့ပရိသတ်တွေလည်းမန်ချက်စတာယူနိုက်တက်ခေါ်ယူတဲ့ကစားသမားတွေကိုလှောင်ကြတာပါပဲ။ဒါကိုအလေးအနက်ထားစရာမလိုပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ရာသီႀကိဳေျခစမ္းပြဲေျခစြမ္းအား ေဝဖန္ေနမႈမ်ားအေပၚ လီဗာပူးရဲ႕ယူ႐ိုသန္း ၁၀၀ တန္တိုက္စစ္မႉးဒါဝင္ႏူနက္ဇ္တုံ႔ျပန္လာ

လီဗာပူးကစားသမားသစ္ဒါဝင္ႏူနက္ဇ္ဟာမန္ခ်က္စတာယူႏိုက္တက္၊ခရစၥတယ္ပဲေလ့စ္တို႔ႏွင့္ရင္ဆိုင္ကစားရတဲ့လီဗာပူးရဲ႕ရာသီႀကိဳေျခစမ္းပြဲေျခစြမ္းနဲ႔ပတ္သက္ၿပီးေဝဖန္မႈမ်ားကိုတုံ႔ျပန္လာပါတယ္။

အသက္၂၃ႏွစ္ရွိတိုက္စစ္မႉးဟာဘန္ေကာက္တြင္ယူႏိုက္တက္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ယူႏိုက္တက္အတြက္ပထမဆုံးပြဲအျဖစ္ပါဝင္ကစားခဲ့ပါတယ္။

ယူႏိုက္တက္ႏွင့္ပြဲတြင္ႏူနက္ဇ္ဟာဆာလက္ကန္ခ်က္ထိထြက္လာမႈမွတဆင့္၁၀ကိုက္အကြာမွအပိုင္ကန္ခြင့္ရခဲ့ေပမဲ့လည္းအေပၚေထာင္သြားခဲ့ပါတယ္။

ပဲေလ့စ္ႏွင့္ပြဲတြင္လည္းႏူနက္ဇ္ဟာဒုတိယပိုင္းတြင္လူစားဝင္ေရာက္လာၿပီးေနာက္ေနာက္ထပ္အပိုင္အခြင့္အေရးတစ္ႀကိမ္ျဖဳန္းတီးပစ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဒါဝင္ႏူနက္ဇ္ကိုလီဗာပူးရဲ႕ၿပိဳင္ဘက္ပရိသတ္မ်ားကေလွာင္ေျပာင္မႈမ်ားျပဳလုပ္ေနၾကပါတယ္။

ယခုအခါဒါဝင္ႏူနက္ဇ္ဟာတြစ္တာအေကာင့္တြင္သူ႔ဓာတ္ပုံမ်ားႏွင့္အတူ “ခံႏိုင္ရည္ရွိျခင္း”ဆိုၿပီးေရးသားလာပါတယ္။

ကေလာ့ပ္ကေတာ့ဒါဝင္ႏူနက္ဇ္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီးတစုံတရာစိုးရိမ္ျခင္းမရွိေၾကာင္းေျပာၾကားထားပါတယ္။

ႏူနက္ဇ္က “ဘာမွမစိုးရိမ္ပါဘူး။အခုေျပာေနၾကတာေတြကိုလုံးဝစိတ္မဝင္စားပါဘူး။ဒီလိုျဖစ္လာမယ္ဆိုတာသိထားၿပီးသားပါ။ကစားသမားတစ္ဦးက ေကာင္းေကာင္းမလုပ္ႏိုင္တဲ့အေျခအေနမ်ိဳးမွာတခ်ိဳ႕ကအဲဒါကိုဟာသလုပ္ၾကတယ္။အျခားကလပ္ကပရိသတ္ေတြလုပ္တာပါ။ကြၽန္ေတာ္တို႔ပရိသတ္ေတြလည္းမန္ခ်က္စတာယူႏိုက္တက္ေခၚယူတဲ့ကစားသမားေတြကိုေလွာင္ၾကတာပါပဲ။ဒါကိုအေလးအနက္ထားစရာမလိုပါဘူး”လို႔ေျပာၾကားသြားပါတယ္။