ရာသီအကုန်အထိ အေဂျက်စ်နည်းပြသစ်အဖြစ် ခန့်အပ်ခံလာရတဲ့ အဲဗာတန်စတားဟောင်းဟိုက်တီဂါ

အေဂျက်စ်အသင်းကယာယီနည်းပြအဖြစ်ဂျွန်ဟိုက်တီဂါအားခန့်အပ်လိုက်ကြောင်းကြေညာလာပါတယ်။

အေဂျက်စ်ဟာပြီးခဲ့တဲ့အပတ်တုန်းက၇ပွဲဆက်နိုင်ပွဲပျောက်ပြီးနောက် နည်းပြအယ်ဖရက်ရှရူဒါကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

ယခုအခါအေဂျက်စ်ဟာယူ-၂၃နည်းပြဟောင်းဟိုက်တီဂါအားဇွန်လအထိစာချုပ်ဖြင့်ခန့်အပ်မှုပြုလုပ်လာပါတယ်။

အဲရစ်တန်ဟက်ရဲ့နေရာကိုဆက်ခံတဲ့ရှရူဒါဟာနောက်ဆုံး၇ပွဲတွင်ပီအက်စ်ဗွီတစ်သင်းတည်းကိုသာရှုံးနိမ့်ပေမဲ့၆ပွဲဆက်သရေကျမှုကြောင့်ထုတ်ပယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဟိုက်တီဂါဟာကစားသမားဘဝတုန်းကအေဂျက်စ်နှင့်အတူဒတ်ချ်အဆင့်မြင့်တန်းလိဂ်ဖလား၂ကြိမ်ရရှိခဲ့သူဖြစ်ပြီးအဲဗာတန်၊အက်သလက်တီကို၊ဖူလ်ဟမ်နှင့်ဟာသာဘာလင်တို့တွင်လည်းကစားခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်တွင်အေဂျက်စ်တွင်ကစားသမားဘဝမှအနားယူပြီးနောက်လူငယ်အသင်းနည်းပြအဖြစ်တာဝန်ယူလာခဲ့ပါတယ်။

ZawGyi






ဟိုက်တီဂါဟာကစားသမားဘဝတုန်းကအေဂျက်စ်နှင့်အတူဒတ်ခ်ျအဆင့်မြင့်တန်းလိဂ်ဖလား၂ကြိမ်ရရှိခဲ့သူဖြစ်ပြီးအဲဗာတန်၊အက်သလက်တီကို၊ဖူလ်ဟမ်နှင့်ဟာသာဘာလင်တို့တွင်လည်းကစားခဲ့ဖူးသူဖြစ်ပါတယ်။
