ရာသီအစတွင် မန်ယူနှင့်အတူ ပေါလ်ပေါ့ဘာ ခြေစွမ်းပြနိုင်ရခြင်းရဲ့လျို့ဝှက်ချက်ကို သိရပြီ

ပေါလ်ပေါ့ဘာဟာမန်ယူနှင့်အတူပရီးမီးယားလိဂ်ရာသီအစအကောင်းဆုံးပုံစံပြသနေရခြင်းမှာနွေရာသီအားလပ်ရက်ကာလတုန်းက အမေရိကန်တွင် NBA ထိပ်သီး Miami Heat နှင့်အတူလေ့ကျင့်ခန်းများဆင်းခဲ့မှုကြောင့်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့စနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာလိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဂိုးဖန်တီးမှု ၄ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။

သူဟာမန်ယူသမိုင်းတွင်တစ်ပွဲတည်း၄ကြိမ်ဖန်တီးနိုင်တဲ့ကစားသမားအဖြစ်လည်းသမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရပေါ့ဘာဟာနွေရာသီအားလပ်ရက်တုန်းကအမေရိကန်အပန်းဖြေခရီးစဉ်အတွင်းတွင် Miami Heat နှင့်အတူလေ့ကျင့်ခန်းများပြုလုပ်ခဲ့မှုနဲ့အတူပရီးမီးယားလိဂ်ရာသီသစ်အတွက်အကောင်းဆုံးပုံစံရှိနေခြင်းဖြစ်ကြောင်းသိရပါတယ်။

သူဟာပြင်သစ်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲကစားပြီးနောက်အမေရိကန်သို့သွားရောက်ကာအပန်းဖြေခဲ့ပါတယ်။သူဟာအမေရိကန်သို့ရောက်နေစဉ်အတွင်းမှာအပန်းဖြေရုံသာမက Heat နှင့်အတူကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြလုပ်ခဲ့ပါတယ်။

ဒါကြောင့်သူဟာမန်ယူရဲ့စကော့တလန်လေ့ကျင့်ခန်းအစီအစဉ်သို့နောက်ကျမှပူးပေါင်းနိုင်ခဲ့သော်လည်းကြံ့ခိုင်မှုအကောင်းဆုံးပုံစံတွင်ရှိနေမှုကြောင့်မန်ယူနည်းပြဆိုးလ်ရှားအပါအဝင်နည်းပြအဖွဲ့ဝင်များရဲ့အံ့ဩခြင်းခံခဲ့ရပါတယ်။

မန်ယူပရိသတ်များဟာလာမယ့်တနင်္ဂနွေနေ့တွင်ဆောက်သမ်တန်နှင့်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲတွင်လည်းပေါလ်ပေါ့ဘာအကောင်းဆုံးပုံစံဖြင့်ကစားလာဦးမလားစောင့်ကြည့်သွားကြဦးမှာဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူဟာအသင်းနှင့်၁၁လစာချုပ်သာကျန်တော့တဲ့ပေါ့ဘာကိုတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀သို့အထိတိုးမြှင့်ကာစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေပါတယ်။လက်ရှိအချိန်တွင်ပေါ့ဘာဘက်ကမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုလိုတဲ့အရိပ်လက္ခာမပြသေးပါဘူး။

သူကလာမယ့်နှစ်နွေရာသီတွင်ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီတို့ကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုနေပါတယ်။

ZawGyi

ရာသီအစတြင္ မန္ယူႏွင့္အတူ ေပါလ္ေပါ့ဘာ ေျခစြမ္းျပႏိုင္ရျခင္းရဲ႕လ်ိဳ႕ဝွက္ခ်က္ကို သိရၿပီ

ေပါလ္ေပါ့ဘာဟာမန္ယူႏွင့္အတူပရီးမီးယားလိဂ္ရာသီအစအေကာင္းဆုံးပုံစံျပသေနရျခင္းမွာေႏြရာသီအားလပ္ရက္ကာလတုန္းက အေမရိကန္တြင္ NBA ထိပ္သီး Miami Heat ႏွင့္အတူေလ့က်င့္ခန္းမ်ားဆင္းခဲ့မႈေၾကာင့္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိျပင္သစ္ကြင္းလယ္ကစားသမားဟာၿပီးခဲ့တဲ့စေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာလိဒ္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဂိုးဖန္တီးမႈ ၄ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။

သူဟာမန္ယူသမိုင္းတြင္တစ္ပြဲတည္း၄ႀကိမ္ဖန္တီးႏိုင္တဲ့ကစားသမားအျဖစ္လည္းသမိုင္းမွတ္တိုင္စိုက္ထူႏိုင္ခဲ့ပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရေပါ့ဘာဟာေႏြရာသီအားလပ္ရက္တုန္းကအေမရိကန္အပန္းေျဖခရီးစဥ္အတြင္းတြင္ Miami Heat ႏွင့္အတူေလ့က်င့္ခန္းမ်ားျပဳလုပ္ခဲ့မႈနဲ႔အတူပရီးမီးယားလိဂ္ရာသီသစ္အတြက္အေကာင္းဆုံးပုံစံရွိေနျခင္းျဖစ္ေၾကာင္းသိရပါတယ္။

သူဟာျပင္သစ္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားၿပီးေနာက္အေမရိကန္သို႔သြားေရာက္ကာအပန္းေျဖခဲ့ပါတယ္။သူဟာအေမရိကန္သို႔ေရာက္ေနစဥ္အတြင္းမွာအပန္းေျဖ႐ုံသာမက Heat ႏွင့္အတူႀကံ့ခိုင္ေရးေလ့က်င့္ခန္းမ်ားျပလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္သူဟာမန္ယူရဲ႕စေကာ့တလန္ေလ့က်င့္ခန္းအစီအစဥ္သို႔ေနာက္က်မွပူးေပါင္းႏိုင္ခဲ့ေသာ္လည္းႀကံ့ခိုင္မႈအေကာင္းဆုံးပုံစံတြင္ရွိေနမႈေၾကာင့္မန္ယူနည္းျပဆိုးလ္ရွားအပါအဝင္နည္းျပအဖြဲ႕ဝင္မ်ားရဲ႕အံ့ဩျခင္းခံခဲ့ရပါတယ္။

မန္ယူပရိသတ္မ်ားဟာလာမယ့္တနဂၤေႏြေန႔တြင္ေဆာက္သမ္တန္ႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲတြင္လည္းေပါလ္ေပါ့ဘာအေကာင္းဆုံးပုံစံျဖင့္ကစားလာဦးမလားေစာင့္ၾကည့္သြားၾကဦးမွာျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူဟာအသင္းႏွင့္၁၁လစာခ်ဳပ္သာက်န္ေတာ့တဲ့ေပါ့ဘာကိုတစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀သို႔အထိတိုးျမႇင့္ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ေနပါတယ္။လက္ရွိအခ်ိန္တြင္ေပါ့ဘာဘက္ကမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုတဲ့အရိပ္လကၡာမျပေသးပါဘူး။

သူကလာမယ့္ႏွစ္ေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီတို႔ကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူလိုေနပါတယ္။