ရာသီအကုန်တွင် မာတာ ထွက်ခွာနိုင်ကြောင်း ဆိုးလ်ရှားအတည်ပြု

အိုလီဂန်းနားဆိုးလ်ရှားကဂျုအန်မာတာမှာလာမယ့်လတွင်မန်ယူမှထွက်ခွာနိုင်ကြောင်းအတည်ပြုပြောကြားသွားပါတယ်။

အသက်၃၃နှစ်ရှိစပိန်ကွင်းလယ်ဖန်တီးရှင်ဟာ၂၀၁၄ခုနှစ်၊ဇန်နဝါရီလတုန်းကချဲလ်ဆီးမှပေါင်၃၇.၁သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

စပိန်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့မာတာရဲ့လက်ရှိမန်ယူနှင့်စာချုပ်မှာလာမယ့်လအကုန်တွင်ကုန်ဆုံးပါမယ်။

မာတာနှင့်ဆိုးလ်ရှားတို့ဟာအနာဂတ်နှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ထားပြီးဖြစ်ကာစာချုပ်သက်တမ်းတိုးနိုင်တဲ့အနေအထားမျိုးတွင်လည်းရှိနေပါတယ်။

ဒါပေမယ့်မာတာဟာပုံမှန်ပွဲကစားခွင့်မရရှိမှုနဲ့အတူရာသီအကုန်တွင်မန်ယူမှထွက်ခွာနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

ဆိုးလ်ရှားက “မာတာနဲ့စကားပြောဖြစ်ပါတယ်။မကြာမီကျွန်တော်တို့ဆွေးနွေးသွားကြပါဦးမယ်။သူဟာသူကစားချင်သလောက်ပွဲမကစားခဲ့ရဘူးဆိုပေမယ့်သူနဲ့အတူကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုချသွားပါမယ်။သူ့မှာသူ့အနာဂတ်ကိုစိတ်ကြိုက်ဆုံးဖြတ်ခွင့်ရှိနေပါတယ်။သူဟာကလပ်အတွက်ကောင်းကောင်းလုပ်ပေးခဲ့တဲ့သူပါ။အသင်းကနေကစားသမားကောင်း၊လူကောင်းတွေထွက်ခွာသွားရတာခက်ခဲပါတယ်။သူကလည်းသူ့ကစားသမားအတွက်နောက်ခြေလှမ်းတစ်ခုလှမ်းချင်မှာပါ။သူဒီမှာဆက်ကစားမလား၊ဘယ်မှာကစားမလဲဆိုတာမသိပါဘူး။နောက်ဆုံးဆုံးဖြတ်ချက်မချရသေးပါဘူး”လို့ပြောကြားသွားပါတယ်။

မာတာဟာ၂၀၂၁ခုနှစ်အတွင်းမှာမန်ယူအတွက်၇ပွဲတည်းသာကစားခွင့်ရရှိထားပါတယ်။

ZawGyi

ရာသီအကုန္တြင္ မာတာ ထြက္ခြာႏိုင္ေၾကာင္း ဆိုးလ္ရွားအတည္ျပဳ

အိုလီဂန္းနားဆိုးလ္ရွားကဂ်ဳအန္မာတာမွာလာမယ့္လတြင္မန္ယူမွထြက္ခြာႏိုင္ေၾကာင္းအတည္ျပဳေျပာၾကားသြားပါတယ္။

အသက္၃၃ႏွစ္ရွိစပိန္ကြင္းလယ္ဖန္တီးရွင္ဟာ၂၀၁၄ခုႏွစ္၊ဇန္နဝါရီလတုန္းကခ်ဲလ္ဆီးမွေပါင္၃၇.၁သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

စပိန္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့ဖူးတဲ့မာတာရဲ႕လက္ရွိမန္ယူႏွင့္စာခ်ဳပ္မွာလာမယ့္လအကုန္တြင္ကုန္ဆုံးပါမယ္။

မာတာႏွင့္ဆိုးလ္ရွားတို႔ဟာအနာဂတ္ႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္ထားၿပီးျဖစ္ကာစာခ်ဳပ္သက္တမ္းတိုးႏိုင္တဲ့အေနအထားမ်ိဳးတြင္လည္းရွိေနပါတယ္။

ဒါေပမယ့္မာတာဟာပုံမွန္ပြဲကစားခြင့္မရရွိမႈနဲ႔အတူရာသီအကုန္တြင္မန္ယူမွထြက္ခြာႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။

ဆိုးလ္ရွားက “မာတာနဲ႔စကားေျပာျဖစ္ပါတယ္။မၾကာမီကြၽန္ေတာ္တို႔ေဆြးေႏြးသြားၾကပါဦးမယ္။သူဟာသူကစားခ်င္သေလာက္ပြဲမကစားခဲ့ရဘူးဆိုေပမယ့္သူနဲ႔အတူကြၽန္ေတာ္တို႔ဆုံးျဖတ္ခ်က္တစ္ခုခ်သြားပါမယ္။သူ႔မွာသူ႔အနာဂတ္ကိုစိတ္ႀကိဳက္ဆုံးျဖတ္ခြင့္ရွိေနပါတယ္။သူဟာကလပ္အတြက္ေကာင္းေကာင္းလုပ္ေပးခဲ့တဲ့သူပါ။အသင္းကေနကစားသမားေကာင္း၊လူေကာင္းေတြထြက္ခြာသြားရတာခက္ခဲပါတယ္။သူကလည္းသူ႔ကစားသမားအတြက္ေနာက္ေျခလွမ္းတစ္ခုလွမ္းခ်င္မွာပါ။သူဒီမွာဆက္ကစားမလား၊ဘယ္မွာကစားမလဲဆိုတာမသိပါဘူး။ေနာက္ဆုံးဆုံးျဖတ္ခ်က္မခ်ရေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မာတာဟာ၂၀၂၁ခုႏွစ္အတြင္းမွာမန္ယူအတြက္၇ပြဲတည္းသာကစားခြင့္ရရွိထားပါတယ္။