ရာသီအကုန်တွင် ပီအက်စ်ဂျီမှ ထွက်ခွာဖို့ ရှိနေတဲ့ နေမာနှင့်မက်ဆီ

ဘာစီလိုနာစတားများဖြစ်ကြတဲ့နေမာနှင့်လီယွန်နယ်မက်ဆီတို့ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပီအက်စ်ဂျီမှထွက်ခွာလာဖို့ရှိနေကြောင်းသိရပါတယ်။

မက်ဆီဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအစောပိုင်းတုန်းကစာချုပ်သစ်ချုပ်ဆိုမယ်လို့သတင်းထွက်ခဲ့ပေမဲ့လည်းကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူစာချုပ်သစ်ချုပ်ဆိုဖွယ်မရှိတော့ကြောင်းသတင်းထွက်နေပါတယ်။

နေမာမှာလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတွင်ပီအက်စ်ဂျီအနာဂတ်နှင့်ပတ်သက်ပြီးသတင်းများထွက်နေခဲ့သူဖြစ်ပါတယ်။ပီအက်စ်ဂျီဟာနွေရာသီတွင်နေမာကိုရောင်းချဖို့စီစဉ်နေတယ်လို့သတင်းထွက်နေပါတယ်။

အသက်၃၁နှစ်ရှိနေမာဟာပီအက်စ်ဂျီနှင့်၂၀၂၅ခုနှစ်အထိစာချုပ်ဆိုထားပေမဲ့လည်းစနေနေ့တုန်းကမိုနာကိုအား၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အဝတ်အစားလဲခန်းအတွင်းတွင်အချင်းများခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။

နေမာဟာမိုနာကိုအားရှုံးနိမ့်ပြီးနောက်ပီအက်စ်ဂျီအားကစားဒါရိုက်တာလူးဝစ်ကမ်ပို့စ်နှင့်အချင်းများခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်နေမာဟာအစောပိုင်းကတည်းကပီအက်စ်ဂျီကစားဖော်ကိုင်လီယန်ဘက်ပေးနှင့်ပုဂ္ဂိုလ်ရေးအဆင်မပြေကြောင်းသတင်းထွက်နေခဲ့သူလည်းဖြစ်ပါတယ်။

Foot Mercato ကပီအက်စ်ဂျီအသင်းဘက်ကလည်းနေမာနှင့်မက်ဆီတို့သာ အသင်းမှထွက်ခွာမည်ဆိုပါကတံခါးဖွင့်ပေးထားကြောင်းလည်းသိရပါတယ်။

ZawGyi

ရာသီအကုန္တြင္ ပီအက္စ္ဂ်ီမွ ထြက္ခြာဖို႔ ရွိေနတဲ့ ေနမာႏွင့္မက္ဆီ

ဘာစီလိုနာစတားမ်ားျဖစ္ၾကတဲ့ေနမာႏွင့္လီယြန္နယ္မက္ဆီတို႔ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပီအက္စ္ဂ်ီမွထြက္ခြာလာဖို႔ရွိေနေၾကာင္းသိရပါတယ္။

မက္ဆီဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအေစာပိုင္းတုန္းကစာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္လို႔သတင္းထြက္ခဲ့ေပမဲ့လည္းကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့မႈနဲ႔အတူစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖြယ္မရွိေတာ့ေၾကာင္းသတင္းထြက္ေနပါတယ္။

ေနမာမွာလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတြင္ပီအက္စ္ဂ်ီအနာဂတ္ႏွင့္ပတ္သက္ၿပီးသတင္းမ်ားထြက္ေနခဲ့သူျဖစ္ပါတယ္။ပီအက္စ္ဂ်ီဟာေႏြရာသီတြင္ေနမာကိုေရာင္းခ်ဖို႔စီစဥ္ေနတယ္လို႔သတင္းထြက္ေနပါတယ္။

အသက္၃၁ႏွစ္ရွိေနမာဟာပီအက္စ္ဂ်ီႏွင့္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ဆိုထားေပမဲ့လည္းစေနေန႔တုန္းကမိုနာကိုအား၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အဝတ္အစားလဲခန္းအတြင္းတြင္အခ်င္းမ်ားခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ေနမာဟာမိုနာကိုအားရႈံးနိမ့္ၿပီးေနာက္ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာလူးဝစ္ကမ္ပို႔စ္ႏွင့္အခ်င္းမ်ားခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ေနမာဟာအေစာပိုင္းကတည္းကပီအက္စ္ဂ်ီကစားေဖာ္ကိုင္လီယန္ဘက္ေပးႏွင့္ပုဂၢိဳလ္ေရးအဆင္မေျပေၾကာင္းသတင္းထြက္ေနခဲ့သူလည္းျဖစ္ပါတယ္။

Foot Mercato ကပီအက္စ္ဂ်ီအသင္းဘက္ကလည္းေနမာႏွင့္မက္ဆီတို႔သာ အသင္းမွထြက္ခြာမည္ဆိုပါကတံခါးဖြင့္ေပးထားေၾကာင္းလည္းသိရပါတယ္။