ရာသီအစအထနှေးလျှင် ချန်ပီယံဆုနှင့်ထပ်ဝေးရမည်ဟုကစားသမားများကို ဆိုးလ်ရှားသတိပေး

အိုလီဂန်းနားဆိုးလ်ရှားကပရီးမီးယားလိဂ်ရာသီအစတွင်အထနှေးပါကပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကဲ့သို့အဖြစ်မျိုးပင်ထပ်ကြုံရဦးမည်ဖြစ်ကြောင်းမန်ယူကစားသမားများကိုသတိပေးပြောကြားလာပါတယ်။

မန်ယူဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကအဖွင့်ပွဲတွင်ခရစ္စတယ်ပဲလေ့စ်ကိုရှုံးနိမ့်ခဲ့တဲ့အပြင်ပထမဆုံးခြောက်ပွဲတွင်သုံးပွဲရှုံးနိမ့်ခဲ့ပါတယ်။ဆိုးလ်ရှားဟာလာမယ့်၂၀၂၁-၂၂ဘောလုံးရာသီတွင်လည်းထပ်မံအထနှေးနေမည်ကိုစိုးရိမ်နေပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာလာမယ့်ဩဂုတ်လ၁၄ရက်နေ့မှာအိမ်ကွင်းမှာလိဒ်ကိုဧည့်ခံကစားပြီးပရီးမီးယားလိဂ်အဖွင့်ပွဲကစားသွားရပါမယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့အနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းကထက်တာထွက်ကောင်းဖို့လိုပါတယ်။ကျွန်တော်တို့ဟာပြီးခဲ့တဲ့ရာသီတုန်းကတာထွက်မကောင်းခဲ့ပါဘူး။အခုတာထွက်ကောင်းဖို့ကအကောင်းဆုံးပါ။ပရီးမီးယားလိဂ်ကပြိုင်ဆိုင်မှုပိုပြီးတော့ပြင်းထန်နေပါတယ်။ပထမဆုံးခြောက်ပွဲ(သို့မဟုတ်)ခုနှစ်ပွဲနဲ့ချန်ပီယံမဖြစ်ဘူးဆိုပေမယ့် တာထွက်မကောင်းရင်တော့လိဂ်မှာအနိုင်ရဖို့အခွင့်အရေးအရမ်းနည်းပါးသွားပါမယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ပေမယ့်ချန်ပီယံမန်စီးတီးနှင့်ရမှတ်၁၂မှတ်အထိကွာဟခဲ့ပါတယ်။

မန်ယူဟာမနေ့ညတုန်းကတိုက်စစ်မှူးဟောင်းဝိန်းရွန်းနီကိုင်တွယ်နေတဲ့ဒါဘီကောင်တီနှင့်ရာသီကြိုခြေစမ်းပွဲအဖွင့်ပွဲကစားခဲ့ရာတွင်၂-၁ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ရာသီအစအထေႏွးလွ်င္ ခ်န္ပီယံဆုႏွင့္ထပ္ေဝးရမည္ဟုကစားသမားမ်ားကို ဆိုးလ္ရွားသတိေပး

အိုလီဂန္းနားဆိုးလ္ရွားကပရီးမီးယားလိဂ္ရာသီအစတြင္အထေႏွးပါကၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကကဲ့သို႔အျဖစ္မ်ိဳးပင္ထပ္ႀကဳံရဦးမည္ျဖစ္ေၾကာင္းမန္ယူကစားသမားမ်ားကိုသတိေပးေျပာၾကားလာပါတယ္။

မန္ယူဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကအဖြင့္ပြဲတြင္ခရစၥတယ္ပဲေလ့စ္ကိုရႈံးနိမ့္ခဲ့တဲ့အျပင္ပထမဆုံးေျခာက္ပြဲတြင္သုံးပြဲရႈံးနိမ့္ခဲ့ပါတယ္။ဆိုးလ္ရွားဟာလာမယ့္၂၀၂၁-၂၂ေဘာလုံးရာသီတြင္လည္းထပ္မံအထေႏွးေနမည္ကိုစိုးရိမ္ေနပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာလာမယ့္ဩဂုတ္လ၁၄ရက္ေန႔မွာအိမ္ကြင္းမွာလိဒ္ကိုဧည့္ခံကစားၿပီးပရီးမီးယားလိဂ္အဖြင့္ပြဲကစားသြားရပါမယ္။

ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔အေနနဲ႔ၿပီးခဲ့တဲ့ရာသီတုန္းကထက္တာထြက္ေကာင္းဖို႔လိုပါတယ္။ကြၽန္ေတာ္တို႔ဟာၿပီးခဲ့တဲ့ရာသီတုန္းကတာထြက္မေကာင္းခဲ့ပါဘူး။အခုတာထြက္ေကာင္းဖို႔ကအေကာင္းဆုံးပါ။ပရီးမီးယားလိဂ္ကၿပိဳင္ဆိုင္မႈပိုၿပီးေတာ့ျပင္းထန္ေနပါတယ္။ပထမဆုံးေျခာက္ပြဲ(သို႔မဟုတ္)ခုႏွစ္ပြဲနဲ႔ခ်န္ပီယံမျဖစ္ဘူးဆိုေပမယ့္ တာထြက္မေကာင္းရင္ေတာ့လိဂ္မွာအႏိုင္ရဖို႔အခြင့္အေရးအရမ္းနည္းပါးသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္တြင္အဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့ေပမယ့္ခ်န္ပီယံမန္စီးတီးႏွင့္ရမွတ္၁၂မွတ္အထိကြာဟခဲ့ပါတယ္။

မန္ယူဟာမေန႔ညတုန္းကတိုက္စစ္မႉးေဟာင္းဝိန္း႐ြန္းနီကိုင္တြယ္ေနတဲ့ဒါဘီေကာင္တီႏွင့္ရာသီႀကိဳေျခစမ္းပြဲအဖြင့္ပြဲကစားခဲ့ရာတြင္၂-၁ဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။