ရာသီသစ်မတိုင်မီ ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပုံစံရရှိနေတဲ့ ရက်ဖို့ဒ်

မားကပ်စ်ရက်ဖို့ဒ်ဟာမန်ချက်စတာယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းတွင်ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပုံစံရရှိနေကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၅ဂိုးတည်းသာသွင်းယူနိုင်ကာရုန်းကန်ခဲ့ရပြီး၂၀၁၆ခုနှစ်တုန်းက ယူနိုက်တက်စီနီယာအသင်းနှင့်ပူးပေါင်းလာပြီးနောက်အဆိုးရွားဆုံးရာသီကြုံခဲ့ရပါတယ်။

ရက်ဖို့ဒ်ဟာအကယ်ဒမီထွက်အန်တိုနီအီလန်ဂါကိုနေရာဆုံးရှုံးခဲ့ရပြီးဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းတွင်လည်းချန်လှပ်ခံလာခဲ့ရပါတယ်။

ဒါပေမဲ့ရက်ဖို့ဒ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရက်အနည်းငယ်သာအနားယူပြီးလေ့ကျင့်ခန်းပြန်ဆင်းမှုများပြလုပ်ကာနည်းပြအဲရစ်တန်ဟက်နဲ့မပူးပေါင်းမီကတည်းကအသင့်ဖြစ်အောင်ပြုလုပ်ထားခဲ့ပါတယ်။

ဒါကြောင့်လည်းရက်ဖို့ဒ်ဟာယူနိုက်တက်လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းချိန်တွင်ကစားသမားဘဝကြံ့ခိုင်မှုအကောင်းဆုံးပုံစံမျိုးဖြင့်ပူးပေါင်းထားနိုင်ပါတယ်။

ယူနိုက်တက်ပရိသတ်များကလည်းရက်ဖို့ဒ်ဟာလာမယ့်ဘောလုံးရာသီတွင်ကစားသမားဘဝအကောင်းဆုံးပုံစံပြန်လည်ရရှိလာမယ်လို့ယုံကြည်နေကြပါတယ်။

ZawGyi

ရာသီသစ္မတိုင္မီ ကစားသမားဘဝတစ္ေလွ်ာက္အေကာင္းဆုံးပုံစံရရွိေနတဲ့ ရက္ဖို႔ဒ္

မားကပ္စ္ရက္ဖို႔ဒ္ဟာမန္ခ်က္စတာယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္အတြင္းတြင္ကစားသမားဘဝတစ္ေလွ်ာက္အေကာင္းဆုံးပုံစံရရွိေနေၾကာင္းသိရပါတယ္။

အသက္၂၄ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္တြင္၅ဂိုးတည္းသာသြင္းယူႏိုင္ကာ႐ုန္းကန္ခဲ့ရၿပီး၂၀၁၆ခုႏွစ္တုန္းက ယူႏိုက္တက္စီနီယာအသင္းႏွင့္ပူးေပါင္းလာၿပီးေနာက္အဆိုး႐ြားဆုံးရာသီႀကဳံခဲ့ရပါတယ္။

ရက္ဖို႔ဒ္ဟာအကယ္ဒမီထြက္အန္တိုနီအီလန္ဂါကိုေနရာဆုံးရႈံးခဲ့ရၿပီးဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းတြင္လည္းခ်န္လွပ္ခံလာခဲ့ရပါတယ္။

ဒါေပမဲ့ရက္ဖို႔ဒ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ရက္အနည္းငယ္သာအနားယူၿပီးေလ့က်င့္ခန္းျပန္ဆင္းမႈမ်ားျပလုပ္ကာနည္းျပအဲရစ္တန္ဟက္နဲ႔မပူးေပါင္းမီကတည္းကအသင့္ျဖစ္ေအာင္ျပဳလုပ္ထားခဲ့ပါတယ္။

ဒါေၾကာင့္လည္းရက္ဖို႔ဒ္ဟာယူႏိုက္တက္ေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းခ်ိန္တြင္ကစားသမားဘဝႀကံ့ခိုင္မႈအေကာင္းဆုံးပုံစံမ်ိဳးျဖင့္ပူးေပါင္းထားႏိုင္ပါတယ္။

ယူႏိုက္တက္ပရိသတ္မ်ားကလည္းရက္ဖို႔ဒ္ဟာလာမယ့္ေဘာလုံးရာသီတြင္ကစားသမားဘဝအေကာင္းဆုံးပုံစံျပန္လည္ရရွိလာမယ္လို႔ယုံၾကည္ေနၾကပါတယ္။