ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ယူနိုက်တက်စတားကို ဥရောပထိပ်သီးကလပ်နှစ်ခုအပြိုင်ပစ်မှတ်ထားနေ

မန်ချက်စတာယူနိုက်တက်ညာနောက်ခံလူဒီယေဂိုဒါလော့ကိုဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့ကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိဒါလော့ဟာအဲရစ်တန်ဟက်ရဲ့လက်အောက်တွင်ဦးစားပေးညာနောက်ခံလူအဖြစ်ကစားခွင့်ရရှိနေသူဖြစ်ပြီးခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ညာနောက်ခံလူဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဥရောပထိပ်သီးကလပ်များအနေဖြင့်သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ပါမယ်။

ယနေ့တွင် MEN ရဲ့ဖော်ပြလာမှုအရဘာစီလိုနာနှင့်ဂျူဗင်တပ်တို့ဟာဒီယေဂိုဒါလော့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနှင့်အပြိုင်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ဒါပေမယ့်ဒါလော့ရဲ့ယူနိုက်တက်နှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်မယ့်အချက်ပါဝင်နေရာယူနိုက်တက်အနေဖြင့်လုပ်ခတိုးမြှင့်ပြီးစာချုပ်သက်တမ်းတိုးမှုပြုလုပ်နိုင်ခွင့်ရှိပါသေးတယ်။

တဖက်တွင်ဒါလော့ကိုယ်တိုင်ကလည်းယူနိုက်တက်တွင်အရေးပါတဲ့ညာနောက်ခံလူအဖြစ်ကစားခွင့်ရရှိနေမှုအပေါ်ကျေနပ်နေပြီးအိုးထရက်ဖို့ဒ်တွင်ပျော်ရွှင်နေကြောင်းသိရပါတယ်။

ယခုလအစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရယူနိုက်တက်ဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်မားကပ်စ်ရက်ဖို့ဒ်၊ဒေးဗစ်ဒီဂီယာ၊လုခ်ရှော၊ဒီယေဂိုဒါလော့နှင့်ဖရက်တို့ကို စာချုပ်ပါအချက်အတိုင်း၁၂လစာချုပ်သက်တမ်းတိုးချုပ်ဆိုသွားမယ်လို့သိရပါတယ်။

ZawGyi

ရာသီအကုန္တြင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ယူႏိုက္တက္စတားကို ဥေရာပထိပ္သီးကလပ္ႏွစ္ခုအၿပိဳင္ပစ္မွတ္ထားေန

မန္ခ်က္စတာယူႏိုက္တက္ညာေနာက္ခံလူဒီေယဂိုဒါေလာ့ကိုဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔ကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္ပစ္မွတ္ထားေနေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိဒါေလာ့ဟာအဲရစ္တန္ဟက္ရဲ႕လက္ေအာက္တြင္ဦးစားေပးညာေနာက္ခံလူအျဖစ္ကစားခြင့္ရရွိေနသူျဖစ္ၿပီးေျခစြမ္းျပကစားေနသူလည္းျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ညာေနာက္ခံလူဟာယခုရာသီအကုန္တြင္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူလည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္းဥေရာပထိပ္သီးကလပ္မ်ားအေနျဖင့္သူ႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္ပါမယ္။

ယေန႔တြင္ MEN ရဲ႕ေဖာ္ျပလာမႈအရဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔ဟာဒီေယဂိုဒါေလာ့ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏွင့္အၿပိဳင္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

ဒါေပမယ့္ဒါေလာ့ရဲ႕ယူႏိုက္တက္ႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္မယ့္အခ်က္ပါဝင္ေနရာယူႏိုက္တက္အေနျဖင့္လုပ္ခတိုးျမႇင့္ၿပီးစာခ်ဳပ္သက္တမ္းတိုးမႈျပဳလုပ္ႏိုင္ခြင့္ရွိပါေသးတယ္။

တဖက္တြင္ဒါေလာ့ကိုယ္တိုင္ကလည္းယူႏိုက္တက္တြင္အေရးပါတဲ့ညာေနာက္ခံလူအျဖစ္ကစားခြင့္ရရွိေနမႈအေပၚေက်နပ္ေနၿပီးအိုးထရက္ဖို႔ဒ္တြင္ေပ်ာ္႐ႊင္ေနေၾကာင္းသိရပါတယ္။

ယခုလအေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရယူႏိုက္တက္ဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္မားကပ္စ္ရက္ဖို႔ဒ္၊ေဒးဗစ္ဒီဂီယာ၊လုခ္ေရွာ၊ဒီေယဂိုဒါေလာ့ႏွင့္ဖရက္တို႔ကို စာခ်ဳပ္ပါအခ်က္အတိုင္း၁၂လစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုသြားမယ္လို႔သိရပါတယ္။