ရာသီသစ်တွင် အသုံးပြုမယ့် ဗျူဟာသစ်ကို သရဲနီကစားသမားများအား ဆိုးလ်ရှားပြောကြားထားပြီးဖြစ်

အိုလီဂန်းနားဆိုးလ်ရှားဟာလာမယ့်ပရီးမီးယားလိဂ်ရာသီသစ်မှာနည်းစနစ်ပိုင်းအပြောင်းအလဲပြုလုပ်ကာအသုံးပြုလာတော့မှာဖြစ်ပါတယ်။မန်ယူနည်းပြဟာသူ့ရဲ့ကစားကွက်အသစ်နှင့်ပတ်သက်ပြီးမန်ယူကစားသမားများကိုပြောကြားထားပြီးလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်မှာအဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ကာ၂၀၁၃ခုနှစ်တုန်းကဖာဂူဆန်အနားယူသွားပြီးနောက်အကောင်းဆုံးအဆင့်မှာရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာမန်ယူကစားသမားများရဲ့အကောင်းဆုံးခြေစွမ်း ပွဲစဉ်ဆက်တိုက်ထွက်ပေါ်လာအောင် ရုန်းကန်ခဲ့ရပါတယ်။အထူးသဖြင့်မန်ယူဟာ ပရီးမီးယားလိဂ်ထိပ်သီးများနှင့်ရင်ဆိုင်ရတဲ့အခါရုန်းကန်ရကာ၁၀ပွဲရင်ဆိုင်ခဲ့ရာမှာ၁၁မှတ်တည်းသာရရှိခဲ့ကာ၈ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာယင်းပွဲများမှာကွင်းလယ်ခံစစ်မှာစကော့မက်တိုမီနေး၊ဖရက်တို့ကိုအသုံးပြုကာကွင်းလယ်တိုက်စစ်ကစားသမားနေရာတစ်နေရာကိုရင်းခဲ့ရပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာလာမယ့်ရာသီမှာတော့အပြောင်းအလဲပြုလုပ်သွားတော့မှာဖြစ်ပါတယ်။နော်ဝေလူမျိုးနည်းပြဟာ၄-၃-၃ကစားကွက်ကိုအသုံးပြုသွားမှာဖြစ်ပြီးအလယ်တန်းတိုက်စစ်မှာနှစ်ဦးသုံးသွားပါမယ်။

ESPN ရဲ့ဖော်ပြချက်အရဆိုးလ်ရှားဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းထားကြတဲ့ကစားသမားများအား ရာသီသစ်တွင်အသုံးပြုမယ့်နည်းဗျူဟာကိုပြောကြားထားပြီးလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားအတွက် ကွင်းလယ်တိုက်စစ်သမားနှစ်ဦးသုံးရေးအတွက် ဗာရိန်းအားခေါ်ယူနိုင်ရေးမှာအလွန်အရေးပါနေပါတယ်။

ဆိုးလ်ရှားကဗာရိန်းနှင့်မက်ဂွိုင်းယားကိုတွဲသုံးနိုင်ပါကကွင်းလယ်ခံစစ်ကစားသမားတစ်ဦးတည်းသာသုံးကာအလယ်တန်းတိုက်စစ်မှာနှစ်ဦးသုံးလာနိုင်မယ်လို့ယုံကြည်နေပါတယ်။

တစ်ဖက်တွင်ပြီးခဲ့တဲ့ရာသီတုန်းကမန်ယူနှင့်အတူပွဲကစားခွင့်အနည်းငယ်သာရရှိခဲ့တဲ့ဗန်ဒီဘိခ်မှာလည်းပွဲကစားနိုင်မယ့်အခွင့်အရေးပိုမိုရရှိလာမှာဖြစ်ပါတယ်။

မန်ယူဟာဆန်ချိုကိုခေါ်ယူပြီးနောက်၎င်းတို့ရဲ့အပြောင်းအရွှေ့အဓိကပစ်မှတ်အဖြစ်ဗာရိန်းကိုခေါ်ယူရန်အပြင်းအထန်လုပ်ဆောင်နေပါတယ်။ဗြိတိန်နှင့်စပိန်မီဒီယာများကမန်ယူဟာဗာရိန်းကိုပေါင်သန်း၅၀ဖြင့်ခေါ်ယူရန်နီးစပ်နေကြောင်းဖော်ပြနေပါတယ်။ဒါ့အပြင်မန်ယူဟာအက်သလက်တီကိုညာနောက်ခံလူထရစ်ပီယာကိုလည်းခေါ်ယူရန်နီးစပ်နေပါတယ်။

ZawGyi

ရာသီသစ္တြင္ အသုံးျပဳမယ့္ ဗ်ဴဟာသစ္ကို သရဲနီကစားသမားမ်ားအား ဆိုးလ္ရွားေျပာၾကားထားၿပီးျဖစ္

အိုလီဂန္းနားဆိုးလ္ရွားဟာလာမယ့္ပရီးမီးယားလိဂ္ရာသီသစ္မွာနည္းစနစ္ပိုင္းအေျပာင္းအလဲျပဳလုပ္ကာအသုံးျပဳလာေတာ့မွာျဖစ္ပါတယ္။မန္ယူနည္းျပဟာသူ႔ရဲ႕ကစားကြက္အသစ္ႏွင့္ပတ္သက္ၿပီးမန္ယူကစားသမားမ်ားကိုေျပာၾကားထားၿပီးလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္မွာအဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့ကာ၂၀၁၃ခုႏွစ္တုန္းကဖာဂူဆန္အနားယူသြားၿပီးေနာက္အေကာင္းဆုံးအဆင့္မွာရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာမန္ယူကစားသမားမ်ားရဲ႕အေကာင္းဆုံးေျခစြမ္း ပြဲစဥ္ဆက္တိုက္ထြက္ေပၚလာေအာင္ ႐ုန္းကန္ခဲ့ရပါတယ္။အထူးသျဖင့္မန္ယူဟာ ပရီးမီးယားလိဂ္ထိပ္သီးမ်ားႏွင့္ရင္ဆိုင္ရတဲ့အခါ႐ုန္းကန္ရကာ၁၀ပြဲရင္ဆိုင္ခဲ့ရာမွာ၁၁မွတ္တည္းသာရရွိခဲ့ကာ၈ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာယင္းပြဲမ်ားမွာကြင္းလယ္ခံစစ္မွာစေကာ့မက္တိုမီေနး၊ဖရက္တို႔ကိုအသုံးျပဳကာကြင္းလယ္တိုက္စစ္ကစားသမားေနရာတစ္ေနရာကိုရင္းခဲ့ရပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာလာမယ့္ရာသီမွာေတာ့အေျပာင္းအလဲျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။ေနာ္ေဝလူမ်ိဳးနည္းျပဟာ၄-၃-၃ကစားကြက္ကိုအသုံးျပဳသြားမွာျဖစ္ၿပီးအလယ္တန္းတိုက္စစ္မွာႏွစ္ဦးသုံးသြားပါမယ္။

ESPN ရဲ႕ေဖာ္ျပခ်က္အရဆိုးလ္ရွားဟာရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းထားၾကတဲ့ကစားသမားမ်ားအား ရာသီသစ္တြင္အသုံးျပဳမယ့္နည္းဗ်ဴဟာကိုေျပာၾကားထားၿပီးလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားအတြက္ ကြင္းလယ္တိုက္စစ္သမားႏွစ္ဦးသုံးေရးအတြက္ ဗာရိန္းအားေခၚယူႏိုင္ေရးမွာအလြန္အေရးပါေနပါတယ္။

ဆိုးလ္ရွားကဗာရိန္းႏွင့္မက္ဂြိဳင္းယားကိုတြဲသုံးႏိုင္ပါကကြင္းလယ္ခံစစ္ကစားသမားတစ္ဦးတည္းသာသုံးကာအလယ္တန္းတိုက္စစ္မွာႏွစ္ဦးသုံးလာႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။

တစ္ဖက္တြင္ၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူႏွင့္အတူပြဲကစားခြင့္အနည္းငယ္သာရရွိခဲ့တဲ့ဗန္ဒီဘိခ္မွာလည္းပြဲကစားႏိုင္မယ့္အခြင့္အေရးပိုမိုရရွိလာမွာျဖစ္ပါတယ္။

မန္ယူဟာဆန္ခ်ိဳကိုေခၚယူၿပီးေနာက္၎တို႔ရဲ႕အေျပာင္းအေ႐ႊ႕အဓိကပစ္မွတ္အျဖစ္ဗာရိန္းကိုေခၚယူရန္အျပင္းအထန္လုပ္ေဆာင္ေနပါတယ္။ၿဗိတိန္ႏွင့္စပိန္မီဒီယာမ်ားကမန္ယူဟာဗာရိန္းကိုေပါင္သန္း၅၀ျဖင့္ေခၚယူရန္နီးစပ္ေနေၾကာင္းေဖာ္ျပေနပါတယ္။ဒါ့အျပင္မန္ယူဟာအက္သလက္တီကိုညာေနာက္ခံလူထရစ္ပီယာကိုလည္းေခၚယူရန္နီးစပ္ေနပါတယ္။