ရာသီကြိုခြေစမ်းပွဲတွင် ဆန်းဒါးလန်းကစားသမားအထုတ်ခံရအောင် ကွင်းထဲထိ ဝင်ရောက်ကြိုးပမ်းခဲ့တဲ့ ရိုးမားနည်းပြမော်ရင်ဟို

ဒေါသအကြီးအကျယ်ထွက်နေတဲ့ဟိုဆေးမော်ရင်ဟိုဟာရာသီကြိုခြေစမ်းပွဲစဉ်တွင်ဆန်းဒါးလန်းရဲ့လုခ်အိုနီဆင်အနီကတ်ပြထုတ်ပယ်ခြင်းခံရစေရန်အတွက်ကွင်းအတွင်းသို့အထိဝင်ရောက်ကြိုးပမ်းခဲ့ပါတယ်။

ပေါ်တူဂီတွင်ကစားတဲ့ခြေစမ်းပွဲတွင်ရိုးမားနည်းပြဟာအလယ်တန်းကစားသမားကတံတောင်ဖြင့်တွက်မှုကိုအနီကတ်ပြသရန်ဖိအားပေးရေးအတွက်ကွင်းအတွင်းသို့ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်းကွင်းလယ်ဒိုင်လူကြီးဟာအိုနီဆင်ကိုအဝါကတ်ပဲပြသခဲ့ပါတယ်။သူဟာလည်းမကြာမီမှာပင် လူစားလဲခြင်းခံခဲ့ရပါတယ်။

ချန်ပီယံရှစ်ကလပ်ဆန်းဒါးလန်းဟာရိုးမားနှင့်ခြေစမ်းပွဲတွင်၇၅မိနစ်အထိဂိုးမရှိသရေကျအောင်ထိန်းထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဖီနာဂျန်နှင့်ဇာနီယိုလိုတို့ရဲ့ဂိုးကြောင့်၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi




