ရာသီအကုန်အထိ ယူနိုက်တက်အတွက် ကစားခွင့်ရမှာမဟုတ်တဲ မေဆင်ဂရင်းဝုဒ်

မန်ချက်စတာယူနိုက်တက်စတားမေဆင်ဂရင်းဝုဒ်ဟာယခုရာသီအကုန်အထိယူနိုက်တက်အတွက် ကစားခွင့်ရရှိလာမှာမဟုတ်ကြောင်းသိရပါတယ်။

ယူနိုက်တက်တိုက်စစ်သမားဟာဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်မှု၊ထိန်းချုပ်မှုတို့ဖြင့်စုံစမ်းစစ်ဆေးခြင်းခံရပြီးနောက်အမှုမှကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်ရှိဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းကဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက်ယူနိုက်တက်အတွက် ကစားခွင့် မရလာခဲ့သူလည်း ဖြစ်ပါတယ်။

မေဆင်ဂရင်းဝဒ်ဟာအမှုမှကွင်းလုံးကျွတ်လွတ်မြောက်လာပေမဲ့လည်းယူနိုက်တက်ရဲ့စုံစမ်းစစ်ဆေးမှုခံယူနေရဆဲ ဖြစ်ပါတယ်။

ယနေ့တွင် Daily Star ရဲ့ဖော်ပြလာမှုအရ မေဆင်ဂရင်းဝုဒ်ဟာယခုရာသီတစ်လုံးကစားခွင့်ရရှိလာတော့မှာ မဟုတ်ကြောင်းသိရပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာသူ့ကို စွပ်စွဲသူအပါအဝင်မျက်မြင်သက်သေ ၁၂ ဦးတို့ကသက်သေထွက်ဆိုရန် ငြင်းဆိုမှုနဲ့အတူ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာယူနိုက်တက်တွင်တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ရရှိနေသူဖြစ်ပြီးစာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်တွင်ကုန်ဆုံးပါမယ်။

ဒါပေမဲ့လည်းသူဟာ ယူနိုက်တက်တွင်လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသလိုအသင်းနှင့်ပူးပေါင်းနိုင်ခြင်းလည်း မရှိသေးပါဘူး။

ယူနိုက်တက်ဟာ မေဆင်ဂရင်းဝုဒ်ရဲ့အခြေအနေကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက အနာဂတ်နှင့်ပတ်သက်ပြီး ပြတ်သားစွာ ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

ZawGyi

ရာသီအကုန္အထိ ယူႏိုက္တက္အတြက္ ကစားခြင့္ရမွာမဟုတ္တဲ ေမဆင္ဂရင္းဝုဒ္

မန္ခ်က္စတာယူႏိုက္တက္စတားေမဆင္ဂရင္းဝုဒ္ဟာယခုရာသီအကုန္အထိယူႏိုက္တက္အတြက္ ကစားခြင့္ရရွိလာမွာမဟုတ္ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္တိုက္စစ္သမားဟာဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊ဒဏ္ရာအနာတရျဖစ္ေအာင္ ျပဳလုပ္မႈ၊ထိန္းခ်ဳပ္မႈတို႔ျဖင့္စုံစမ္းစစ္ေဆးျခင္းခံရၿပီးေနာက္အမႈမွကြင္းလုံးကြၽတ္လြတ္ေျမာက္လာခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္ရွိဂရင္းဝုဒ္ဟာ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလတုန္းကဖမ္းဆီးထိန္းသိမ္းျခင္းခံရၿပီးေနာက္ယူႏိုက္တက္အတြက္ ကစားခြင့္ မရလာခဲ့သူလည္း ျဖစ္ပါတယ္။

ေမဆင္ဂရင္းဝဒ္ဟာအမႈမွကြင္းလုံးကြၽတ္လြတ္ေျမာက္လာေပမဲ့လည္းယူႏိုက္တက္ရဲ႕စုံစမ္းစစ္ေဆးမႈခံယူေနရဆဲ ျဖစ္ပါတယ္။

ယေန႔တြင္ Daily Star ရဲ႕ေဖာ္ျပလာမႈအရ ေမဆင္ဂရင္းဝုဒ္ဟာယခုရာသီတစ္လုံးကစားခြင့္ရရွိလာေတာ့မွာ မဟုတ္ေၾကာင္းသိရပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာသူ႔ကို စြပ္စြဲသူအပါအဝင္မ်က္ျမင္သက္ေသ ၁၂ ဦးတို႔ကသက္ေသထြက္ဆိုရန္ ျငင္းဆိုမႈနဲ႔အတူ အမႈမွ ကြင္းလုံးကြၽတ္လြတ္ေျမာက္လာခဲ့တာလည္း ျဖစ္ပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာယူႏိုက္တက္တြင္တစ္ပတ္လုပ္ခ ေပါင္ ၂၅၀၀၀၀ရရွိေနသူျဖစ္ၿပီးစာခ်ဳပ္သက္တမ္းမွာ ၂၀၂၅ ခုႏွစ္တြင္ကုန္ဆုံးပါမယ္။

ဒါေပမဲ့လည္းသူဟာ ယူႏိုက္တက္တြင္ေလ့က်င့္ခန္းဆင္းႏိုင္ျခင္းမရွိသလိုအသင္းႏွင့္ပူးေပါင္းႏိုင္ျခင္းလည္း မရွိေသးပါဘူး။

ယူႏိုက္တက္ဟာ ေမဆင္ဂရင္းဝုဒ္ရဲ႕အေျခအေနကို စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးပါက အနာဂတ္ႏွင့္ပတ္သက္ၿပီး ျပတ္သားစြာ ဆုံးျဖတ္လာဖို႔ ရွိေနပါတယ္။