
ဘောလုံးလောကဟာတစ်ကမ္ဘာလုံးဆိုင်ရာပူနွေးမှုကြောင့်ပင်လယ်ရေမျက်နှာပြင်မြှင့်တက်လာမှုရဲ့အကြီးအကျယ်ခြိမ်းခြောက်ခြင်းခံနေရပြီဖြစ်ပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့်အင်္ဂလန်နှင့်ဝေးလ်တို့မှပရော်ဖက်ရှင်နယ်ဘောလုံးကလပ်အားလုံးရဲ့လေးပုံတစ်ပုံရဲ့ဘောလုံးကွင်းတို့ဟာ၂၀၅၀ခုနှစ်တွင်ရေအောက်သို့ရောက်ရှိလာမယ်လို့ကျွမ်းကျင်သူများကခန့်မှန်းလာကြပါတယ်။
ယနေ့ညအစောပိုင်းတုန်းက Sky Sports ကပြသလာတဲ့ မှတ်တမ်းရုပ်ရှင်အရ ဘောလုံးကလပ်များဟာရာသီဥတုဖောက်ပြမှုရဲ့ဒဏ်ကိုအကြီးအကျယ်ခံလာရတော့မှာဖြစ်ကြောင်းသိရပါတယ်။
အထက်ပါမှတ်တမ်းရုပ်ရှင်အရ ပရီးမီးယားလိဂ်ကလပ်များထဲမှ ဝက်စ်ဟမ်း၊ဖူလ်ဟမ်နှင့်ချဲလ်ဆီးတို့ရဲ့ဘောလုံးကွင်းတို့မှာလာမယ့်၂၈နှစ် ၂၀၅၀ခုနှစ်တွင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့်ရေအောက်ထဲသို့ရောက်လာမှာဖြစ်ကြောင်းသိရပါတယ်။
ဒါ့အပြင်ကျွမ်းကျင်သူများကအင်္ဂလိပ်အဆင့်မြင့်တန်း လေးခုရဲ့လေးပုံတစ်ပုံရဲ့ကွင်းများဟာလည်းပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဘောလုံးပွဲများလက်ခံကျင်းပရန်ခက်ခဲလာမည်ဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။
ZawGyi
ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ၂၀၅၀ ခုႏွစ္တြင္ ေရေအာက္သို႔ ေရာက္သြားမယ့္ စတမ္းဖို႔ဒ္ဘရစ္ခ်္
ေဘာလုံးေလာကဟာတစ္ကမာၻလုံးဆိုင္ရာပူေႏြးမႈေၾကာင့္ပင္လယ္ေရမ်က္ႏွာျပင္ျမႇင့္တက္လာမႈရဲ႕အႀကီးအက်ယ္ၿခိမ္းေျခာက္ျခင္းခံေနရၿပီျဖစ္ပါတယ္။
ရာသီဥတုေဖာက္ျပန္မႈေၾကာင့္အဂၤလန္ႏွင့္ေဝးလ္တို႔မွပေရာ္ဖက္ရွင္နယ္ေဘာလုံးကလပ္အားလုံးရဲ႕ေလးပုံတစ္ပုံရဲ႕ေဘာလုံးကြင္းတို႔ဟာ၂၀၅၀ခုႏွစ္တြင္ေရေအာက္သို႔ေရာက္ရွိလာမယ္လို႔ကြၽမ္းက်င္သူမ်ားကခန႔္မွန္းလာၾကပါတယ္။
ယေန႔ညအေစာပိုင္းတုန္းက Sky Sports ကျပသလာတဲ့ မွတ္တမ္း႐ုပ္ရွင္အရ ေဘာလုံးကလပ္မ်ားဟာရာသီဥတုေဖာက္ျပမႈရဲ႕ဒဏ္ကိုအႀကီးအက်ယ္ခံလာရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
အထက္ပါမွတ္တမ္း႐ုပ္ရွင္အရ ပရီးမီးယားလိဂ္ကလပ္မ်ားထဲမွ ဝက္စ္ဟမ္း၊ဖူလ္ဟမ္ႏွင့္ခ်ဲလ္ဆီးတို႔ရဲ႕ေဘာလုံးကြင္းတို႔မွာလာမယ့္၂၈ႏွစ္ ၂၀၅၀ခုႏွစ္တြင္ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္မႈေၾကာင့္ေရေအာက္ထဲသို႔ေရာက္လာမွာျဖစ္ေၾကာင္းသိရပါတယ္။
ဒါ့အျပင္ကြၽမ္းက်င္သူမ်ားကအဂၤလိပ္အဆင့္ျမင့္တန္း ေလးခုရဲ႕ေလးပုံတစ္ပုံရဲ႕ကြင္းမ်ားဟာလည္းပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္မႈေၾကာင့္ ေဘာလုံးပြဲမ်ားလက္ခံက်င္းပရန္ခက္ခဲလာမည္ျဖစ္ေၾကာင္းသုံးသပ္ေနၾကပါတယ္။