ရိန်းဂျားကို ၇-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ချန်ပီယံလိဂ်သမိုင်းတွင် အမြန်ဆုံးဟက်ထရစ်သွင်းယူခဲ့တဲ့ ဆာလက်

မိုဟာမက်ဆာလက်ဟာ Ibroxတွင်ရိန်းဂျားကိုလီဗာပူးက၇-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ချန်ပီယံလိဂ်သမိုင်းတွင်အမြန်ဆုံးဟက်ထရစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

မိုဟာမက်ဆာလက်ဟာဂလက်စကိုတွင်၇-၁ဂိုးဖြင့်အောင်ပွဲဆင်နိုင်အောင် လူစားဝင်ရောက်လာပြီးနောက်၆မိနစ်နှင့်၁၂စက္ကန့်တွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးဟာစကော့အာဖီးလ်ရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့ ချက်ချင်းဆိုသလိုရောဘတ်တိုဖာမီနိုကထောင့်ကန်ဘောကနေခေါင်းတိုက်ကာပြန်လည်ချေပခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာဒုတိယပိုင်းတွင်လီဗာပူးအတွက်ဒုတိယဂိုးသွင်းခဲ့ပြီးဒါဝင်းနူနက်ဇ်ကတတိယဂိုးသွင်းယူခဲ့ပါတယ်။

ယင်းနောက်ကလော့ပ်ဟာပွဲကိုအကြီးအကျယ်ပြောင်းလဲလာစေမဲ့ အပြောင်းအလဲလုပ်မှုအဖြစ်ဆာလက်ကိုအပါအဝင် ကစားသမားလေးဦးအပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

အီဂျစ်စူပါစတားဟာလူစားဝင်ရောက်လာပြီးနောက်၆မိနစ်နှင့်၁၂စက္ကန့်အတွင်းမှာဟက်ထရစ်သွင်းယူခဲ့ပြီးလီဗာပူးအတွက်အပိတ်ဂိုးကိုအီလီယော့ကသူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ဂိုးကိုသွင်းယူခဲ့ပါတယ်။

မိုဟာမက်ဆာလက်ဟာချန်ပီယံလိဂ်သမိုင်းတွင်အမြန်ဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်သမိုင်းတွင်အင်္ဂလိပ်ကလပ်တစ်ခုအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ်လည်း၃၉ဂိုးဖြင့်မှတ်တမ်းရေးထိုးလာနိုင်ခဲ့ပါတယ်။ယခင်ကအင်္ဂလိပ်ကလပ်တစ်ခုတည်းအတွက်ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ချဲလ်ဆီးအတွက်ဒရော့ဘာက၃၆ဂိုးသွင်းပြီးရပ်တည်ခဲ့တာဖြစ်ပါတယ်။

ZawGyi

ရိန္းဂ်ားကို ၇-၁ ဂိုးျဖင့္ အႏိုင္ရတဲ့ပြဲတြင္ ခ်န္ပီယံလိဂ္သမိုင္းတြင္ အျမန္ဆုံးဟက္ထရစ္သြင္းယူခဲ့တဲ့ ဆာလက္

မိုဟာမက္ဆာလက္ဟာ Ibroxတြင္ရိန္းဂ်ားကိုလီဗာပူးက၇-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ခ်န္ပီယံလိဂ္သမိုင္းတြင္အျမန္ဆုံးဟက္ထရစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

မိုဟာမက္ဆာလက္ဟာဂလက္စကိုတြင္၇-၁ဂိုးျဖင့္ေအာင္ပြဲဆင္ႏိုင္ေအာင္ လူစားဝင္ေရာက္လာၿပီးေနာက္၆မိနစ္ႏွင့္၁၂စကၠန႔္တြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးဟာစေကာ့အာဖီးလ္ရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့ ခ်က္ခ်င္းဆိုသလိုေရာဘတ္တိုဖာမီႏိုကေထာင့္ကန္ေဘာကေနေခါင္းတိုက္ကာျပန္လည္ေခ်ပခဲ့ပါတယ္။

ဘရာဇီးတိုက္စစ္မႉးဟာဒုတိယပိုင္းတြင္လီဗာပူးအတြက္ဒုတိယဂိုးသြင္းခဲ့ၿပီးဒါဝင္းႏူနက္ဇ္ကတတိယဂိုးသြင္းယူခဲ့ပါတယ္။

ယင္းေနာက္ကေလာ့ပ္ဟာပြဲကိုအႀကီးအက်ယ္ေျပာင္းလဲလာေစမဲ့ အေျပာင္းအလဲလုပ္မႈအျဖစ္ဆာလက္ကိုအပါအဝင္ ကစားသမားေလးဦးအေျပာင္းအလဲျပဳလုပ္ခဲ့ပါတယ္။

အီဂ်စ္စူပါစတားဟာလူစားဝင္ေရာက္လာၿပီးေနာက္၆မိနစ္ႏွင့္၁၂စကၠန႔္အတြင္းမွာဟက္ထရစ္သြင္းယူခဲ့ၿပီးလီဗာပူးအတြက္အပိတ္ဂိုးကိုအီလီေယာ့ကသူ႔ရဲ႕ပထမဆုံးခ်န္ပီယံလိဂ္ဂိုးကိုသြင္းယူခဲ့ပါတယ္။

မိုဟာမက္ဆာလက္ဟာခ်န္ပီယံလိဂ္သမိုင္းတြင္အျမန္ဆုံးဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္သမိုင္းတြင္အဂၤလိပ္ကလပ္တစ္ခုအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ကစားသမားအျဖစ္လည္း၃၉ဂိုးျဖင့္မွတ္တမ္းေရးထိုးလာႏိုင္ခဲ့ပါတယ္။ယခင္ကအဂၤလိပ္ကလပ္တစ္ခုတည္းအတြက္ခ်န္ပီယံလိဂ္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ ခ်ဲလ္ဆီးအတြက္ဒေရာ့ဘာက၃၆ဂိုးသြင္းၿပီးရပ္တည္ခဲ့တာျဖစ္ပါတယ္။