ရာသီကြိုခြေစမ်းပွဲတွင် ကလပ်အမေရိကအသင်းမှာ ချဲလ်ဆီးကစားသမားများ ဒဏ်ရာရအောင် ကြိုးပမ်းခဲ့ကြောင်း တူချယ်စွပ်စွဲ

သောမတ်စ်တူချယ်ကရာသီကြိုခြေစမ်းပွဲပြိုင်ဘက်ကလပ်အမေရိကမှကစားသမားများမှာလေ့စ်ဗီးဂက်စ်ပွဲစဉ်တွင်ချဲလ်ဆီးကစားသမားများဒဏ်ရာရရှိအောင်ကြိုးပမ်းခဲ့ကြောင်းစွပ်စွဲလာပါတယ်။

ချဲလ်ဆီးဟာတနင်္ဂနွေနေ့တုန်းကနီဗာဒါတွင်မက္ကဆီကိုထိပ်သီးကလပ်ကိုတီမိုဝါနာ၊မေဆင်မောင့်တို့ရဲ့ဂိုးဖြင့်၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ရီစီဂျိမ်းစ်မှာဂိုးသမားဆီသို့နောက်ပြန်ဘောလုံးပေးရာမှဆိုးရွားတဲ့ Own Goal သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ဂျာမန်လူမျိုးနည်းပြဟာယင်းပွဲစဉ်တွင်ကလပ်အမေရိကကစားသမားများရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုများကြောင့်သူ့ကစားသမားများအတွက်အကြီးအကျယ်စိုးရိမ်ခဲ့ရပါတယ်။

တူချယ်က “တော်တော်ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ပုံမှန်အားဖြင့်ရမ်သန်မှန်လာဖို့အတွက်အသင်းငယ်လေးနဲ့ပဲစတင်ပါတယ်။လေ့ကျင့်ရေးကွင်းပွဲနဲ့တောင်ကွာတယ်။လေ့ကျင့်ရေးကွင်းပွဲအဆင့်မှာတော့ကျွန်တော်တို့ကစားသမားအင်အားနဲ့အဆို အရမ်းခက်တယ်။သူတို့ဟာခန္ဓာကိုယ်အားပြုပွဲကြမ်းတစ်ပွဲကစားခဲ့တယ်။ဘယ်သူမှဒဏ်ရာမရလို့ပျော်ပါတယ်။ခြေစမ်းပွဲတစ်ပွဲရဲ့အစွန်းကိုရောက်သွားတဲ့အခါတွေရှိခဲ့တယ်။ဒါပေမဲ့အားလုံးအိုကေပါ”လို့ပြောကြားသွားပါတယ်။

ZawGyi





