ရာသီအကုန်အထိ ဘီဆစ်တပ်ပထမအသင်းမှ ဖယ်ရှားခြင်းခံလာရတဲ့ ဒီလီအလီ

ဒီလီအလီဟာရာသီအကုန်အထိဘီဆစ်တပ်ပထမအသင်းမှဖယ်ရှားခြင်းခံရမှုနှင့်အတူပွဲကစားခွင့်ရလာတော့မှာမဟုတ်ဘဲပွဲကြည့်စင်မှသာပွဲကြည့်နေရတော့မှာဖြစ်ပါတယ်။

အလီဟာပြီးခဲ့တဲ့နွေရာသီတုန်းကအဲဗာတန်မှဘီဆစ်တပ်သို့အငှားဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာဘီဆစ်တပ်အတွက်ပထမဆုံးကစားတဲ့ပွဲတွင်ခြေစွမ်းပြနိုင်ခဲ့သလိုဒုတိယမြောက်ကစားတဲ့ပွဲတွင်ဂိုးစတင်သွင်းယူနိုင်ခဲ့လို့တူရကီတွင်ဘောလုံးသမားဘဝပြန်လည်ဦးမော့လာမယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။

အသက်၂၆နှစ်ရှိဒီလီအလီဟာဘီဆစ်တပ်အတွက်၁၅ပွဲကစားခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူဟာပြီးခဲ့တဲ့လတုန်းကAntalyaspor နှင့်ပွဲတွင်ပွဲထွက်ကစားခွင့်ရပြီးပထမပိုင်းအပြီးတွင်လူစားလဲခြင်းခံရပြီးနောက်ပိုင်းမှာအရန်အဖြစ်ပင်ပါဝင်ကစားခွင့်မရလာခဲ့ပါဘူး။

စပါးစ်စတားဟောင်းဟာ Ankaragucu ၊ Istanbul Basaksehir တို့နှင့်ကစားတဲ့ပွဲမှာဘီဆစ်တပ်လူစာရင်းမှာပင်မပါဝင်လာခဲ့ပါဘူး။ယခုအခါတရကီသတင်းစာ Takvim ကဘီဆစ်တပ်နည်းပြဆီနိုလ်ဂူနက်စ်ဟာအလီကိုရာသီအကုန်အထိပထမအသင်းမှဖယ်ရှားလိုက်ပြီဖြစ်ကြောင်းဖော်ပြလာပါတယ်။

ဒီလီအလီဟာပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို၂ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးလက်ရှိအနေအထားကြောင့်သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝပိုမိုနိမ့်ကျလာတော့မဲ့အနေအထားမျိုးသို့ရောက်နေပြီဖြစ်ပါတယ်။

လက်ရှိအနေအထားအရဘီဆစ်တပ်ဟာသူ့ကိုအငှားဖြင့်ခေါ်ယူတုန်းကပေါင်၆.၉သန်းဖြင့်အပြီးသတ်ခေါ်ယူမဲ့အချက်ထည့်သွင်းထားပေမဲ့လည်းအပြီးသတ်ခေါ်ယူလာဖို့မရှိတော့ပါဘူး။သူဟာရာသီအကုန်မှာမိခင်ကလပ်အဲဗာတန်သို့ပြန်သွားရဖို့ရှိနေပါတယ်။

ZawGyi

ရာသီအကုန္အထိ ဘီဆစ္တပ္ပထမအသင္းမွ ဖယ္ရွားျခင္းခံလာရတဲ့ ဒီလီအလီ

ဒီလီအလီဟာရာသီအကုန္အထိဘီဆစ္တပ္ပထမအသင္းမွဖယ္ရွားျခင္းခံရမႈႏွင့္အတူပြဲကစားခြင့္ရလာေတာ့မွာမဟုတ္ဘဲပြဲၾကည့္စင္မွသာပြဲၾကည့္ေနရေတာ့မွာျဖစ္ပါတယ္။

အလီဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအဲဗာတန္မွဘီဆစ္တပ္သို႔အငွားျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာဘီဆစ္တပ္အတြက္ပထမဆုံးကစားတဲ့ပြဲတြင္ေျခစြမ္းျပႏိုင္ခဲ့သလိုဒုတိယေျမာက္ကစားတဲ့ပြဲတြင္ဂိုးစတင္သြင္းယူႏိုင္ခဲ့လို႔တူရကီတြင္ေဘာလုံးသမားဘဝျပန္လည္ဦးေမာ့လာမယ္လို႔ယူဆျခင္းခံခဲ့ရပါတယ္။

အသက္၂၆ႏွစ္ရွိဒီလီအလီဟာဘီဆစ္တပ္အတြက္၁၅ပြဲကစားခြင့္ရခဲ့ပါတယ္။ဒါေပမဲ့သူဟာၿပီးခဲ့တဲ့လတုန္းကAntalyaspor ႏွင့္ပြဲတြင္ပြဲထြက္ကစားခြင့္ရၿပီးပထမပိုင္းအၿပီးတြင္လူစားလဲျခင္းခံရၿပီးေနာက္ပိုင္းမွာအရန္အျဖစ္ပင္ပါဝင္ကစားခြင့္မရလာခဲ့ပါဘူး။

စပါးစ္စတားေဟာင္းဟာ Ankaragucu ၊ Istanbul Basaksehir တို႔ႏွင့္ကစားတဲ့ပြဲမွာဘီဆစ္တပ္လူစာရင္းမွာပင္မပါဝင္လာခဲ့ပါဘူး။ယခုအခါတရကီသတင္းစာ Takvim ကဘီဆစ္တပ္နည္းျပဆီႏိုလ္ဂူနက္စ္ဟာအလီကိုရာသီအကုန္အထိပထမအသင္းမွဖယ္ရွားလိုက္ၿပီျဖစ္ေၾကာင္းေဖာ္ျပလာပါတယ္။

ဒီလီအလီဟာပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကို၂ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးလက္ရွိအေနအထားေၾကာင့္သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝပိုမိုနိမ့္က်လာေတာ့မဲ့အေနအထားမ်ိဳးသို႔ေရာက္ေနၿပီျဖစ္ပါတယ္။

လက္ရွိအေနအထားအရဘီဆစ္တပ္ဟာသူ႔ကိုအငွားျဖင့္ေခၚယူတုန္းကေပါင္၆.၉သန္းျဖင့္အၿပီးသတ္ေခၚယူမဲ့အခ်က္ထည့္သြင္းထားေပမဲ့လည္းအၿပီးသတ္ေခၚယူလာဖို႔မရွိေတာ့ပါဘူး။သူဟာရာသီအကုန္မွာမိခင္ကလပ္အဲဗာတန္သို႔ျပန္သြားရဖို႔ရွိေနပါတယ္။