ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူလျှင် မာတာကို နည်းပြရာထူးအတွက် ယူနိုက်တက်ကမ်းလှမ်းမည်

မန်ချက်စတာယူနိုက်တက်ဟာရာသီအကုန်တွင်ဂျူအန်မာတာသာ ကစားသမားဘဝမှအနားယူမည်ဆိုပါကအသင်းတွင်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နိုင်ရန်ကမ်းလှမ်းမှုတစ်ခုပြုလုပ်သွားပါမယ်။

ဂျူအန်မာတာဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးယခုတိုင်စာချုပ်သက်တမ်းတိုးရေးအတွက်ဆွေးနွေးခြင်းမရှိသေးရာ ယူနိုက်တက်မှထွက်ခွာရဖို့ရှိနေပါတယ်။

လက်ရှိအချိန်တွင်မာတာကိုစပိန်နှင့်အီတလီကလပ်တို့ကခေါ်ယူရန်စိတ်ဝင်စားပေမဲ့လည်းသူ့ရဲ့တစ်ပတ်လုပ်ခပေါင်၁၇၀၀၀၀မှပြဿနာတစ်ရပ်ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာယခုရာသီအကုန်တွင်အသင်းကိုအပြောင်းအလဲများစွာပြုလုပ်ရန်စီစဉ်နေပြီး မာတာကို အသင်းတွင်သံတမန်အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ရန်လည်းဆွေးနွေးနေပါတယ်။

အသက်၃၃နှစ်ရှိမာတာကိုယ်တိုင်ကလည်းနည်းပြလိုင်စင်ရရှိရေးစတင်လုပ်ဆောင်နေရာရာသီအကုန်တွင်ကစားသမားဘဝမှအနားယူကာ ယူနိုက်တက်တွင်နည်းပြတာဝန်တစ်ခုရယူရေးစဉ်းစားနေပါတယ်။

ZawGyi

ရာသီအကုန္တြင္ ကစားသမားဘဝမွ အနားယူလွ်င္ မာတာကို နည္းျပရာထူးအတြက္ ယူႏိုက္တက္ကမ္းလွမ္းမည္

မန္ခ်က္စတာယူႏိုက္တက္ဟာရာသီအကုန္တြင္ဂ်ဴအန္မာတာသာ ကစားသမားဘဝမွအနားယူမည္ဆိုပါကအသင္းတြင္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ႏိုင္ရန္ကမ္းလွမ္းမႈတစ္ခုျပဳလုပ္သြားပါမယ္။

ဂ်ဴအန္မာတာဟာယခုရာသီအကုန္တြင္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးယခုတိုင္စာခ်ဳပ္သက္တမ္းတိုးေရးအတြက္ေဆြးေႏြးျခင္းမရွိေသးရာ ယူႏိုက္တက္မွထြက္ခြာရဖို႔ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္မာတာကိုစပိန္ႏွင့္အီတလီကလပ္တို႔ကေခၚယူရန္စိတ္ဝင္စားေပမဲ့လည္းသူ႔ရဲ႕တစ္ပတ္လုပ္ခေပါင္၁၇၀၀၀၀မွျပႆနာတစ္ရပ္ျဖစ္ေနပါတယ္။

ယူႏိုက္တက္ဟာယခုရာသီအကုန္တြင္အသင္းကိုအေျပာင္းအလဲမ်ားစြာျပဳလုပ္ရန္စီစဥ္ေနၿပီး မာတာကို အသင္းတြင္သံတမန္အျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္ရန္လည္းေဆြးေႏြးေနပါတယ္။

အသက္၃၃ႏွစ္ရွိမာတာကိုယ္တိုင္ကလည္းနည္းျပလိုင္စင္ရရွိေရးစတင္လုပ္ေဆာင္ေနရာရာသီအကုန္တြင္ကစားသမားဘဝမွအနားယူကာ ယူႏိုက္တက္တြင္နည္းျပတာဝန္တစ္ခုရယူေရးစဥ္းစားေနပါတယ္။