ရာသီသိမ်းပွဲစဉ်နှစ်ခုကို ပရိသတ် ၁၀၀၀၀ ဝင်ကြည့်နိုင်ရန် ပရီးမီးယားလိဂ်မျှော်လင့်နေ

ပရီးမီးယားလိဂ်စီအီးအိုရစ်ချက်မာစတာဟာယခုနှစ်ပရီးမီးယားလိဂ်ရာသီသိမ်းပွဲနှစ်ပွဲကိုပရိသတ်၁၀၀၀၀အထိ ဝင်ရောက်ကြည့်ခွင့်ရရှိရန်မျှော်လင့်လျက်ရှိနေပါတယ်။

လက်ရှိဗြိတိန်အစိုးရရဲ့ကိုဗစ်လော့ဒေါင်းဖြေလျှော့မှုအရပရီးမီးယားလိဂ်ကလပ်၂၀လုံးဟာအနည်းဆုံးရာသီသိမ်း အိမ်ကွင်းပွဲတစ်ပွဲကိုပရိသတ်များဝင်ကြည့်ခွင့်ရရှိဖို့မဖြစ်နိုင်ပါဘူး။ဒါပေမယ့်ပရီးမီးယားလိဂ်ကလပ်တိုင်းဟာ ရာသီသိမ်းအိမ်ကွင်းပွဲတွင်ပရိသတ်များဖြင့်အဆုံးသတ်လိုနေပါတယ်။

မာစတာက “အစိုးရရဲ့လမ်းညွှန်ချက်ကိုတကယ်ဘဲကြိုဆိုပါတယ်။ပရိသတ်တွေပြန်လာဖို့အတွက်လည်းစီစဉ်နေပါ တယ်။ရာသီသိမ်းပွဲနှစ်ပွဲမှာပရိသတ်၁၀၀၀၀အထိဝင်ကြည့်နိုင်ဖို့မျှော်လင့်နေပါတယ်။ဦးစွာအနေနဲ့ကျွန်တော်တို့အနေနဲ့အစိုးရလမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ရပါမယ်။ဘာပဲဖြစ်ဖြစ်ဖြစ်လာခဲ့မယ်ဆိုရင်တော့စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ရာသီသိမ်းဖြစ်လာပါမယ်”လို့ပြောကြားသွားပါတယ်။

ဗြိတိန်အစိုးရဟာမေလ၁၇ရက်နေ့မှစတင်ကာလော့ဒေါင်းဖြေလျှော့မှုပြုလုပ်သွားမှာဖြစ်ပြီးပရိသတ်၄၀၀၀၀အထက် ဆန့်ကွင်းများပိုင်ဆိုင်ထားကြတဲ့မန်ယူ၊လီဗာပူးစတဲ့ကလပ်၉ခုဟာအနည်းဆုံးပရိသတ်၁၀၀၀၀အထိဝင်ကြည့် ခွင့်ပေးနိုင်ပါတယ်။

ဒါပေမယ့်အခြားကလပ်များကတော့ကွင်းဝင်ဆန့်ပမာဏရဲ့လေးပုံတစ်ပုံအဖြစ်ပရိသတ်ငါးထောင်ကျော်မျှသာကြည့်ခွင့်ရရှိဖို့ရှိပါတယ်။

ပရီးမီးယားလိဂ်ရာသီသိမ်းပွဲကိုမေလ၁၅ရက်နေ့တွင်ကစားမှာဖြစ်ရာလော့ဒေါင်းကာလအတွင်းမှာဘဲရှိပါသေး တယ်။ဒါပေမယ့်ပရီးမီးယားလိဂ်ဟာပရိသတ်များကွင်းထဲဝင်ရောက်နိုင်ရေးအတွက်နောက်ဆုံးပွဲနှစ်ပွဲကိုရွှေ့ဆိုင်းမှုပြုလုပ်လာနိုင်ပါတယ်။

ZawGyi






