ရိန်းဂျားစတားကီမားရဲ့ကွန်ဖူးကစ်ကြောင့် စိုးရိမ်စရာဖြစ်ခဲ့တဲ့ဆလားဗီးယားပရက်ဂိုးသမား

ဆလားဗီးယားပရက်ဂိုးသမားအွန်ဒရီကိုလာဟာရိန်းဂျားမှကီမားရိုးဖီရဲ့ကွန်ဖူးကစ်ကြောင့်ကြောက်စရာကောင်းတဲ့မျက်နှာတွင်ဆိုးရွားတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ညကကစားခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်တွင်ကိုလာဟာအမြင့်ဘောအားဖမ်းရန်ကြိုးပမ်းခဲ့ပြီးရိုးဖီကလည်းခြေထောက်အမြင့်ခုန်ကန်ခဲ့ပါတယ်။ဒါပေမယ့်ရိုးဖီရဲ့ခြေထောက်ဟာဂိုးသမားကိုလာရဲ့မျက်နှာပြင်ဘယ်ခြမ်းကိုထိထိမိမိကန်ခဲ့မိပါတယ်။

ရိုးဖီဟာယင်းဖြစ်ရပ်အတွက်ချက်ချင်းပင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။တစ်ဖက်မှာကိုလာဟာ လည်းမျက်နှာမှာပြတ်ရှဒဏ်ရာနှစ်ခုအထိရရှိခဲ့ပါတယ်။ကိုလာဟာလည်းချက်ချင်းပင်လူစားလဲခဲ့ရပါတယ်။

ဆလားဗီးယားပရက်ဟာရိန်းဂျားကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၃-၁ဖြင့်ယူရိုပါလိဂ်နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့ပါတယ်။

ZawGyi




