ရာသီအစ ရလဒ်ဆိုးရွားနေတဲ့ အာဆင်နယ်အပေါ် စိတ်ရှည်ပေးကြရန် နည်းစနစ်ဒါရိုက်တာအီဒူးတောင်းဆို

အာဆင်နယ်အားကစားဒါရိုက်တာအီဒူးကအာဆင်နယ်မှာလူစုံတက်စုံဖြင့်ကစားရခြင်းမရှိကြောင်းပြောကြားကာရာသီအစပရီးမီးယားလိဂ်သုံးပွဲဆက်အရှုံးနဲ့ကြုံရမှုအပေါ်အပြစ်တင်မစောကြရန်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်သုံးပွဲဆက်ရှုံးနိမ့်ထားပြီးရဂိုးလည်းတစ်ဂိုးမျှမရှိကာအမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။

အီဒူးက “ဒီအခြေအနေမျိုးကြုံနေရတာနာကျင်ရပါတယ်။ကျွန်တော်တို့နာကျင်ရတယ်။ကျွန်တော်နာကျင်ရတယ်။ဒီအခြေအနေမျိုးနဲ့မမြင်ချင်ပါဘူး။ဒါပေမယ့်ကျွန်တော်ကတော့အသင်းလုံးအတူကစားတာမျိုးမြင်ချင်ပါသေးတယ်။သုံးပွဲကစားပြီးပါပြီ။အသင်းကိုလူစုံတက်စုံနဲ့မမြင်ရသေးပါဘူး။ခေါ်ထားတဲ့ကစားသမားသစ်တွေနဲ့အတူအားလုံးကိုလူစုံတင်စုံမြင်ချင်ပါတယ်။ဘရန့်ဖို့ဒ်၊ချဲလ်ဆီး၊မန်စီးတီးတို့နဲ့ရင်ဆိုင်ခဲ့ရာမှာကိုဗစ်၊ဒဏ်ရာပြဿနာတို့ကြောင့်လူမစုံခဲ့ပါဘူး။တစ်သင်းလုံးလူစုံတက်စုံကစားပြိီးချိန်ကျမှအသင်းကိုအကဲဖြတ်ကြပါ။အခုကျွန်တော်တို့ဟာအရမ်းခက်ခဲတဲ့ကာလသို့ရောက်နေပါပြီ။အပြစ်လွဲချတာတော့မဟုတ်ပါဘူး။ဒါပေမယ့်လူစုံအောင်တော့စောင့်ပေးကြပါ”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဘင်ဝှိုက်၊မာတင်အိုဒီဂတ်၊အေရွန်ရမ်ဒဲလ်၊တိုမီယာစု၊လိုကွန်ဂါနှင့်တာဗာရက်စ်တို့အားခေါ်ယူထားပြီးပရီးမီးယားလိဂ်တွင်ငွေသုံးအများဆုံးကလပ်အဖြစ်ရပ်တည်နေပါတယ်။

ZawGyi

ရာသီအစ ရလဒ္ဆိုး႐ြားေနတဲ့ အာဆင္နယ္အေပၚ စိတ္ရွည္ေပးၾကရန္ နည္းစနစ္ဒါ႐ိုက္တာအီဒူးေတာင္းဆို

အာဆင္နယ္အားကစားဒါ႐ိုက္တာအီဒူးကအာဆင္နယ္မွာလူစုံတက္စုံျဖင့္ကစားရျခင္းမရွိေၾကာင္းေျပာၾကားကာရာသီအစပရီးမီးယားလိဂ္သုံးပြဲဆက္အရႈံးနဲ႔ႀကဳံရမႈအေပၚအျပစ္တင္မေစာၾကရန္ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္သုံးပြဲဆက္ရႈံးနိမ့္ထားၿပီးရဂိုးလည္းတစ္ဂိုးမွ်မရွိကာအမွတ္ေပးဇယားေအာက္ဆုံးမွာရပ္တည္ေနပါတယ္။

အီဒူးက “ဒီအေျခအေနမ်ိဳးႀကဳံေနရတာနာက်င္ရပါတယ္။ကြၽန္ေတာ္တို႔နာက်င္ရတယ္။ကြၽန္ေတာ္နာက်င္ရတယ္။ဒီအေျခအေနမ်ိဳးနဲ႔မျမင္ခ်င္ပါဘူး။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့အသင္းလုံးအတူကစားတာမ်ိဳးျမင္ခ်င္ပါေသးတယ္။သုံးပြဲကစားၿပီးပါၿပီ။အသင္းကိုလူစုံတက္စုံနဲ႔မျမင္ရေသးပါဘူး။ေခၚထားတဲ့ကစားသမားသစ္ေတြနဲ႔အတူအားလုံးကိုလူစုံတင္စုံျမင္ခ်င္ပါတယ္။ဘရန႔္ဖို႔ဒ္၊ခ်ဲလ္ဆီး၊မန္စီးတီးတို႔နဲ႔ရင္ဆိုင္ခဲ့ရာမွာကိုဗစ္၊ဒဏ္ရာျပႆနာတို႔ေၾကာင့္လူမစုံခဲ့ပါဘူး။တစ္သင္းလုံးလူစုံတက္စုံကစားၿပိီးခ်ိန္က်မွအသင္းကိုအကဲျဖတ္ၾကပါ။အခုကြၽန္ေတာ္တို႔ဟာအရမ္းခက္ခဲတဲ့ကာလသို႔ေရာက္ေနပါၿပီ။အျပစ္လြဲခ်တာေတာ့မဟုတ္ပါဘူး။ဒါေပမယ့္လူစုံေအာင္ေတာ့ေစာင့္ေပးၾကပါ”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘင္ဝႈိက္၊မာတင္အိုဒီဂတ္၊ေအ႐ြန္ရမ္ဒဲလ္၊တိုမီယာစု၊လိုကြန္ဂါႏွင့္တာဗာရက္စ္တို႔အားေခၚယူထားၿပီးပရီးမီးယားလိဂ္တြင္ေငြသုံးအမ်ားဆုံးကလပ္အျဖစ္ရပ္တည္ေနပါတယ္။