မာဆေးလ်မှ ထွက်ခွာတော့မည်ဟု ဘိုအာ့စ်ပြောကြားလာ

ချဲလ်ဆီးနှင့်စပါးစ်နည်းပြဟောင်းအင်ဒရေဗီလက်စ်ဘိုအာ့စ်ကရာသီအကုန်တွင်မာဆေးလ်မှထွက်ခွာတော့မှာဖြစ် ကြောင်းအတည်ပြုပြောကြားလာပါတယ်။

အသက်၄၃နှစ်ရှိပေါ်တူဂီလူမျိုးနည်းပြဦးဆောင်နေတဲ့မာဆေးလ်ဟာချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့အပြင်ပြင်သစ်လီဂူး၁တွင်လည်းအဆင့်၆ နေရာသို့ရောက်နေကာဒုတိယမြောက်ရာသီတွင်အခက်အခဲများနှင့်ရင်ဆိုင်နေရပါတယ်။

ဘိုအာ့စ်ဟာမာဆေးလ်ကိုရလဒ်ကောင်းများဆက်တိုက်ရရှိအောင်စွမ်းဆောင်နိုင်ခြင်းမရှိမှုနဲ့အတူစာချုပ်သက်တမ်းကုန်ဆုံးမယ့်ဇွန်လအကုန်တွင်ထွက်ခွာတော့မယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။

ယခုအခါဘိုအာ့စ်က “အခြေအနေကအဆုံးသတ်မယ့်ပုံပါပဲ။ဇွန်လမှာအားလုံးအဆုံးသတ်သွားမယ်လို့ထင်ပါတယ်။ အခုကျွန်တော်တို့ကလမ်းမှန်ပေါ်မှာမရှိတာကြောင့်ကျွန်တော့်ဘက်ကဘာမှတောင်းဆိုလို့မရပါဘူး။ဒါနဲ့ပတ်သက်ပြီးအားလုံးသူလည်းလက်ခံမယ်လို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဘိုအာ့စ်ရဲ့မာဆေးလ်ဟာသုံးပွဲဆက်တိုက်ရှုံးနိမ့်ထားပြီးယနေ့တွင်ရန်းနက်စ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ဘိုအာ့စ်ဟာမော်ရင်ဟိုရဲ့လက်အောက်တွင်ပေါ်တို၊ချဲလ်ဆီး၊အင်တာမီလန်တို့ကိုလိုက်ပါကိုင်တွယ်ခဲ့ဖူးပါတယ်။သူဟာပေါ်တိုကိုဖလားသုံးလုံးဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ပြီးနောက်ဥရောပထိပ်တန်းနည်းပြများထဲမှတစ်ဦးဖြစ် လာခဲ့ကာချဲလ်ဆီး၊စပါးစ်တို့ကိုလည်းကိုင်တွယ်ခဲ့ဖူးပါတယ်။သူဟာတရုတ်နှင့်ရုရှားသို့လည်းသွားရောက်ကာနည်းပြလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

မာေဆးလ္မွ ထြက္ခြာေတာ့မည္ဟု ဘိုအာ့စ္ေျပာၾကားလာ

ခ်ဲလ္ဆီးႏွင့္စပါးစ္နည္းျပေဟာင္းအင္ဒေရဗီလက္စ္ဘိုအာ့စ္ကရာသီအကုန္တြင္မာေဆးလ္မွထြက္ခြာေတာ့မွာျဖစ္ ေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

အသက္၄၃ႏွစ္ရွိေပၚတူဂီလူမ်ိဳးနည္းျပဦးေဆာင္ေနတဲ့မာေဆးလ္ဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာခဲ့ရတဲ့အ ျပင္ျပင္သစ္လီဂူး၁တြင္လည္းအဆင့္၆ေနရာသို႔ေရာက္ေနကာဒုတိယေျမာက္ရာသီတြင္အခက္အခဲမ်ားႏွင့္ရင္ဆိုင္ ေနရပါတယ္။

ဘိုအာ့စ္ဟာမာေဆးလ္ကိုရလဒ္ေကာင္းမ်ားဆက္တိုက္ရရွိေအာင္စြမ္းေဆာင္ႏိုင္ျခင္းမရွိမႈနဲ႔အတူစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဇြန္လအကုန္တြင္ထြက္ခြာေတာ့မယ္လို႔သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။

ယခုအခါဘိုအာ့စ္က “အေျခအေနကအဆုံးသတ္မယ့္ပုံပါပဲ။ဇြန္လမွာအားလုံးအဆုံးသတ္သြားမယ္လို႔ထင္ပါတယ္။ အခုကြၽန္ေတာ္တို႔ကလမ္းမွန္ေပၚမွာမရွိတာေၾကာင့္ကြၽန္ေတာ့္ဘက္ကဘာမွေတာင္းဆိုလို႔မရပါဘူး။ဒါနဲ႔ပတ္သက္ ၿပီးအားလုံးသူလည္းလက္ခံမယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘိုအာ့စ္ရဲ႕မာေဆးလ္ဟာသုံးပြဲဆက္တိုက္ရႈံးနိမ့္ထားၿပီးယေန႔တြင္ရန္းနက္စ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ဘိုအာ့စ္ဟာေမာ္ရင္ဟိုရဲ႕လက္ေအာက္တြင္ေပၚတို၊ခ်ဲလ္ဆီး၊အင္တာမီလန္တို႔ကိုလိုက္ပါကိုင္တြယ္ခဲ့ဖူးပါတယ္။သူဟာေပၚတိုကိုဖလားသုံးလုံးဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ၿပီးေနာက္ဥေရာပထိပ္တန္းနည္းျပမ်ားထဲမွတစ္ဦးျဖစ္ လာခဲ့ကာခ်ဲလ္ဆီး၊စပါးစ္တို႔ကိုလည္းကိုင္တြယ္ခဲ့ဖူးပါတယ္။သူဟာတ႐ုတ္ႏွင့္႐ုရွားသို႔လည္းသြားေရာက္ကာနည္း ျပလုပ္ခဲ့ဖူးသူျဖစ္ပါတယ္။