ရာသီအကုန်တွင် ပဲလေ့စ်မှ ထွက်ခွာမယ်လို့ နည်းပြရွိုင်းဟော့ဆန်ကြေညာ

ရွိုင်းဟော့ဆန်ကယခုဘောလုံးရာသီအကုန်တွင်ခရစ္စတယ်ပဲလေ့စ်မှထွက်ခွာတော့မည်ဖြစ်ကြောင်းကြေညာလာပါတယ်။လစ်လပ်လာမယ့်ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးအတွက်ချဲလ်ဆီးနည်းပြဟောင်းဖရန့်လမ်းပတ်ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

အသက်၇၃နှစ်ရှိအင်္ဂလန်နည်းပြဟောင်းဟာ၂၀၁၇ခုနှစ်ကတည်းကခရစ္စတယ်ပဲလေ့စ်ကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီးပွဲပေါင်း၁၆၀ကြီးကြပ်ထားပါတယ်။

ဒါပေမယ့်ယနေ့မှာဟော့ဆန်ကအသင်းဟောင်းလီဗာပူးနှင့်ရင်ဆိုင်ကစားရမယ့်အန်ဖီးလ်ပွဲစဉ်အပြီးမှာသူ့ရဲ့ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ်နောက်ဆုံးကိုင်တွယ်လာမယ့်ပွဲဖြစ်ကြောင်းကြေညာသွားပါတယ်။သူ့ရဲ့နောက်ဆုံးခရစ္စတယ်ပဲလေ့စ်အိမ်ကွင်းပွဲစဉ်မှာယနေ့ညအာဆင်နယ်နှင့်ပွဲဖြစ်လာပါမယ်။

လက်ရှိအချိန်မှာပဲလေ့စ်နည်းပြရာထူးအတွက်ချဲလ်ဆီးဂန္ထဝင်ကစားသမားဖရန့်လမ်းပတ်ကရေပန်းစားနေပါတယ်။လမ်းပတ်ဟာဇန်နဝါရီလတုန်းကချဲလ်ဆီးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်အသင်းတစ်သင်းကိုကိုင်တွယ်ရန်ဆန္ဒပြင်းပြနေသူလည်းဖြစ်ပါတယ်။

ZawGyi

ရာသီအကုန္တြင္ ပဲေလ့စ္မွ ထြက္ခြာမယ္လို႔ နည္းျပ႐ြိဳင္းေဟာ့ဆန္ေၾကညာ

႐ြိဳင္းေဟာ့ဆန္ကယခုေဘာလုံးရာသီအကုန္တြင္ခရစၥတယ္ပဲေလ့စ္မွထြက္ခြာေတာ့မည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။လစ္လပ္လာမယ့္ခရစၥတယ္ပဲေလ့စ္နည္းျပရာထူးအတြက္ခ်ဲလ္ဆီးနည္းျပေဟာင္းဖရန႔္လမ္းပတ္ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။

အသက္၇၃ႏွစ္ရွိအဂၤလန္နည္းျပေဟာင္းဟာ၂၀၁၇ခုႏွစ္ကတည္းကခရစၥတယ္ပဲေလ့စ္ကိုကိုင္တြယ္လာခဲ့သူျဖစ္ၿပီးပြဲေပါင္း၁၆၀ႀကီးၾကပ္ထားပါတယ္။

ဒါေပမယ့္ယေန႔မွာေဟာ့ဆန္ကအသင္းေဟာင္းလီဗာပူးႏွင့္ရင္ဆိုင္ကစားရမယ့္အန္ဖီးလ္ပြဲစဥ္အၿပီးမွာသူ႔ရဲ႕ခရစၥတယ္ပဲေလ့စ္နည္းျပအျဖစ္ေနာက္ဆုံးကိုင္တြယ္လာမယ့္ပြဲျဖစ္ေၾကာင္းေၾကညာသြားပါတယ္။သူ႔ရဲ႕ေနာက္ဆုံးခရစၥတယ္ပဲေလ့စ္အိမ္ကြင္းပြဲစဥ္မွာယေန႔ညအာဆင္နယ္ႏွင့္ပြဲျဖစ္လာပါမယ္။

လက္ရွိအခ်ိန္မွာပဲေလ့စ္နည္းျပရာထူးအတြက္ခ်ဲလ္ဆီးဂႏၴဝင္ကစားသမားဖရန႔္လမ္းပတ္ကေရပန္းစားေနပါတယ္။လမ္းပတ္ဟာဇန္နဝါရီလတုန္းကခ်ဲလ္ဆီးမွထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ကလပ္လက္မဲ့ျဖစ္လာခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္အသင္းတစ္သင္းကိုကိုင္တြယ္ရန္ဆႏၵျပင္းျပေနသူလည္းျဖစ္ပါတယ္။