ရာသီအကုန်တွင် ထွက််ခွာမည်ဟု ဝုဗ်နည်းပြဆန်တိုအတည်ပြု

နူနိုအက်စ်ပီရီတိုဆန်တိုကယခုရာသီအကုန်တွင်ဝုဗ်နည်းပြရာထူးမှထွက်ခွာမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။ဒါကြောင့်ပေါ်တိုနည်းပြဟောင်းဟာတနင်္ဂနွေနေ့တွင်မန်ယူနှင့်ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အပြီးတွင်ဝုဗ်မှာထွက်ခွာတော့မှာဖြစ်ပါတယ်။

လာမယ့်မန်ယူနှင့်ပွဲစဉ်မှာဝုဗ်အတွက်၁၄လတာကာလအတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ပရိသတ်များအားကွင်းအတွင်းဝင်ကြည့်ခွင့်ပေးတဲ့ပွဲလည်းဖြစ်ပါတယ်။ဒါကြောင့်ဝုဗ်ပရိသတ်များအနေဖြင့်၂၀၁၇ခုနှစ်ကတည်းကအသင်းကိုကိုင်တွယ်လာခဲ့တဲ့ဆန်တိုအားအကောင်းဆုံးနူတ်ဆက်ခွင့်ရရှိလာမှာလည်းဖြစ်ပါတယ်။

အသက်၄၇နှစ်ရှိနည်းပြက “ကွမ်တန်ကိုစရောက်တဲ့ပထမဆုံးနေ့ကတည်းကကျွန်တော်တို့ရဲ့ရည်မှန်းချက်ကအသင်းကိုအပြုသဘောဆောင်တဲ့ပြောင်းလဲမှုပြုလုပ်ပြီးကလပ်သို့ရှေ့သို့တွန်းပို့နိုင်ဖို့ဖြစ်ပါတယ်။ကျွန်တာ်တို့နေ့စဉ်နေ့တိုင်းလုပ်ဆောင်နိုင်တယ်လို့ဂုဏ်ယူစွာပြောပါရစေ။ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအောင်မြင်ခဲ့တယ်။ပထမဆုံးပြောချင်တာကတော့ဝုဗ်အတွက်အရမ်းမြင့်တဲ့အဆင့်တစ်ခုသို့ပို့ဆောင်နိုင်ဖို့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ပြီးတော့ကျွန်တော်တို့ကိုကိုယ့်အိမ်ကိုယ်ယာလိုခံစားစေပြီးလက်ခံယုံကြည်ပေးတဲ့မြို့သူမြို့သားတွေကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ပြီးတော့ကျွန်တော်တို့ကိုနေ့စဉ်နေ့တိုင်းအကောင်းဆုံးလုပ်ဆောင်ကူညီလာခဲ့ကြတဲ့ဝုဗ်ကဝန်ထမ်းတွေကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။အရေးအပါအဆုံးကတော့စရောက်တဲ့နေ့ကတည်းကသစ္စာရှိမှု၊ပေးဆပ်မှု၊အလုပ်ကြိုးစားမှု၊ပါရမီတွေနဲ့အစွမ်းကုန်လုပ်ဆောင်ပေးလာတဲ့ကစားသမားတွေကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ကျွန်တော်တို့ရဲ့ခရီးကိုဖြစ်မြောက်လာနိုင်အောင်လုပ်ဆောင်လာကြတဲ့သူတွေဖြစ်ပါတယ်။တနင်္ဂနွေနေ့ကတော့ခံစားရမယ့်နေ့တစ်နေ့ဖြစ်လာပါမယ်။ဒါပေမယ့်မိုလီနတ်စ်သို့ပရိသတ်တွေပြန်ရောက်လာမှာဖြစ်လို့ဝမ်းသာရပါတယ်”လို့ပြောကြားသွားပါတယ်။

ဝုဗ်ဟာရာသီသိမ်းပွဲဖြစ်တဲ့မန်ယူနှင့်ပွဲစဉ်မှာအနိုင်ရရှိမယ်ဆိုလျှင်အဆင့်၁၂နေရာမှာရပ်တည်နိုင်မယ့်အနေအထားမျိုးမှာရှိနေသလိုရှုံးနိမ့်လျှင်အဆင့်၁၅နေရာသို့အထိကျဆင်းသွားနိုင်ပါတယ်။

ZawGyi

ရာသီအကုန္တြင္ ထြက္္ခြာမည္ဟု ဝုဗ္နည္းျပဆန္တိုအတည္ျပဳ

ႏူႏိုအက္စ္ပီရီတိုဆန္တိုကယခုရာသီအကုန္တြင္ဝုဗ္နည္းျပရာထူးမွထြက္ခြာမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။ဒါေၾကာင့္ေပၚတိုနည္းျပေဟာင္းဟာတနဂၤေႏြေန႔တြင္မန္ယူႏွင့္ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္အၿပီးတြင္ဝုဗ္မွာထြက္ခြာေတာ့မွာျဖစ္ပါတယ္။

လာမယ့္မန္ယူႏွင့္ပြဲစဥ္မွာဝုဗ္အတြက္၁၄လတာကာလအတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ပရိသတ္မ်ားအားကြင္းအတြင္းဝင္ၾကည့္ခြင့္ေပးတဲ့ပြဲလည္းျဖစ္ပါတယ္။ဒါေၾကာင့္ဝုဗ္ပရိသတ္မ်ားအေနျဖင့္၂၀၁၇ခုႏွစ္ကတည္းကအသင္းကိုကိုင္တြယ္လာခဲ့တဲ့ဆန္တိုအားအေကာင္းဆုံးႏူတ္ဆက္ခြင့္ရရွိလာမွာလည္းျဖစ္ပါတယ္။

အသက္၄၇ႏွစ္ရွိနည္းျပက “ကြမ္တန္ကိုစေရာက္တဲ့ပထမဆုံးေန႔ကတည္းကကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ကအသင္းကိုအျပဳသေဘာေဆာင္တဲ့ေျပာင္းလဲမႈျပဳလုပ္ၿပီးကလပ္သို႔ေရွ႕သို႔တြန္းပို႔ႏိုင္ဖို႔ျဖစ္ပါတယ္။ကြၽန္တာ္တို႔ေန႔စဥ္ေန႔တိုင္းလုပ္ေဆာင္ႏိုင္တယ္လို႔ဂုဏ္ယူစြာေျပာပါရေစ။ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ေတြေအာင္ျမင္ခဲ့တယ္။ပထမဆုံးေျပာခ်င္တာကေတာ့ဝုဗ္အတြက္အရမ္းျမင့္တဲ့အဆင့္တစ္ခုသို႔ပို႔ေဆာင္ႏိုင္ဖို႔အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ပရိသတ္ေတြကိုေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔ကိုကိုယ့္အိမ္ကိုယ္ယာလိုခံစားေစၿပီးလက္ခံယုံၾကည္ေပးတဲ့ၿမိဳ႕သူၿမိဳ႕သားေတြကိုေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔ကိုေန႔စဥ္ေန႔တိုင္းအေကာင္းဆုံးလုပ္ေဆာင္ကူညီလာခဲ့ၾကတဲ့ဝုဗ္ကဝန္ထမ္းေတြကိုေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။အေရးအပါအဆုံးကေတာ့စေရာက္တဲ့ေန႔ကတည္းကသစၥာရွိမႈ၊ေပးဆပ္မႈ၊အလုပ္ႀကိဳးစားမႈ၊ပါရမီေတြနဲ႔အစြမ္းကုန္လုပ္ေဆာင္ေပးလာတဲ့ကစားသမားေတြကိုေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။ကြၽန္ေတာ္တို႔ရဲ႕ခရီးကိုျဖစ္ေျမာက္လာႏိုင္ေအာင္လုပ္ေဆာင္လာၾကတဲ့သူေတြျဖစ္ပါတယ္။တနဂၤေႏြေန႔ကေတာ့ခံစားရမယ့္ေန႔တစ္ေန႔ျဖစ္လာပါမယ္။ဒါေပမယ့္မိုလီနတ္စ္သို႔ပရိသတ္ေတြျပန္ေရာက္လာမွာျဖစ္လို႔ဝမ္းသာရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဝုဗ္ဟာရာသီသိမ္းပြဲျဖစ္တဲ့မန္ယူႏွင့္ပြဲစဥ္မွာအႏိုင္ရရွိမယ္ဆိုလွ်င္အဆင့္၁၂ေနရာမွာရပ္တည္ႏိုင္မယ့္အေနအထားမ်ိဳးမွာရွိေနသလိုရႈံးနိမ့္လွ်င္အဆင့္၁၅ေနရာသို႔အထိက်ဆင္းသြားႏိုင္ပါတယ္။