ရာသီအကုန်တွင် နာပိုလီမှ ထွက်ခွာမည်ဟု ဟိုင်ဆာအတည်ပြု

အယ်ဆက်ဟိုင်ဆာရဲ့အေးဂျင့်ကအယ်လ်ဘေးနီးယားလက်ရွေးစင်ကစားသမားမှာယခုရာသီအကုန်တွင်နာပိုလီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ဟိုင်ဆာနှင့်နာပိုလီတို့ဟာစာချုပ်သက်တမ်းတိုးနိုင်ရေးအတွက်တစ်နှစ်ကျော်ကြာဆွေးနွေးမှုများပြုလုပ်လာခဲ့ကြသော်လည်းအဆင်မပြေမှုမရခဲ့ပါဘူး။ယခုအခါဟိုင်ဆာရဲ့အေးဂျင့်ကနာပိုလီနှင့်စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်ဘဲစာချုပ်သက်တမ်းကုန်ဆုံးမယ့်ဇွန်လ၃၀တွင်ထွက်ခွာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အေးဂျင့်မာရီယိုဂူဖရက်က “ဟိုင်ဆာဘက်ကကတော့အေးဆေးပါ။မော်ရီစီယိုဆာရီလက်ထက်တုန်းကမရောက်ခဲ့တဲ့အဆင့်ခြေစွမ်းမျိုးနဲ့သူကစားနေနိုင်ပါတယ်။ဟိုင်ဆာဟာစာချုပ်သစ်မရှိတာတောင် သူ့အရည်အချင်းကိုသက်သေပြနေပါတယ်။သူကအသင်းအတွက်ပြဿနာတစ်ရပ်မဟုတ်ပါဘူး။အ လုပ်ကိုအကောင်းဆုံးလုပ်ဖို့ကအဓိကပါ။စီးရီးအေမှာမီလန်ကဒွန်နာရမ်မာ၊နီကိုလာမာဆီမိုဗစ်တို့အပါအဝင်စာချုပ်သက်တမ်းကုန်မယ့်သူတွေအများကြီးပါ။ဒါပေမယ့်သူတို့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ်ဘယ်သူမှသံသယမဝင်ပါဘူး”လို့ပြောကြားသွားပါတယ်။

အသက်၂၇နှစ်ရှိဟိုင်ဆာဟာ၂၀၁၅ခုနှစ်ကတည်းကနာပိုလီမှာကစားလာခဲ့သူဖြစ်ပါတယ်။

ZawGyi

ရာသီအကုန္တြင္ နာပိုလီမွ ထြက္ခြာမည္ဟု ဟိုင္ဆာအတည္ျပဳ

အယ္ဆက္ဟိုင္ဆာရဲ႕ေအးဂ်င့္ကအယ္လ္ေဘးနီးယားလက္ေ႐ြးစင္ကစားသမားမွာယခုရာသီအကုန္တြင္နာပိုလီမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ဟိုင္ဆာႏွင့္နာပိုလီတို႔ဟာစာခ်ဳပ္သက္တမ္းတိုးႏိုင္ေရးအတြက္တစ္ႏွစ္ေက်ာ္ၾကာေဆြးေႏြးမႈမ်ားျပဳလုပ္လာခဲ့ၾကေသာ္လည္းအဆင္မေျပမႈမရခဲ့ပါဘူး။ယခုအခါဟိုင္ဆာရဲ႕ေအးဂ်င့္ကနာပိုလီႏွင့္စာခ်ဳပ္သက္တမ္းတိုးေတာ့မွာမဟုတ္ဘဲစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဇြန္လ၃၀တြင္ထြက္ခြာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ေအးဂ်င့္မာရီယိုဂူဖရက္က “ဟိုင္ဆာဘက္ကကေတာ့ေအးေဆးပါ။ေမာ္ရီစီယိုဆာရီလက္ထက္တုန္းကမေရာက္ခဲ့တဲ့အဆင့္ေျခစြမ္းမ်ိဳးနဲ႔သူကစားေနႏိုင္ပါတယ္။ဟိုင္ဆာဟာစာခ်ဳပ္သစ္မရွိတာေတာင္ သူ႔အရည္အခ်င္းကိုသက္ေသျပေနပါတယ္။သူကအသင္းအတြက္ျပႆနာတစ္ရပ္မဟုတ္ပါဘူး။အ လုပ္ကိုအေကာင္းဆုံးလုပ္ဖို႔ကအဓိကပါ။စီးရီးေအမွာမီလန္ကဒြန္နာရမ္မာ၊နီကိုလာမာဆီမိုဗစ္တို႔အပါအဝင္စာခ်ဳပ္သက္တမ္းကုန္မယ့္သူေတြအမ်ားႀကီးပါ။ဒါေပမယ့္သူတို႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္မႈအေပၚဘယ္သူမွသံသယမဝင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၇ႏွစ္ရွိဟိုင္ဆာဟာ၂၀၁၅ခုႏွစ္ကတည္းကနာပိုလီမွာကစားလာခဲ့သူျဖစ္ပါတယ္။