ရာသီအကုန်တွင် ဖရက်ကို ထွက်ခွာခွင့်ပေးပြီး မက်ဂွိုင်းယားကို ရောင်းချလာမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာယခုရာသီအကုန်တွင်ဟယ်ရီမက်ဂွိုင်းယားကိုအရှုံးခံရောင်းချသွားမယ့်အပြင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဖရက်ကိုလည်းထွက်ခွာခွင့်ပေးလာမှာဖြစ်ကြောင်းသိရပါတယ်။

ယူနိုက်တက်ဟာ၂၀၁၉ခုနှစ်တုန်းကဟယ်ရီမက်ဂွိုင်းယားကိုပေါင်သန်း၈၀အသုံးပြုကာခေါ်ယူခဲ့ပြီး၂၀၂၀ခုနှစ်၊ဇန်နဝါရီတွင်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။

အသက်၂၉နှစ်ရှိမက်ဂွိုင်းယားဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ပွဲသုံးပွဲတည်းသာပွဲထွက်ခွင့်ရခဲ့ပါတယ်။သူဟာရာသီအစတုန်းကဘရိုက်တန်၊ဘရန့်ဖို့ဒ်တို့အားနှစ်ပွဲဆက်ရှုံးနိမ့်တဲ့ပွဲတွင်ပွဲထွက်ခွင့်ရပြီးနောက် နေရာပျောက်လာခဲ့တာလည်းဖြစ်ပါတယ်။

အထူးသဖြင့်သူဟာနွေရာသီတုန်းကလီဆန်ဒရိုမာတီနက်ဇ်ရောက်လာပြီးနောက် ယူနိုက်တက်တွင်နေရာရရှိရန်ရုန်းကန်လာရတာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာဗာရန်းနှင့်မာတီနက်ဇ်ကိုအဓိကခံစစ်အတွဲအဖြစ်အသုံးပြုနေပြီးလင်ဒီလော့ဖ်ကိုတတိယဦးစားပေးအဖြစ်လည်းကောင်းသုံးနေရာမက်ဂွိုင်းယားမှာစတုတ္ထဦးစားပေးကစားသမားအဖြစ်သာရှိနေပါတယ်။

ဒါပေမဲ့မက်ဂွိုင်းယားဟာပရော်ဖက်ရှင်နယ်ဆန်မှု၊အလုပ်ကြိုးစားမှုတို့ကြောင့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်နေတုန်းဖြစ်ပါတယ်။

ဒါ့အပြင်ယူနိုက်တက်ဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဖရက်ကိုလည်း စာချုပ်ပါအချက်အတိုင်းတစ်နှစ်သက်တမ်းတိုးချုပ်ဆိုမည်မဟုတ်ဘဲထွက်ခွာခွင့်ပေးလာပါမယ်။

အဲရစ်တန်ဟက်ဟာနွေရာသီတုန်းကကက်စ်မီရိုနှင့်ခရစ္စတီယန်အဲရစ်ဆင်တို့ကိုခေါ်ယူပြီးနောက်ကွင်းလယ်ကိုအပြောင်းအလဲများပြုလုပ်လိုနေပါတယ်။

ဖရက်ဟာယခင်နည်းပြဆိုးလ်ရှားလက်ထက်တုန်းကစကော့မက်တိုမီနေးနှင့်အဓိကကစားသမားအဖြစ်ကစားခွင့်ရခဲ့ပေမဲ့အဲရစ်တန်ဟက်လက်အောက်တွင်နေရာပျောက်နေပါတယ်။

ZawGyi

ရာသီအကုန္တြင္ ဖရက္ကို ထြက္ခြာခြင့္ေပးၿပီး မက္ဂြိဳင္းယားကို ေရာင္းခ်လာမယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာယခုရာသီအကုန္တြင္ဟယ္ရီမက္ဂြိဳင္းယားကိုအရႈံးခံေရာင္းခ်သြားမယ့္အျပင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဖရက္ကိုလည္းထြက္ခြာခြင့္ေပးလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ဟာ၂၀၁၉ခုႏွစ္တုန္းကဟယ္ရီမက္ဂြိဳင္းယားကိုေပါင္သန္း၈၀အသုံးျပဳကာေခၚယူခဲ့ၿပီး၂၀၂၀ခုႏွစ္၊ဇန္နဝါရီတြင္အသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္ခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိမက္ဂြိဳင္းယားဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္ပြဲသုံးပြဲတည္းသာပြဲထြက္ခြင့္ရခဲ့ပါတယ္။သူဟာရာသီအစတုန္းကဘ႐ိုက္တန္၊ဘရန႔္ဖို႔ဒ္တို႔အားႏွစ္ပြဲဆက္ရႈံးနိမ့္တဲ့ပြဲတြင္ပြဲထြက္ခြင့္ရၿပီးေနာက္ ေနရာေပ်ာက္လာခဲ့တာလည္းျဖစ္ပါတယ္။

အထူးသျဖင့္သူဟာေႏြရာသီတုန္းကလီဆန္ဒ႐ိုမာတီနက္ဇ္ေရာက္လာၿပီးေနာက္ ယူႏိုက္တက္တြင္ေနရာရရွိရန္႐ုန္းကန္လာရတာျဖစ္ပါတယ္။

အဲရစ္တန္ဟက္ဟာဗာရန္းႏွင့္မာတီနက္ဇ္ကိုအဓိကခံစစ္အတြဲအျဖစ္အသုံးျပဳေနၿပီးလင္ဒီေလာ့ဖ္ကိုတတိယဦးစားေပးအျဖစ္လည္းေကာင္းသုံးေနရာမက္ဂြိဳင္းယားမွာစတုတၳဦးစားေပးကစားသမားအျဖစ္သာရွိေနပါတယ္။

ဒါေပမဲ့မက္ဂြိဳင္းယားဟာပေရာ္ဖက္ရွင္နယ္ဆန္မႈ၊အလုပ္ႀကိဳးစားမႈတို႔ေၾကာင့္အဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ေနတုန္းျဖစ္ပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဖရက္ကိုလည္း စာခ်ဳပ္ပါအခ်က္အတိုင္းတစ္ႏွစ္သက္တမ္းတိုးခ်ဳပ္ဆိုမည္မဟုတ္ဘဲထြက္ခြာခြင့္ေပးလာပါမယ္။

အဲရစ္တန္ဟက္ဟာေႏြရာသီတုန္းကကက္စ္မီ႐ိုႏွင့္ခရစၥတီယန္အဲရစ္ဆင္တို႔ကိုေခၚယူၿပီးေနာက္ကြင္းလယ္ကိုအေျပာင္းအလဲမ်ားျပဳလုပ္လိုေနပါတယ္။

ဖရက္ဟာယခင္နည္းျပဆိုးလ္ရွားလက္ထက္တုန္းကစေကာ့မက္တိုမီေနးႏွင့္အဓိကကစားသမားအျဖစ္ကစားခြင့္ရခဲ့ေပမဲ့အဲရစ္တန္ဟက္လက္ေအာက္တြင္ေနရာေပ်ာက္ေနပါတယ္။