ရာသီအစရလဒ်ဆိုးရွားမှု၊၁၉နှစ်အတွင်းဗယ်လီကာနိုအား ပထမဆုံးရှုံးနိမ့်မှုကြောင့် ကိုးမန်းကို ဘာစီလိုနာထုတ်ပယ်

ရော်နယ်ကိုးမန်းဟာရာသီအစရလဒ်ဆိုးရွားမှုကြောင့်ဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ဒတ်ချ်လူမျိုးနည်းပြဟာရာယိုဗယ်လီကာနိုကိုရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။

ကိုးမန်းထွက်ခွာသွားချိန်တွင်ဘာစီလိုနာမှာလာလီဂါအမှတ်ပေးဇယားအဆင့်၉နေရာတွင်ရပ်တည်နေပြီးချန်ပီယံလိဂ်တွင်လည်းအုပ်စုအဆင့်မှထွက်ခွာရနိုင်တဲ့အခြေအနေမျိုးမှာရှိနေပါတယ်။

ဘာစီလိုနာဟာအယ်ကလက်စီကိုတွင်ရီးရဲလ်မက်ဒရစ်ကိုနူးကမ့်မှာရှုံးနိမ့်ပြီးနောက်ဗယ်လီကာနိုကိုလည်း၁၉နှစ်အတွင်းပထမဆုံးအကြိမ်ရှုံးနိမ့်မှုနဲ့အတူ ကိုးမန်းကိုထုတ်ပယ်ရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကိုးမန်းဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းကနယ်သာလန်နည်းပြရာထူးမှနုတ်ထွက်ကာဘာစီလိုနာနည်းပြရာထူးကိုရယူခဲ့သူဖြစ်ပါတယ်။သူဟာဘာစီလိုနာကိုကိုင်တွယ်တဲ့၁၄လအတွင်းတွင်ကိုပါဒယ်ရေးဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာနည်းပြသစ်ဖြစ်လာရန်ဂန္ထဝင်ကစားသမားဟောင်းဇာဗီးကထိပ်ဆုံးမှရေပန်းစားနေပါတယ်။ဘာစီလိုနာနည်းပြအတွက်နောက်ထပ်ရေပန်းစားသူကဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်ဖြစ်ပါတယ်။

ZawGyi

ရာသီအစရလဒ္ဆိုး႐ြားမႈ၊၁၉ႏွစ္အတြင္းဗယ္လီကာႏိုအား ပထမဆုံးရႈံးနိမ့္မႈေၾကာင့္ ကိုးမန္းကို ဘာစီလိုနာထုတ္ပယ္

ေရာ္နယ္ကိုးမန္းဟာရာသီအစရလဒ္ဆိုး႐ြားမႈေၾကာင့္ဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။ဒတ္ခ်္လူမ်ိဳးနည္းျပဟာရာယိုဗယ္လီကာႏိုကိုရႈံးနိမ့္ၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ထုတ္ပယ္ျခင္းခံလိုက္ရတာျဖစ္ပါတယ္။

ကိုးမန္းထြက္ခြာသြားခ်ိန္တြင္ဘာစီလိုနာမွာလာလီဂါအမွတ္ေပးဇယားအဆင့္၉ေနရာတြင္ရပ္တည္ေနၿပီးခ်န္ပီယံလိဂ္တြင္လည္းအုပ္စုအဆင့္မွထြက္ခြာရႏိုင္တဲ့အေျခအေနမ်ိဳးမွာရွိေနပါတယ္။

ဘာစီလိုနာဟာအယ္ကလက္စီကိုတြင္ရီးရဲလ္မက္ဒရစ္ကိုႏူးကမ့္မွာရႈံးနိမ့္ၿပီးေနာက္ဗယ္လီကာႏိုကိုလည္း၁၉ႏွစ္အတြင္းပထမဆုံးအႀကိမ္ရႈံးနိမ့္မႈနဲ႔အတူ ကိုးမန္းကိုထုတ္ပယ္ရန္ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ကိုးမန္းဟာ၂၀၂၀ခုႏွစ္၊ဩဂုတ္လတုန္းကနယ္သာလန္နည္းျပရာထူးမွႏုတ္ထြက္ကာဘာစီလိုနာနည္းျပရာထူးကိုရယူခဲ့သူျဖစ္ပါတယ္။သူဟာဘာစီလိုနာကိုကိုင္တြယ္တဲ့၁၄လအတြင္းတြင္ကိုပါဒယ္ေရးဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာနည္းျပသစ္ျဖစ္လာရန္ဂႏၴဝင္ကစားသမားေဟာင္းဇာဗီးကထိပ္ဆုံးမွေရပန္းစားေနပါတယ္။ဘာစီလိုနာနည္းျပအတြက္ေနာက္ထပ္ေရပန္းစားသူကဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္ျဖစ္ပါတယ္။