ရာသီအကုန်တွင်ပြန်ရောက်လာမယ့် ဘေးလ်ကို အနာဂတ်အစီအစဉ်တွင် ရီးရဲလ်မက်ဒရစ်မထည့်သွင်းထား

ရီးရဲလ်မက်ဒရစ်ဟာရာသီအကုန်တွင်အသင်းသို့ပြန်လည်ရောက်ရှိလာမယ့်ဂါရတ်ဘေးလ်ကိုလိုချင်ခြင်းမရှိမှုနှင့်အတူနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ရောင်းချရန်စီစဉ်ထားကြောင်းသိရပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကဝေးလ်တောင်ပံကစားသမားကစပါးစ်နှင့်အငှားစာချုပ်သက်တမ်းကုန်ဆုံးမယ့်လာမယ့်ဇွန်လတွင်မိခင်ကလပ်ရီးရဲလ်မက်ဒရစ်သို့ပြန်မှာဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

ဒါပေမယ့်အေးဂျင့်ဖြစ်သူဂျိုနသန်ဘားနက်ကမူလာမယ့်၂၀၂၁-၂၂ဘောလုံးရာသီတွင်ဂါရတ်ဘေးလ် ဘယ်ကလပ်တွင်ရှိနေမလဲဆိုတာပြောကြားရန်စောနေသေးကြောင်းပြောကြားထားပါတယ်။

စပိန်ထိပ်သီးသတင်းစာ မာကာကရီးရဲလ်မက်ဒရစ်ဟာတစ်နှစ်လုပ်ခပေါင်၃၁သန်းအထိပေးနေရတဲ့ဂါရတ်ဘေးလ်ကိုအသင်းမှဖယ်ရှားရန်ဆုံးဖြတ်ထားကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဂါရတ်ဘေးလ်ရဲ့လုပ်ခကိုလျှော့ချပြီးအာလင်းဟာလန်း၊ဟယ်ရီကိန်း၊အမ်ဘက်ပီတို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ဟာဘိုင်ယန်မြူးနစ်မှထွက်ခွာလာမယ့်အလာဘာကိုလည်းခေါ်ယူရန်စီစဉ်နေပါတယ်။

ဂါရတ်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းကျန်ရှိပါသေးတယ်။သူဟာစပါးစ်သို့ရောက်လာပြီးနောက်ဖေဖော်ဝါရီလမှမတ်လအတွင်းတွင်စပါးစ်အတွက်၆ပွဲကစားထားရာတွင်၆ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမယ့်သူဟာလုပ်အားမကောင်းမှုကြောင့်ဗီလာအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပွဲထွက်လူစာရင်းမှဖယ်ရှားခြင်းခံခဲ့ရပါတယ်။

ZawGyi

ရာသီအကုန္တြင္ျပန္ေရာက္လာမယ့္ ေဘးလ္ကို အနာဂတ္အစီအစဥ္တြင္ ရီးရဲလ္မက္ဒရစ္မထည့္သြင္းထား

ရီးရဲလ္မက္ဒရစ္ဟာရာသီအကုန္တြင္အသင္းသို႔ျပန္လည္ေရာက္ရွိလာမယ့္ဂါရတ္ေဘးလ္ကိုလိုခ်င္ျခင္းမရွိမႈႏွင့္အတူေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေရာင္းခ်ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကေဝးလ္ေတာင္ပံကစားသမားကစပါးစ္ႏွင့္အငွားစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လာမယ့္ဇြန္လတြင္မိခင္ကလပ္ရီးရဲလ္မက္ဒရစ္သို႔ျပန္မွာျဖစ္ေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ဒါေပမယ့္ေအးဂ်င့္ျဖစ္သူဂ်ိဳနသန္ဘားနက္ကမူလာမယ့္၂၀၂၁-၂၂ေဘာလုံးရာသီတြင္ဂါရတ္ေဘးလ္ ဘယ္ကလပ္တြင္ရွိေနမလဲဆိုတာေျပာၾကားရန္ေစာေနေသးေၾကာင္းေျပာၾကားထားပါတယ္။

စပိန္ထိပ္သီးသတင္းစာ မာကာကရီးရဲလ္မက္ဒရစ္ဟာတစ္ႏွစ္လုပ္ခေပါင္၃၁သန္းအထိေပးေနရတဲ့ဂါရတ္ေဘးလ္ကိုအသင္းမွဖယ္ရွားရန္ဆုံးျဖတ္ထားေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဂါရတ္ေဘးလ္ရဲ႕လုပ္ခကိုေလွ်ာ့ခ်ၿပီးအာလင္းဟာလန္း၊ဟယ္ရီကိန္း၊အမ္ဘက္ပီတို႔ကိုေခၚယူရန္ပစ္မွတ္ထားေနပါတယ္။ဒါ့အျပင္ရီးရဲလ္မက္ဒရစ္ဟာဘိုင္ယန္ျမဴးနစ္မွထြက္ခြာလာမယ့္အလာဘာကိုလည္းေခၚယူရန္စီစဥ္ေနပါတယ္။

ဂါရတ္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းက်န္ရွိပါေသးတယ္။သူဟာစပါးစ္သို႔ေရာက္လာၿပီးေနာက္ေဖေဖာ္ဝါရီလမွမတ္လအတြင္းတြင္စပါးစ္အတြက္၆ပြဲကစားထားရာတြင္၆ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ဒါေပမယ့္သူဟာလုပ္အားမေကာင္းမႈေၾကာင့္ဗီလာအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပြဲထြက္လူစာရင္းမွဖယ္ရွားျခင္းခံခဲ့ရပါတယ္။