ရာသီအကုန်တွင် အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် ရှော်လ်ကေးမှ ခါဘစ်ကို လီဗာပူးအားဖြည့်

လီဗာပူးဟာရှော်လ်ကေးနောက်ခံလူအိုဇန်ခါဘစ်ကိုရာသီအကုန်အထိအငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။လီဗာပူးဟာဗန်ဒိုက်နှင့်ဂိုမက်ဇ်တို့ကိုဒူးဒဏ်ရာကြောင့်ရာသီအကုန်အထိဆုံးရှုံးခဲ့ရပြီးနောက်ယခုရာသီတွင်ဗဟိုခံစစ်ပြဿနာများနှင့်ကြုံလာခဲ့ရတဲ့အသင်းဖြစ်ပါတယ်။

လီဗာပူးဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ပရက်စတန်မှဘင်ဒါးဗီးစ်ကိုခေါ်ယူပြီးနောက်နောက်ခံလူဂျိုယေးမာတစ်ကိုရာသီအကုန်အထိဆုံးရှုံးရမှာကိုသိခဲ့ရပါတယ်။ဒါကြောင့်လည်းလီဗာပူးဟာနောက်ထပ်ခံစစ်မှူးတစ်ဦးအနေဖြင့်တူရကီလက်ရွေးစင်နောက်ခံလူခါဘစ်ကိုအငှားဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာခါဘစ်ကိုအငှားဖြင့်ခေါ်ယူခဲ့ပေမယ့်အငှားစာချုပ်တွင်ရာသီအကုန်တွင်ပေါင်၂၆.၅သန်းဖြင့်အပြီးသတ် ခေါ်ယူမယ့်အချက်ကိုလည်းထည့်သွင်းခဲ့ပါတယ်။

ရှော်လ်ကေးဟာခါဘစ်နေရာမှာအာဆင်နယ်နောက်ခံလူမူစတာဖီအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူကာအစားထိုးခဲ့ပါတယ်။

ZawGyi

ရာသီအကုန္တြင္ အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္ ေရွာ္လ္ေကးမွ ခါဘစ္ကို လီဗာပူးအားျဖည့္

လီဗာပူးဟာေရွာ္လ္ေကးေနာက္ခံလူအိုဇန္ခါဘစ္ကိုရာသီအကုန္အထိအငွားစာခ်ဳပ္ျဖင့္ေခၚယူလိုက္ပါတယ္။လီဗာပူးဟာဗန္ဒိုက္ႏွင့္ဂိုမက္ဇ္တို႔ကိုဒူးဒဏ္ရာေၾကာင့္ရာသီအကုန္အထိဆုံးရႈံးခဲ့ရၿပီးေနာက္ယခုရာသီတြင္ဗဟိုခံစစ္ျပႆနာမ်ားႏွင့္ႀကဳံလာခဲ့ရတဲ့အသင္းျဖစ္ပါတယ္။

လီဗာပူးဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ပရက္စတန္မွဘင္ဒါးဗီးစ္ကိုေခၚယူၿပီးေနာက္ေနာက္ခံလူဂ်ိဳေယးမာတစ္ကိုရာသီအကုန္အထိဆုံးရႈံးရမွာကိုသိခဲ့ရပါတယ္။ဒါေၾကာင့္လည္းလီဗာပူးဟာေနာက္ထပ္ခံစစ္မႉးတစ္ဦးအေနျဖင့္တူရကီလက္ေ႐ြးစင္ေနာက္ခံလူခါဘစ္ကိုအငွားျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာခါဘစ္ကိုအငွားျဖင့္ေခၚယူခဲ့ေပမယ့္အငွားစာခ်ဳပ္တြင္ရာသီအကုန္တြင္ေပါင္၂၆.၅သန္းျဖင့္အၿပီးသတ္ ေခၚယူမယ့္အခ်က္ကိုလည္းထည့္သြင္းခဲ့ပါတယ္။

ေရွာ္လ္ေကးဟာခါဘစ္ေနရာမွာအာဆင္နယ္ေနာက္ခံလူမူစတာဖီအားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူကာအစားထိုးခဲ့ပါတယ္။