ရာသီအစ ရလဒ်ဆိုးရွားသော်လည်း နည်းပြဟာဆန်ဟူဆယ်လ်အပေါ်တွင် ဆောက်သမ်တန်အပြည့်အဝယုံကြည်နေဆဲ

ဆောက်သမ်တန်အသင်းဟာရာသီအစရလဒ်ဆိုးရွားသော်လည်းချဲလ်ဆီးကဲ့သို့ နည်းပြအပြောင်းအလဲလုပ်မှုကိုအလျှင်စလိုလုပ်ဆောင်သွားမှာမဟုတ်ဘဲနည်းပြဟာဆန်ဟူဆယ်လ်အပေါ်တွင်အပြည့်အဝယုံကြည်နေဆဲဖြစ်ကြောင်းသိရပါတယ်။

ဆောက်သမ်တန်အသင်းဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲစဉ်၇ပြီးသည်အထိတစ်ပွဲမျှနိုင်ပွဲမရရှိသေးပါဘူး။ဒါပေမယ့်ဆောက်သမ်တန်အမှုဆောင်ချုပ်မာတင်ဆမ်မန်ကဩစတြီးယားလူမျိုးနည်းပြမှာအသင်းရဲ့အခြေအနေကိုအပြောင်းအလဲဖြစ်အောင်လုပ်နိုင်မယ်လို့ယုံကြည်နေတုန်းဖြစ်ပါတယ်။

ဆောက်သမ်တန်တာဝန်ရှိသူများဟာဟာဆန်ဟူဆယ်လ်ရဲ့ဆောက်သမ်တန်ဟာရလဒ်ပိုင်းမကောင်းမွန်သော်လည်းအသင်းရဲ့ခြေစွမ်းပိုင်းမှာကောင်းမွန်နေမှုနဲ့အတူ နည်းပြအပေါ်တွင်ယုံကြည်မှုရှိနေတာလည်းဖြစ်ပါတယ်။

မာတင်ဆမ်မန်က “ကျွန်တော်တို့မှာစီမံကိန်းရှိထားပြီးသားပါ။ချဲလ်ဆီးအသင်းလိုမျိုးနှစ်တိုင်းနည်းပြအပြောင်းအလဲလုပ်၊ကစားသမားအပြောင်းအလဲလုပ်ရင်ဘာမှအောင်မြင်မှုရမှာမဟုတ်ပါဘူး။အောင်မြင်နိုင်တဲ့လမ်းကြောင်းမျိုးလည်းမဟုတ်ပါဘူး။နိုင်ပွဲမရလို့ပျော်နေတဲ့သူမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ဆောက်သမ်တန်ဟာလာမယ့်စနေနေ့တွင်လိဒ်ယူနိုက်တက်ကိုဧည့်ခံကစားရမှာဖြစ်ပြီး အောက်တိုဘာလ၂၃ရက်တွင်လည်းဘန်လေကိုဧည့်ခံကစားရမှာဖြစ်ရာနိုင်ပွဲပြန်လည်တွေ့ရှိလာဖို့ရှိနေပါတယ်။

ZawGyi

ရာသီအစ ရလဒ္ဆိုး႐ြားေသာ္လည္း နည္းျပဟာဆန္ဟူဆယ္လ္အေပၚတြင္ ေဆာက္သမ္တန္အျပည့္အဝယုံၾကည္ေနဆဲ

ေဆာက္သမ္တန္အသင္းဟာရာသီအစရလဒ္ဆိုး႐ြားေသာ္လည္းခ်ဲလ္ဆီးကဲ့သို႔ နည္းျပအေျပာင္းအလဲလုပ္မႈကိုအလွ်င္စလိုလုပ္ေဆာင္သြားမွာမဟုတ္ဘဲနည္းျပဟာဆန္ဟူဆယ္လ္အေပၚတြင္အျပည့္အဝယုံၾကည္ေနဆဲျဖစ္ေၾကာင္းသိရပါတယ္။

ေဆာက္သမ္တန္အသင္းဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲစဥ္၇ၿပီးသည္အထိတစ္ပြဲမွ်ႏိုင္ပြဲမရရွိေသးပါဘူး။ဒါေပမယ့္ေဆာက္သမ္တန္အမႈေဆာင္ခ်ဳပ္မာတင္ဆမ္မန္ကဩစႀတီးယားလူမ်ိဳးနည္းျပမွာအသင္းရဲ႕အေျခအေနကိုအေျပာင္းအလဲျဖစ္ေအာင္လုပ္ႏိုင္မယ္လို႔ယုံၾကည္ေနတုန္းျဖစ္ပါတယ္။

ေဆာက္သမ္တန္တာဝန္ရွိသူမ်ားဟာဟာဆန္ဟူဆယ္လ္ရဲ႕ေဆာက္သမ္တန္ဟာရလဒ္ပိုင္းမေကာင္းမြန္ေသာ္လည္းအသင္းရဲ႕ေျခစြမ္းပိုင္းမွာေကာင္းမြန္ေနမႈနဲ႔အတူ နည္းျပအေပၚတြင္ယုံၾကည္မႈရွိေနတာလည္းျဖစ္ပါတယ္။

မာတင္ဆမ္မန္က “ကြၽန္ေတာ္တို႔မွာစီမံကိန္းရွိထားၿပီးသားပါ။ခ်ဲလ္ဆီးအသင္းလိုမ်ိဳးႏွစ္တိုင္းနည္းျပအေျပာင္းအလဲလုပ္၊ကစားသမားအေျပာင္းအလဲလုပ္ရင္ဘာမွေအာင္ျမင္မႈရမွာမဟုတ္ပါဘူး။ေအာင္ျမင္ႏိုင္တဲ့လမ္းေၾကာင္းမ်ိဳးလည္းမဟုတ္ပါဘူး။ႏိုင္ပြဲမရလို႔ေပ်ာ္ေနတဲ့သူမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ေဆာက္သမ္တန္ဟာလာမယ့္စေနေန႔တြင္လိဒ္ယူႏိုက္တက္ကိုဧည့္ခံကစားရမွာျဖစ္ၿပီး ေအာက္တိုဘာလ၂၃ရက္တြင္လည္းဘန္ေလကိုဧည့္ခံကစားရမွာျဖစ္ရာႏိုင္ပြဲျပန္လည္ေတြ႕ရွိလာဖို႔ရွိေနပါတယ္။